Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၅)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၅)

 

ဆန့်ကျင်ဘက် သက်သေများ

ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေး
သည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်
တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်
ကာလအဘို့ ဘဏ္ဍာကို ဆည်းဖူးကြပြီတကား။ နား
ထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်
စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည်
ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်း
အသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ
ဘုရား၏နားတော်ထဲသို့ ဝင်လေပြီ။

(ယာကုပ် ၅း၃-၄)

 

ရွှေငွေလည်း အချေးတက်၍…

၁။ စုဆောင်းနိုင်ခြင်းသည် ချမ်းသာကြွယ်ဝခြင်းအတွက် အရေးပါသော အချက်ဖြစ်သည်။
၂။ သို့သော် စုဆောင်းနိုင်ခြင်းထက် စုဆောင်းတတ်ခြင်းသည် သာ၍ လိုအပ်သည်။
၃။ အချို့သော သူဌေးတို့သည် –

က။ ရွှေငွေများကို စုဆောင်း၍ သိုထားကြသည်။
ခ။ အချိန်ကြာမြင့်စွာ မသုံးဘဲသိုထားသောကြောင့် ထိုရတနာတို့သည် သံချေးတက်၍ ပျက်စီးကြသည်။“
ဂ။ ယင်းသည် မှန်ကန်သော စုဆောင်းမှုကို မပြုကြသောကြောင့်ဖြစ်သည်။

ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍…

၁။ ထိုသို့ သံချေးတက်သောအရာတို့သည် သူဌေးတို့ကို ဆန့်ကျင်၍သက်သေခံနေကြသည်။
၂။ ထိုသံချေးသည် သူဌေးတို့ကို ဆန့်ကျင်၍ အဘယ်သို့ သက်သေခံမည်နည်း။ ရွှေငွေတို့ကို ဖျက်ဆီးနေသော သံချေးတို့သည် သူဌေးတို့ကို ဆန့်ကျင်လျက် –

က။ လောကစည်းစိမ်ကို အလွန်မက်မောသည်ဟု လည်းကောင်း၊
ခ။ မမြဲသောလောကဘဏ္ဍာကိုသာ ဆည်းဖူးသည်ဟု လည်းကောင်း။ (မဿဲ ၆း၂၄)
ဂ။ စည်းစိမ်ရတတ်ခြင်းအစွမ်းကို ဘုရားသခင်ပေးတော်မူသည်ကို မေ့သည်ဟု လည်းကောင်း (တရား ၈း၁၈)၊ စသည်ဖြင့် သက်သေ
ခံနေမည်။

၃။ ထိုသံချေးတက်နေသာ ရွှေငွေတို့သည်

က။ မီးကဲ့သို့ အသားကို စားလိမ့်မည်။
ခ။ မီးကဲ့သို့ ပိုင်ရှင်တို့၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိခိုက်လာလိမ့်မည်။
၄။ နောက်ဆုံးသော ကာလ၌ အကျိုးကို ရိတ်ရမည့် လောကဘဏ္ဍာဆည်ပူးခြင်းသာ ဖြစ်သည်။

 

နားထောင်ကြ၊ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကိုလှည့်စား၍…

၁။ “နားထောင်ကြ” သည် အသေအချာ နားထောင်ပေးရန် သတိပေးချက် ဖြစ်သည်။
၂။ မထင်မမှတ်သော အမှုကို ဘုရားသခင်ဖော်ပြတော့မည် ဖြစ်သောကြောင့် နားထောင်စေသည်။
၃။ ချမ်းသာသောသူတို့သည် –

က။ ရွှေငွေတို့ကို အလွန်အကျွံ စုဆောင်းသိုလှောင်ထားသည်သာမက၊
ခ။ အလုပ်သမားများ၏ လုပ်အားခကိုလည်း ရိုက်စားတတ်ကြသည်။

၄။ အလုပ်သမားများကို လှည့်စား၍ အခမပေးဘဲနေသောအခါ၊ ထိုအခ
သည် –

က။ ထိုအခသည် လုပ်ငန်းရှင်သူဌေးတို့ကို ဆန့်ကျင်၍ ကြွေးကြော်သည်။
ခ။ အလုပ်သမားတို့၏ အော်ဟစ်သံသည်လည်း ဘုရားသခင်၏နားတော်ထဲသို့ ရောက်လေသည်။ (ယှဉ်ကြည့်ရန်- ထွက် ၂း၂၃-၂၅)

၅။ ဘုရားသခင်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဖြစ်တော်မူသည်။ ထာဝရဘုရားသခင်သည် –

က။ တန်ခိုးကြီးသောသူ၊
ခ။ ထာဝရအစိုးရသောသူ (ဆာလံ ၉၃၊ ၉၇၊ ၉၉) စသည်တို့ဖြစ်သည်။

၆။ ထာဝရဘုရားသခင်သည် အလုပ်သမားတို့၏ အော်ဟစ်သံကို –

က။ အမှန်အကန် ထူးတော်မူလိမ့်မည်။
ခ။ ကြီးသောခွန်အားဖြင့် ထူးတော်မူလိမ့်မည်။
ဂ။ မစသောသူတို့ကို စေလွှတ်ခြင်းဖြင့် ကယ်တင်တော်မူလိမ့်မည်။