Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၁)

 

ထောင်လွားခြင်း လက္ခဏာ

ယနေ့နက်ဖြန် ဤမည်သောမြို့သို့သွားကြကုန်အံ့၊ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင်
ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိ
ကြ၊ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။

(ယာကုပ် ၄း၁၃-၁၄)

 

ထောင်လွှားသောသူ

၁။ ထောင်လွှားသောသူသည် =

က။ မိမိအလိုအတိုင်း ကြံစည်သည်။
ခ။ မိမိဆန္ဒအတိုင်း စီမံကိန်းချသည်။

၂။ ထောင်လွှားသောသူသည် –

က။ ဘယ်နေ့ဘယ်ချိန်၌ အဘယ်မည်သောနေရာသို့ သွားမည်၊
ခ။ အဘယ်မည်သော စီးပွားကို လုပ်မည်၊
ဂ။ အဘယ်မျှလောက်သော အကျိုးအမြတ်ကို ရအောင်ရှာမည်ဟု ဆိုတတ်ကြသည်။

၃။ တစ်နည်းအားဖြင့်ဆိုသော်၊ ထောင်လွှားသောသူသည် –

က။ မိမိဘဝကို ပိုင်စိုးသကဲ့သို့ ကြံစည်တတ်သည်။
ခ။ အနာဂတ်ကို ကြိုသိထားသကဲ့သို့ စီမံကိန်းချတတ်သည်။
ဂ။ အချိန်နာရီတို့ကို ဆုပ်ကိုင်ထားသကဲ့သို့ စိတ်ကူးတတ်သည်။
ဃ။ ဘုရားသခင်ကို မိမိ၏စိတ်နှလုံးအတွင်းမှ ပယ်ထုတ်တတ်သည်။
ဤသည်ကား ထောင်လွှားခြင်း လက္ခဏာ ဖြစ်သည်။

 

နားထောင်၍ သတိပြုအပ်သော အမှန်တရား

၁။ ထောင်လွှားသောသူသည် အောက်ဖော်ပြပါစကားကို နားထောင်၍ –

က။ ကြားနားခွင့် ရှိသေးသည်။
ခ။ နားလည်ခံယူခွင့် ရှိသေးသည်။
ဂ။ ပြောင်းလဲခွင့် ရှိသေးသည်။

၂။ ထောင်လွှားသောသူ သတိပြုအပ်သော အမှန်တရားမှာ –

က။ မနက်ဖြန် ဘာဖြစ်မည်ကို အဘယ်သူမျှ မသိ။
ခ။ မိမိတို့အသက်သည်လည်း အဘယ်သို့ ဖြစ်မည်ကို မည်သူမျှ မသိ။
ဂ။ မိမိတို့အသက်တစ်ချောင်းသည် ခဏသာထင်ရှားပြီး ကွယ်ပျောက်တတ်သော မီးခိုးအငွေ့ဖြစ်သည်။

၃။ ဤအမှန်တရားနှင့် စပ်လျဉ်းပြီး သခင်ယေရှုသည် မိုက်မဲသောသူဌေး ဥပမာပေးခဲ့သည်။ (လုကာ ၁၂း၁၆-၂၁)