Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၄)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၄)

 

ပျက်စီးလျက်ရှိသော လောကစည်းစိမ်

အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ။ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝဒနာ ကြောင့် ငို
ကြွေးအော်ဟစ်ကြ။ သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်ပစ်လျက်ရှိ၏။ အဝတ်ကိုလည်းပိုးကိုက်စားလေပြီ။

(ယာကုပ် ၅း၁-၂)

 

အချင်းသူဌေး…
၁။ “အချင်းသူဌေး၊ သူကြွယ်တို့” သည် –

က။ ချမ်းသာသောသူတို့၊
ခ။ ဥစ္စာပစ္စည်းကြွယ်ဝသောသူတို့ကို ဆိုလိုသည်။

၂။ ပိုင်ဆိုင်ထားသော စည်းစိမ်သည် –

က။ ကယ်တင်ခြင်း မပေးနိုင်။
ခ။ ကယ်တင်ခြင်း ရရှိရန် ပို၍ ခက်ခဲစေသည်။ (မဿဲ ၁၉း၂၃-၂၆)

၃။ ချမ်းသာသောသူတို့သည် အမင်္ဂလာရှိကြသည်။ (လုကာ ၆း၂၄)
အကြောင်းရင်းမှာ

က။ သူတို့သည် လက်ရှိအချိန်၌ သက်သာခြင်းရရှိပြီး ဖြစ်ကြသည်။
ခ။ သူတို့သည် နောင်ကာလ၌ ဆင်းရဲဒုက်္ခဝေဒနာ ခံစားကြ ဦးမည် ဖြစ်သည်။ (လုကာ ၁၈း၁၈-၂၃)

– ကယ်တင်ခြင်း မရရှိသောကြောင့် ဆင်းရဲခြင်း၊
– စည်းစိမ် ဥစ္စာကို မစွန့်နိုင်သောကြောင့် ဆင်းရဲခြင်း၊
– ငွေသာလျှင် ရတတ်၍၊ ယုံကြည်ခြင်းရတနာကို မရတတ်ခြင်းကြောင့် ဆင်းရဲခြင်း စသည်တို့ ဖြစ်သည်။

၄။ ဤအချက်များကြောင့်၊ သူဌေးတို့သည် ယခုလက်ရှိအချိန်၌ ငိုကြွေးအော်ဟစ်ကြရမည်။
သင်တို့ ဥစ္စာပစ္စည်းသည်…

၁။ သူတို့ပိုင်ဆိုင်သော –

က။ ပစ္စည်းများ၊
ခ။ အဝတ်အစားများသည် ပျက်စီးကြသည်။

၂။ သူတို့ပိုင်ဆိုင်သမျှသော အရာတို့သည် –

က။ ပုပ်ပျက်ကြသည်။
ခ။ ပိုးကိုက်စားခြင်းခံရကြသည်။

၃။ လောကီစည်းစိမ်တို့သည် အချည်းနှီးသာဖြစ်ကြသည်။ တည်မြဲသည် မရှိ။
၄။ သခင်ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း သွန်သင်ခဲ့သည်။

သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီး
ပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွ မဖျက်ဆီး
၍ သူခိုး မထွင်းမဖေါက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။ (မဿဲ ၆း၂၄)

 

လောကစည်းစိမ်တို့ မတည်မြဲသည့်သဘော

၁။ “ပုပ်စပ်လျက်ရှိသည်” နှင့် “ပိုးကိုက်စားလေပြီ” တို့သည် perfect tense (လက်ရှိအချိန်၌ ဖြစ်ပြီးသော ကာလပြ) ဖြင့် ရေးသားထားသည်။
၂။ လောကစည်းစမ်တို့သည် အတိတ်တစ်ချိန်ကတည်းက ပျက်စီးပြီး ယခုလက်ရှိအချိန်ထိတိုင် ပျက်စီးခြင်းအကျိုးသက်ရောက်လျှက် ရှိနေသည်။
၃။ ချမ်းသာသောသူသည် ပျက်ဆီးနေသော ပစ်္စည်းဥစ်္စာများကို လက်ရှိပိုင်ဆိုင်သောသူ ဖြစ်သည်။
၄။ ထို့အပြင် ဤလောကီစည်းစမ်တို့သည် မြေကြီးဘဏ္ဍာဖြစ်သောကြောင့် တစ်နေ့ လုံး၀ ပျက်စီၤးမည်ဖြစ်သည်။ လောကစည်းစိမ်တို့၏ မတည်မြဲခြင်းသည်သာ တည်မြဲနေသည် ဟုဆိုရပေမည်။ ယင်းအချက်သည်လည်း ချမ်းသာသောသူတို့ထံ ကျရောက်မည့် ဝေဒနာ အစိတ်အပိုင်း ဖြစ်သည်။