Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၂)

 

 

ထာဝရဘုရားသခင်ကို မှီခိုခြင်း

ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့ ဟု သင်တို့ ဆိုသင့်ရာဖြစ်သည်။ ယခု သင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သော ဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။

(ယာကုပ် ၄း၁၅-၁၆)

 

ထာဝရဘုရားသခင်ကို မှီခိုသောသူ
၁။ ထောင်လွှားသောသူနှင့် လုံး၀ မတူဘဲ၊ ထာဝရဘုရားသခင်ကို မှီုခိုသော
သူသည် –

က။ ထာဝရဘုရားသခင်၏ အလိုတော်ကို ဦးထိပ်ထားသည်။
ခ။ ထာဝရဘုရားသခင်၏ အလိုတော်ကို အခြေခံ၍ စီမံကိန်းချသည်။
ဂ။ ထာဝရဘုရားသခင်၏ အလိုတော်ကို ရှေးတန်းတင်ပြီး လိုအင်ဆန္ဒပြုသည်။

၂။ ထို့ကြောင့် ထာဝရဘုရားကို မှီခိုသောသူသည် –

က။ မိမိအသက်ကို မိမိကိုယ်တိုင်က မပိုင်၊ အစိုးမရသည်ကို သိသည်။
ခ။ ဘုရားသခင်အလိုရှိမှသာ ဆက်လက်ရှင်သန်ရမည်ကို သိသည်။
ဂ။ ဘုရားသခင်အလိုတော်ရှိမှသာ စီမံကိန်း၊ အကြံအစည် စသည်တို့ ထမြောက်နိုင်သည်ကိုလည်း သိသည်။

 

မိမိထောင်လွှားခြင်း၌ ဝါကြွားခြင်း မပြုတတ်

၁။ ထောင်လွှားသောသူသည် မိမိထောင်လွှားခြင်းအမှု၌ ဝါကြွားတတ်သည်။
၂။ ယာကုပ် ၄း၁၃-၁၄ ၌ ထောင်လွှားခြင်းအမှု၌ ဝါကြွားနေသောသူတို့ကို တွေ့ရသည်။
၃။ ထာဝရဘုရားသခင်ကို မှီခိုသောသူသည်

က။ ထောင်လွှားခြင်းအမှု မပြုတတ်။
ခ။ မိမိအကြံအစည်တို့၌ ဝါကြွားခြင်း မပြုတတ်။

၄။ အကြောင်းမူကား ထာဝရဘုရားသခင်ကို မှီခိုသောသူသည် ထောင်လွှားခြင်းအမှု၌ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်သည်ကို သိသည်။
၅။ ဤသူသည် ထာဝရဘုရားသခင်ကို မှီခိုသောသူ ဖြစ်သည်။