Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၀)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၄၀)

 

တရားကို အစိုးရသောသူ

ညီအစ်ကိုတို့၊ အချင်းချင်း တယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကို မပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌ အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌ အပြစ်ရှိသည်ဟု စီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရား
ကိုစစ်ကြောစီရင်သောသူဖြစ်၏။ ပညတ်တရားကိုထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူတပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။

(ယာကုပ် ၄း၁၁-၁၂)

 

တရား
၁။ တရားဟူသည်မှာ ပညတ်ကို ဆိုလိုသည်။
၂။ ထို့ကြောင့် တရားသည် –

က။ ဘုရားသခင်ပေးသနားတော်မူသော ပညတ်ချက်များ၊
ခ။ သခင်ခရစ်တော်၏ မိန့်မှာချက်များ၊
ဂ။ သမ္မာကျမ်းစာ၏ သွန်သင်ချက်များ စသည်တို့ဖြစ်သည်။

 

တရားကိုမကျင့်သောသူ
၁။ အချင်းချင်း ကဲ့ရဲ့တတ်ကြသည်။
၂။ တစ်ယောက်ကိုတစ်ယောက် အပြစ်ရှိသည်ဟု စီရင်တတ်ကြသည်။
၃။ ထိုသို့ ယုံကြည်သူအချင်းချင်း ကဲ့ရဲ့ပြစ်တင်ခြင်းသည်

က။ တရားကို ကဲ့ရဲ့ခြင်းဖြစ်သည်။
ခ။ တရားကို စစ်ကြောစီရင်ခြင်း ဖြစ်သည်။
ဂ။ တရားကို မကျင့်ခြင်းပင် ဖြစ်သည်။

၄။ ဤသူသည် တရားကို မကျင့်သောသူ ဖြစ်သည်။

 

တရားကိုကျင့်သောသူ
၁။ တရားသည် ကျင့်ရမည့်အရာ ဖြစ်သည်။
၂။ ဘုရားသခင်သည် အကျွန်ုပ်တို့၏ ကောင်းစားရေးအတွက် တရားများကို ပေးသနားတော်မူသည်။ (ထွက် ၁၂း၁၀-၁၁)
၃။ တရားကို ကျင့်သောသူသည် –

က။ ယုံကြည်သူညီအစ်ကိုတို့ကို ကဲ့ရဲ့ခြင်း မပြု။
ခ။ ယုံကြည်သူညီအစ်ကိုတို့ကို ကဲ့ရဲ့၍ အပြစ်စီရင်ခြင်း မပြု။
ဂ။ တရားကိုလည်း မည်သည့်အခါမှ စစ်ကြောစီရင်ခြင်း မပြု။
ဃ။ တရားအတိုင်း မိမိအသက်တာကို ပြုပြင်နေမည် ဖြစ်သည်။ (၁း ၂၂-၂၅)

၄။ ထိုသူသည် တရားကို ကျင့်သောသူ ဖြစ်သည်။

 

တရားကို အစိုးရသောသူ
၁။ လူသည် တရားကို အစိုးရသောသူ မဟုတ်။
၂။ တရားကို အမှန် အစိုးရသောသူ တစ်ပါးတည်းရှိသည်။
၃။ ထာဝရဘုရားသခင်သည် တရားကို အစိုးရသော တစ်ပါးတည်းသောသူ ဖြစ်သည်။ သူသည် –

က။ ကယ်တင်နိုင်သောသူ၊
ခ။ ဖျက်ဆီးနိုင်သောသူ၊
ဂ။ တရားကိုပေးပိုင်သောသူ၊
ဃ။ တရားကို စစ်ကြောစီရင်ပိုင်သောသူ ဖြစ်တော်မူသည်။

၄။ ထို့ကြောင့် ဘုရားသခင်သာလျှင် –

က။ တရားကို အစိုးပိုင်သည်။
ခ။ အကျွန်ုပ်တို့ အယောက်စီတိုင်းကို တရားစီရင်ပိုင်သည်။

၅။ စီရင်ပိုင်သောသူ ဘုရားသခင်တစ်ပါးတည်းကို ကြောက်ရမည်။

ဘုရားသခင်ကို အမှန်ကြောက်လျှင် အချင်းချင်းကဲ့ရဲ့ပြစ်တင်ခြင်း၊ တရားကို စစ်ကြောစီရင်ခြင်းအမှုတို့ကို လုံးဝမပြုသင့်ချေ။ သခင်ခရစ်
တော်ကိုယ်တိုင်၏ မိန့်တော်မူချက်ကို ပြန်လည်သတိရမိသည်။

တနည်းကား၊ ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်
ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့။ (မဿဲ ၁၀း၂၈)