Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၇)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၇)

သည်းခံ၍ စောင့်မျှော်ခြင်း

ထို့ကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက်စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုးဃ်ကို ရသည်တိုင်အောင်၊ အဘိုးထိုက်သောမြေအသီးကို သည်းခံလျက်စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာ တော်မူသောအချိန်ရောက်လုနီးပြီ။

(ယာကုပ် ၅း၇-၈)

 

ထို့ကြောင့်၊…သည်းခံလျက်စောင့်နေကြလော့

၁။ “ထို့ကြောင့်” သည် –

က။ အထက်ဖော်ပြပြီးသောအကြောင်းနှင့် ယခုလက်ရှိဖော်ပြမည့်အကျိုးတို့ကို ဆက်စပ်ပေးသည်။
ခ။ မိမိတို့၏ စိတ်အလိုကို လိုက်၍ အပျော်ကျူးခြင်း၊ ဖြောင့်မတ်သောသူကို သတ်ပစ်ခြင်းသည် သခင်ခရစ်တော်၏ နည်းဥပဒေသနှင့်
ဆန့်ကျင်သည်။(ယာကုပ် ၅း၅-၆၊ ယှဉ်ကြည့်ရန် ၁ ပေ ၂း၂၁-၂၃)

၂။ ထိုအကြောင်းကြောင့် ယုံကြည်သူများသည် ဆက်လက်သည်းခံလျက်နေရမည်။

က။ သခင်ဘုရား (ခရစ်တော်ယေရှု) ဒုတိယအကြိမ်ကြွလာသည်တိုင်အောင် သည်းခံရမည်။
ခ။ သခင်ခရစ်တော်ပြန်ကြွလာသည့်တိုင်အောင် သည်းခံလျက်စောင့်နေရမည်။

၃။ သည်းခံလျက်စောင့်နေ (ဂရိ – makrothumeo) သည် –

က။ ဆင်းရဲခံ၍ စောင့်နေသည်၊
ခ။ ဇွဲလုံ့လဝီရိယနှင့်တကွ စောင့်နေသည်၊
ဂ။ ကြာရှည်စွာ ဒုက္ခခံသည်၊ စသည်တို့ဖြစ်သည်။
ယုံကြည်သူများသည် သခင်ခရစ်တော်ကြွလာသည့်တိုင်အောင် (အဆုံးထိ) ဒုက္ခဆင်းရဲခံ၍ ကြံ့ကြံ့ခံစောင့်မျှော်နေရမည်။

 

အကယ်၍ လယ်လုပ်သောသူသည်…သည်းခံလျက်စောင့်နေ၍ မြော်လင့်တတ်၏
၁။ သခင်ခရစ်တော်၏ ကြွလာသည့်တိုင်အောင် အဘယ်သို့ စောင့်ရမည်နည်း။
၂။ လယ်လုပ်သောသူက မြေအသီးကို စောင့်သကဲ့သို့ စောင့်မျှော်နေရမည်။
၃။ လယ်သမားသည် –

က။ မိုးဦးကျချိန်ကစ၍ အသီးအနှံများကို စိုက်ပျိုးရသည်။
ခ။ အသီးအနှံများ ရိတ်သိမ်းချိန် မိုးနှောင်းကျသည့်တိုင်အောင် စောင့်ဆိုင်းရသည်။

၄။ အသီးအနှံများသည် တန်ဖိုးကြီးသောမြေသီးများ ဖြစ်ကြသည်။ ထို့ကြောင့် လယ်လုပ်သောသူသည် –

က။ ကြီးမားသောမျှောင်လင့်ချက်နှင့်အတူ စိုက်ပျိုးရသည်။
ခ။ ဒုက္ခဆင်းရဲခံပြီး လယ်လုပ်ငန်းကို လုပ်ဆောင်ရသည်။
ဂ။ စိတ်ရှည်သည်းခံ၍ အသီးအပွင့်များကို ရိတ်သိမ်းရန် စောင့်မျှော်ရသည်။

၅။ သည်းခံလျက်စောင့်နေ၍ မျှော်လင့် (ဂရိ-နိုနခ့သာငေ) သည် –

က။ နု (မှ) +dechomai (ရရှိသည်) တို့ပေါင်းစပ်ထားသည်။
ခ။ “တစ်စုံတစ်ရာမှ (တစ်စုံတစ်ဦး)ထံမှ ရရှိသည်” ဟု ဆိုရမည်။
ဂ။ လယ်လုပ်သောသူသည် မိမိကိုယ်တိုင် စိုက်ပျိုးသောအရာမှ ထွက်လာမည့် အကျိုးအမြတ်ကို ရရှိရန် (ရိတ်သိမ်းရန်) စောင့်နေ
သူဖြစ်သည်။
ဃ။ တစ်နည်းအားဖြင့်ဆိုသော်၊ လယ်လုပ်သောသူသည် ကျိန်းသေသောအကျိုးအမြတ်ကို စောင့်မျှော်နေရသည်။

၆။ လယ်လုပ်သောသူနည်းတူ၊ ယုံကြည်သူတို့သည်လည်း သခင်ဘုရားထံတော်မှ ရရှိမည့်ဆုလာဒ်များကို မျှော်လင့်လျက် လက်ရှိဒုက္ခဆင်းရဲခြင်းကို ကြံ့ကြံ့ခံနိုင်ရမည် ဖြစ်သည်။

 

သင်တို့သည်လည်း သည်းခံလျက်စောင့်နေကြလော့…
၁။ ယုံကြည်သူတို့သည်လည်း (လယ်လုပ်သောသူကဲ့သို့) –

က။ စိတ်ရှည်၍ သည်းခံနိုင်ရမည်။
ခ။ စိတ်ရှည်၍ စောင့်မျှော်နေရမည်။

၂။ ထို့အပြင် ယုံကြည်သူတို့သည် –

က။ မိမိတို့၏ စိတ်နှလုံးကို မြဲမြံစေကြရမည်။
ခ။ မိမိတို့၏ စိတ်နှလုံးကို ခိုင်ခံ့စေကြရမည်။
ဂ။ မိမိတို့၏ စိတ်နှလုံးကို ပို၍သန်မာလာစေကြရမည်။

၃။ ယုံကြည်သူ ညီအစ်ကိုတို့သည် ဆက်လက်၍ သည်းခံလျက် အသက်ရှင်ရမည်။

က။ ခရစ်တော်သည် အမှန်ကြွလာမည်။
ခ။ သခင်ယေရှုသည် မကြာမီ ကြွလာတော့မည်။
ဂ။ သခင်ဘုရား၏ ဒုတိယကြွလာချိန် ရောက်လုနီပြီ။

၄။ သခင်ခရစ်တော်ပြန်ကြွလာသည့်တိုင်အောင် –

က။ ဆက်လက် ယုံကြည်ကြစို့။ (လုကာ ၁၈း၈)
ခ။ ဆက်လက် သစ္စာရှိကြစို့။
ဂ။ ဆက်လက် တည်ကြည်ကြစို့။ (မာကု ၁၃း၁၃)