Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၄)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၄)

 

 

နှစ်မျိုးသောပညာ (၂)

အထက်မှ သက်ရောက်သောပညာမူကား၊ ရှေ့ဦးစွာ
စင်ကြယ်၏။ ထိုမှတပါး၊ အသင့်အတင့်နေတတ်၏။ ဖြည်းညှင်းသောသဘောရှိ၏။ သွေးဆောင်လွယ်၏။ ကရုဏာနှင့်၎င်း၊ကောင်းကျိုးနှင့်၎င်း ပြည့်စုံ၏။
လျစ်လျူသောစိတ်ရှိ၏။ လျို့ဝှက်ခြင်းနှင့် ကင်းစင်၏။
အသင့်အတင့်နေခြင်းငှါ ပြုစုတတ်သောသူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။

(ယာကုပ် ၃း၁၇-၁၈)

 

အထက်မှ သက်ရောက်သောပညာ…

၁။ ဤပညာသည် –

က။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာ မဟုတ်၊
ခ။ ခမည်းတော်ထံမှ ဖြစ်သော ပညာ ဖြစ်သည်။

၂။ ထို့ကြောင့် ၎င်းကို အထက်မှ သက်ရောက်သောပညာဟု သမုတ်ရခြင်းဖြစ်သည်။
၃။ ထိုပညာသည် မြေကြီးပညာနှင့် လုံး၀ ကွဲပြားခြားနားသည်။

 

ရှေးဦးစွာ စင်ကြယ်၏…

၁။ အထက်မှ သက်ရောက်သော ပညာသည်

က။ ရှေးဦးစွာ စင်ကြယ်၏၊

– ဖြူစင်သည်။
– ရိုးသားသည်။

ခ။ အသင့်အတင့်နေတတ်၏၊

– သူတပါးနှင့်သင့်မြတ်စွာနေတတ်သည်။

– ငြိမ်းချမ်းစွာ နေတတ်သည်။

ဂ။ ဖြည်းညှင်းသောသဘောရှိ၏၊

– ယဉ်ကျေးသိမ်မွေ့သောသဘောရှိသည်။
– ချင့်ချိန်တတ်သောသဘောရှိသည်။

ဃ။ သွေးဆောင်လွယ်၏၊

– နာခံတတ်၏။
– အကျိုးအကြောင်း ဆင်ခြင်၍ လက်ခံနိုင်သည်။

င။ ကရုဏာနှင့် ပြည့်စုံ၏၊
စ။ ကောင်းကျိုးနှင့် ပြည့်စုံ၏၊

– ကောင်းသောအသီးအပွင့် ရှိသည်။
– ကောင်းသောအကျင့်သီလရှိသည်။

ဆ။ လျစ်လျူသောစိတ်ရှိ၏၊

– ကျောသားရင်သာ မခွဲခြားတတ်သောသဘောရှိသည်။
– မျက်နှာလိုက်၍ မပြုမူတတ်။

ဇ။ လျို့ဝှက်ခြင်းနှင့် ကင်းစင်၏။

– ဟန်ဆောင်ခြင်းမရှိ။
– ရှေ့တွင်တစ်မျိုး၊ နောက်ကွယ်တွင် တစ်မျိုး မလုပ်တတ်။

 

အသင့်အတင့်နေခြင်းငှါ…

၁။ သူတစ်ပါးနှင့် ငြိမ်းချမ်းစွာ နေထိုင်တတ်ခြင်းသည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ ဖြစ်သည်။
၂။ ငြိမ်းချမ်းရေးကို ကိုယ်တိုင်ဆောင်ရွက်သောသူတို့သာလျှင် သူတပါးနှင့်အသင့်အတင့်နေနိုင်ကြသည်။
၃။ ထို့ကြောင့် သူတစ်ပါးနှင့်တင့်တယ်လျောက်ပတ်စွာ နေထိုငနိုင်ရန်အလို့ငှာ ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲကြပါစို့။
၄။ ငြိမ်းချမ်းရေးကို အမှန်လိုချင်သည်ဖြစ်သောကြောင့်၊ ထိုငြိမ်းချမ်းရေးကို ကိုယ်တိုင် အကောင်အထည်ဖော်ကြပါစို့။
၅။ ငြိမ်းချမ်းရေးကို ကိုယ်တိုင်အကောင်အထည် ဖော်သောသူတို့သည် မင်္ဂလာရှိသောသူများဖြစ်ကြောင်း သခင်ခရစ်တော်ကိုယ်တိုင်ကလည်း မိန့်တော်မူခဲ့သည်။ (မဿဲ ၅း၉)