Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၅)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၅)

 

ဆုမတောင်းဘဲ မနေသင့်

သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်
ပြိုင်သောကိလေသာကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။ သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို
သတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ၊ ရန်တွေ့ခြင်းစစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ၊ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။

(ယာကုပ် ၄း၁-၂)

 

သင်တို့တွင် စစ်တိုက်ခြင်း…

၁။ စစ်တိုက်ခြင်းနှင့် ရန်တွေ့ခြင်းတို့သည် –

က။ ယုံကြည်သူအချင်းချင်းကြား၌ တွေ့ရသည်။
ခ။ နိုင်ငံသားအချင်းချင်းကြား၌လည်း တွေ့နေရသည်။
ဂ။ လူ့အဖွဲ့အစည်းတိုင်းနှင့် မစိမ်းပါ။

၂။ စစ်တိုက်ခြင်းနှင့် ရန်တွေ့ခြင်းတို့သည်

က။ အကျွန်ုပ်တို့၏ အင်္ဂါများစစ်ပြိုင်နေသောကြောင့် ဖြစ်သည်။
ခ။ အကျွန်ုပ်တို့တို့၏ ကိလေသာကာမစိတ်ကြောင့် ဖြစ်သည်။

 

သင်တို့သည် တပ်မက်၍ မရကြ…

၁။ တပ်မက်သောကြောင့် “ကောင်းချီးမင်္ဂလာ” ကို ရကြသည် မဟုတ်။
၂။အကျွန်ုပ်တို့၏ အလိုဆန္ဒသည်

က။ သူတစ်ပါးအသက်ကို သတ်ခြင်းဖြင့်လည်းကောင်း၊
ခ။ အလွန်လိုချင်သောလောဘစိတ်အားဖြင့်လည်းကောင်း ပြည့်စုံနိုင်မည် မဟုတ်။

၃။ အကျွန်ုပ်တို့၏ အလိုဆန္ဒသည် –

က။ ရန်တွေ့ခြင်း၊
ခ။ စစ်တိုက်ခြင်း စသည်တို့ကို ပြုခြင်းအားဖြင့် မပြည့်စုံနိုင်။

 

အကြောင်းကား၊ ဆုမတောင်းဘဲနေကြ၏

၁။ ဆုတောင်း (ဂရိ-aiteo) သည် –

က။ အသနားခံသည်၊
ခ။ တောင်းပန်သည်၊
ဂ။ ပေးသနားတော်မူရန် တောင်းဆိုသည် စသည်တို့ဖြစ်သည်။

၂။ ဆုမတောင်းဘဲနေကြသောကြောင့် –

က။ တောင်းလျှောက်သောအရာများ မရရှိနိုင်ကြ။
ခ။ အလိုဆန္ဒမပြည့်နိုင်ကြ။

၃။ ဆုမတောင်းဘဲနေသောကြောင့် –

က။ ကိလေသာကာမစိတ်သည် အားကြီး၍ စိုးမိုးနေသည်။
ခ။ အကျွန်ုပ်တို့၏ ကိုယ်အင်္ဂါတို့သည် စစ်ပြိုင်နေကြသည်။(ရောမ ရး၁၅-၂၅)

၄။ သခင်ခရစ်တော်ကိုယ်တိုင်ကလည်း စိတ်မပျက်ဘဲ ဆုတောင်းနေရမည်ဟု
သွန်သင်ခဲ့သည်။ လူတို့သည် အားမလျှော့ဘဲ ကြိုးစား၍ ဆုတောင်းရမည့်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်။ (လုကာ ၁၈း၁-၈)

ဆုတောင်းခြင်း၌ လုံး၀ အားမလျှော့သော ယုံကြည်သူများ ဖြစ်ကြပါစို့။