Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၉)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၉)

 

ဘုရားသခင်ကို ချဉ်းကပ်ခြင်း (၂)

ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်း ရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်
မသာညည်းတွားခြင်း ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်း ဖြစ်စေကြလော့။ ဘုရား
သခင်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြောက်တော်မူလိမ့်မည်။ (ယာကုပ် ၄း၉-၁၀)

 

ဆင်းရဲငြိုငြင်ခြင်း…

၁။ ဘုရားသခင်ကို ချဉ်းကပ်ရာ၌ မိမိတို့၏အပြစ်များကြောင့်

က။ ဆင်းရဲငြိုငြင်ခြင်း၊
ခ။ စိတ်မသာညည်းတွားခြင်း၊
ဂ။ ငိုကြွေးမြည်တမ်းခြင်း စသည်တို့ရှိရမည်။

၂။ မိမိတတို့၏ ဒုစရိုက်အပြစ်များကို ကောင်းစွာနားလည်သောအခါ

က။ ရယ်မောခြင်းကိုပင် စိတ်မသာညှည်းတွားခြင်းအဖြစ်သို့ လည်းကောင်း၊
ခ။ ဝမ်းမြောက်ခြင်းကို ဝမ်းနည်းခြင်းအဖြစ်သို့ လည်းကောင်း၊ ပြောင်းလဲခြင်းရှိရမည်။

၃။ မိမိတို့၏အပြစ်ကြောင့် “စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိသည်”။ (မဿဲ ၅း၄)

က။ သခင်ခရစ်တော်ကိုယ်တိုင် သွန်သင်ချက် ဖြစ်သည်။
ခ။ စစ်မှန်သော နောင်တတရား၏ အမှတ်သင်္ကေတ ဖြစ်သည်။ (တမန် ၂း၃၇)

 

ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့…

၁။ နှိမ့်ချ (ဂရိ-tapeino) ဟူသည့် စကားလုံးသည် –

က။ စိတ်ဓါတ် ကျဆင်းသည်၊
ခ။ စိတ်သိမ်ငယ်သည်၊
ဂ။ အရှက်တကွဲဖြစ်သည် စသည်တို့ဖြစ်သည်။

၂။ ဘုရားသခင်ရှေ့တော်၌ မိမိအပြစ်ကြောင့် –

က။ စိတ်အားငယ်နေသည်။
ခ။ အရှက်တကွဲဖြစ်နေသည်။

၃။ အမှန် နှိမ့်ချသောသူသည် ဘုရားရှေ့၊ လူရှေ့၌ အရှက်တကွဲဖြစ်၍ စိတ်အားငယ်နေရမည်ဖြစ်သည်။ ထိုသူသည် ဘုရားသခင်ကို

က။ ထာဝရဘုရားအဖြစ် လည်းကောင်း၊
ခ။ မိမိ၏ အသက်သခင်နှင့် အရှင်အဖြစ် လည်းကောင်း၊ ဝန်ခံနေမည်ဖြစ်သည်။

၄။ ထာဝရဘုရားသခင်ကို မိမိ၏အသက်သခင်အဖြစ် ဝန်ခံသောသူသည်

က။ မိမိ၏ အလုဆန္ဒများကို စွန့်လွှတ်မည်၊
ခ။ သခင်၏အစေအခိုင်းကိုသာ ဦးထိပ်ထားမည်၊
ဂ။ “သခင့်စေရာ၊ မိမိကြင်ရာ” အဖြစ်ခံယူ အသက်ရှင်မည် ဖြစ်သည်။

၅။ ဘုရားသခင်သည် ထိုသို့မိမိကိုယ်ကို နှိမ့်ချသောသူကိုချီးမြှောက်လိမ့်မည်။

က။ ချီးမြှောက် (ဂရိ-hupsoo) သည်

– အပေါ်သို့ မြင့်တင်သည်၊
– မြှောက်ပင့်သည်၊
– ချီးမြှောက်သည် စသည်တို့ဖြစ်သည်။

ခ။ တစ်နည်းအားဖြင့်ဆိုသော်၊ ထိုသို့ နှိမ့်ချသောသူကို ဘုရားသခင်သည် ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။ သခင်ခရစ်တော်ကိုယ်တိုင်ကလည်း အလားတူ မိန့်တော်မူခဲ့သည်။ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောသူဖြစ်လျှင်ထိူသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတံ့။ (ယော ၁၂း၂၆)