Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၈)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၈)

 

ဘုရားသခင်ကို ချဉ်းကပ်ခြင်း (၁)

ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကိုစင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။

(ယာကုပ် ၄း၇-၈)

 

ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့

၁။ “ထို့ကြောင့်” သည် စကားဆက်ဖြစ်သည်။

က။ ယာကု ၄း၆ နှင့် ၄း၇ တို့ကို ဆက်စပ်ပေးသည်။
ခ။ အကျိုုးနှင့်အကြောင်းကို ဆက်စပ်ပေးသည်။

၂။ ဘုရားသခင်သည် စိတ်နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူသည်။
သို့သော် မောက်မာသောသူတို့ကို ဆန့်ကျင်ခုခံတော်မူသည်။ (ယာကုပ် ၄း၆)
၃။ ထို့ကြောင့် –

က။ မာနကိုချ၍ ဘုရားသခင်၏အလိုတော်ကို ရှာရမည်။
ခ။ နှိမ့်ချသောစိတ်နှင့် ဘုရားသခင်၏အလိုတော်သို့ လိုက်ကြရမည်။

၄။ စိတ်နှလုံး နှိမ့်ချခြင်းမရှိဘဲ အဘယ်သူမျှ ဘုရားသခင်၏အလိုတော်သို့ မလိုက်လျှောက်နိုင်။

 

မာရ်နတ်ကို ဆီးးတားကြလော…

၁။ မာရ်နတ်ကို –

က။ ဆန့်ကျင်ကြလော့။
ခ။ ခုခံကြလော့။
ဂ။ အခွင့်မပေးဘဲ နေကြလော့။

၂။ မာရ်နတ်ကို မည်သို့ ဆီးတားမည်နည်း။

က။သမ္မာကျမ်းစာနှင့် မအပ်စပ်သောအကြံဟူသမျှကို သတိနှင့်ရှောင်ခြင်း (ယောဟန် ၁၃း၂)
ခ။ စုံစမ်းနှောင့်ယှက်ခြင်းကာလ၌ သတိဝိရိယနှင့်ဆုတောင်းခြင်း၊ (မဿဲ ၂၆း၄၁)
ဂ။ မိမိ၏အလိုဆန္ဒကို စွန့်လွှတ်၍ ဘုရားသခင်၏အလိုတော်ကို ဝန်ခံခြင်း၊ (မဿဲ ၂၆း၃၉)
ဃ။ ကျမ်းစာပြည့်စုံမည့်အရေးကိုသာ ရွေးချယ်ခြင်း (လုကာ၂၄း၄၄-၄၆)

စသည်တို့ဖြင့် မာရ်နတ်ကို ခုခံရမည် ဖြစ်သည်။

၃။ ထိုသို့ပြုလျှင် စာတန်မာရ်နတ်သည် အကျွန်ုပ်တို့ထံမှ –

က။ ရှောင်ထွက်သွားမည်။
ခ။ ပြေးထွက်၍ ပျောက်လိမ့်မည်။
ဂ။ အဝေးသို့ ရှောင်ပြေးလိမ့်မည်။ (မဿဲ ၄း၁၀၊ ၁၆း၂၃)

 

ဘုရားသခင်၌ ချဉ်းကပ်ကြလော့…

၁။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့” သည် ဦးစားပေး ဆောင်ရွက်အပ်သောအမှု ဖြစ်သည်။

က။ Imperative ဖြင့်ရေးသားသည်။ အနက်မှာ “စေခိုင်းသောအချက်” ဖြစ်ကြောင်း ထင်ရှားစေသည်။
ခ။ ဘုရားသခင်ကို ချဉ်းကပ်ခြင်းသည် အမိန့်ကဲ့သို့ စေခိုင်းချက်ဖြစ်သည်။

၂။ ဘုရားသခင်ကို မည်သို့ ချဉ်းကပ်ကြမည်နည်း။

က။ ဘုရားသခင်သည် ထာဝရသန့်ရှင်းသည်ကို အစဉ်သတိရပါ။
ခ။ အကျွန်ုပ်တို့သည် အပြစ်သားများဖြစ်ကြသည်ကိုလည်း အစဉ်သတိရမည်။
ဂ။ ထို့ကြောင့် –

– လက်ကိုစင်ကြယ်စေခြင်းဖြင့်လည်းကောင်း၊
– စိတ်နှလုံးနှစ်ခွမရှိဘဲ၊ မိမိတို့စိတ်နှလုံးကို သန့်ရှင်းစေခြင်းဖြင့်လည်းကောင်း ဘုရားသခင်ကို ချဉ်းကပ်ရမည်။

 

လက်နှင့် စိတ်နှလုံးတို့ကို သန့်ရှင်းစင်ကြယ်စေခြင်း

၁။ လက်ကို စင်ကြယ်စေခြင်း (ဂရိ-katharizo)) သည် –

က။ ရေဖြင့် ဆေးကြောခြင်း၊
ခ။ သန့်စင်အောင် ဆေးကြောခြင်း ကိုဆိုလိုသည်။

၂။ မိမိတို့ကိုယ်တိုင် ကျူးလွန်သောအပြစ်များကို သန့်စင်အောင် ဆေးကြောရမည်။

က။ နှုတ်ကပတ်တော်ကို ကြားနာခြင်း (ယောဟန် ၁၅း၃)၊
ခ။ နောင်တရ၍ ဘုရားသခင်ထံ ဦးလှည့်ခြင်း (မဿဲ ၃း၈၊ ဟောရှေ ၆း၁-၃) စသည်တို့ဖြင့် စင်ကြယ်စေရမည်။

၃။ စိတ်နှလုံးကို သန့်ရှင်းစေခြင်း (ဂရိ- hagnizo)) သည်

က။ နောင်တရ၍ ပြောင်းလဲခြင်း၊
ခ။ ဆက်ကပ်အပ်နှံခြင်းဖြင့် ဆေးကြောခြင်း၊
ဂ။ တစ်ခုခုဖြင့် သန့်ရှင်းအောင်ဆေးကြောခြင်း စသည်တို့ဖြစ်သည်။

၄။ မိမိတို့၏ စိတ်နှလုံး၌ ဆက်လက်၍ ဇေဝေဇဝါ မဖြစ်ဘဲ

က။ ဘုရားသခင်ကိုသာ ကိုးစားခြင်း၊
ခ။ ဘုရားသခင်၏ အလိုတော်ကို ဦးစားပေးလိုက်နာခြင်း၊
ဂ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှလုံးသွင်းခြင်း
(ဆာလံ ၁၁၉း ၁၁) စသည်ဖြင့် ရှင်သန်ရမည်။
ဤသည်ကား ဘုရားသခင်ကို ချဉ်းကပ်ခြင်းပေတည်း။