Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၆)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၆)

 

နှုတ်ထွက်စကား၌ မမှားသောသူ

ငါ့ညီအစ်ကိုတို့၊ ငါတို့သည် သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်းကို ခံရမည်ဟု သင်တို့သိ၍ အများ
သောဆရာမဖြစ်ကြနှင့်။-ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့်မှား
ခြင်း မရှိသောသူမည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်။

(ယာကုပ် ၃း၁-၂)

 

ငါ့ညီအစ်ကိုတို့၊ ငါတို့သည် သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်း…

၁။ ဘုရားသခင်သည် လူတိုင်းကို တရားစီရင်မည် ဖြစ်သည်။

က။ လူအသီးသီးတို့အား မိမိတို့အကျင့်နှင့်အလျောက် စီရင်မည်။ (ရောမ ၂း၆)
ခ။ သမ္မာတရားအားဖြင့် စီရင်မည်။ (ရောမ ၂း၈)
ဂ။ ပညတ်တရားအားဖြင့် စီရင်မည်။ (ရောမ ၂း၁၂)
ဃ။ မိမိကိုယ်ကိုသိသောစိတ်၌ ဖော်ပြသော သက်သေခံချက်အားဖြင့်စီရင်မည်။ (ရောမ ၂း၁၅)
င။ ဧဝံဂေလိတရားအားဖြင့် စီရင်မည် (ရောမ ၂း၁၆)။

၂။ ဘုရားသခင်သည် ဓမ္မဆရာများကို သာ၍ ကျပ်တည်းစွာ စီရင်မည်။

က။ ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်သောသူဖြစ်ရမည်။ (မဿဲ ၅း၁၉)
ခ။ ကိုယ်ကျင့်သောအကျင့်တို့သည် ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့ကျင့်သောအကျင့်ထက် သာလွန်ကောင်းမွန်နေရမည်။ (မဿဲ ၅း၂၀)
ဂ။ ပညတ်တော်၏ အနှစ်သာရ (စာသားစကားအဓိပ်္ပာယ်မဟုတ်ဘဲ) ကိုပြည့်စုံစေရမည်။ (မဿဲ ၅း၂၁-၄၈)

၃။ သခင်ခရစ်တော်၏ စကားများသည် ဝိညာဉ်ဖြစ်သည်။အသက်လည်း ဖြစ်သည်။ (ယောဟန် ၆း၆၃)

က။ ဝိညာဉ်တော်ဖွင့်ပြ၊သွန်သင်သည့်အတိုင်း နားလည်လျက် စောင့်ရှောက်ရမည်။ (၁ကော ၂း၁၀ မှစ၍)
ခ။ ထာဝရအသက်နှင့်စပ်လျဉ်းသော တန်ုဖိုးတရားသည် မိမိတို့၏လက်ရှိအသက်တာအတွက် လမ်းညွှန်ချက်များ ဖြစ်ရမည်။
ဂ။ ခရစ်တော်၏စကားးများသည် လက်ရှိအသက်ရှင်ရာ အကြောင်းတရား ဖြစ်နေရမည်။
၄။ ဤသည်ကား သာ၍ ကျပ်တည်းသော စစ်ကြောစီရင်ခြင်း ဖြစ်ပေသည်။

 

အများသောဆရာမဖြစ်ကြနှင့်

၁။ ဆရာသမားများသည် ပိုမိုကျပ်တည်းသော စစ်ဆေးခြင်းကို ခံရမည်။
၂။ ဘုရားသခင်၏ ကြိုတင်ခန့်ထားခြင်းမရှိဘဲ အဘယ်သူမှ ဆရာသမားမဖြစ်ကောင်း။ (ဟေမြဲ ၅း၆)
၃။ “မိမိတို့ပြောသောအရာကို နားမလည်။ အဘယ်သို့သောတရားဘက်၌မိမိတို့ ခိုင်မာစွာနေသည်ကို မသိဘဲလျက်” ဆရာသမား မလုပ်ချင်ကြရန်တိုက်တွန်းထားသည်။ (၁တိ ၁း၆-၇)

 

ငါတို့ရှိသမျှသည် အများအားဖြင့် မှားတတ်ကြ၏

၁။ မည်သူမဆို အမှားနှင့် မကင်းကြသည်မှာ ငြင်းဖွယ်မရှိ။
၂။ “မှား” (ဂရိ- စအေငသ) သည် –

က။ လဲကျသည်၊
ခ။ ချော်ကျသည်၊
ဂ။ ကျူးလွန်သည်၊
ဃ။ အမှားပြုသည်၊
င။ ဒုစရိုက်အပြစ် ကျူးလွန်သည် စသည်တို့ဖြစ်သည်။

၃။ အမှားပြုမိတတ်ခြင်းသည် လူ၏သဘောသဘာ၀ ဖြစ်သည်။ အမှားများကို အောက်ပါတို့အားဖြင့် ပြုမိနေကြသည်။

က။ကာယကံ(ကိုယ်ထိလက်ရောက်ဆောင်ရွက်ခြင်းအးဖြင့်လည်းကောင်း)၊
ခ။ ဝစီကံ (နှုတ်ထွက်စကားအားဖြင့် လည်းကောင်း)၊
ဂ။ မနောကံ (စိတ်ကူး၊အတွေးများအားဖြင့် လည်းကောင်း)၊စသည်တို့ဖြစ်ကြသည်။

၄။ လူမှန်လျှင် အမှားနှင့်မကင်း၊ သို့သော် လူသည် အမှားပြုနေရမည်ဟု မဆိုလိုပါ။

 

စကားအားဖြင့် မှားခြင်းမရှိသောသူ…

၁။ စကားအားဖြင့် မှားခြင်းမရှိသောသူ

က။ စုံလင် (ပြည့်စုံ၊ရင့်ကျက်)သောသူဖြစ်သည်။
ခ။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်သည်။

၂။ လူသည် နှုတ်ထွက်စကား၌ အဘယ်သို့ မမှားအောင်နေရမည်နည်း။

က။ ဆိုးညစ်သောအရာများသည် အတွင်းနှလုံးထဲမှ ထွက်လာကြသည်။ (မာကု ရး၂၃)
ခ။ အတွင်းနှလုံးမှ ထွက်လာသော ဆိုးညစ်သောအရာများသည် လူကိုညစ်ညူးစေကြသည်။ (မာကု ရး၂၃)
ဂ။ ခရစ်တော်၏နှုတ်ကပတ်တရားသည် အတွင်းနှလုံးထဲ၌ ကြွယ်ဝစွာတည်စေခြင်းအားဖြင့် နှုတ်ထွက်စကား၌ မမှားအောင် ပြင်ဆင်ရမည် ဖြစ်သည်။ (ကော ၃း၁၅-၁၆)

 

မိမိကိုယ်တကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ…

၁။ နှုတ်ထွက်စကားကို ချုပ်တည်းနိုင်သောသူသည် ကိုယ်တစ်ကိုယ်လုံးကိုချုပ်တည်းနိုင်သောသူ ဖြစ်သည်။
၂။ ချုပ်တည်း (ဂရိ- chalinagogeo) သည် –

က။ ဇက်ကြိုးဖြင့် ဆွဲထိန်းသည်၊
ခ။ နဖားကြိုးတပ်၍ ထိန်းချုပ်သည်၊
ဃ။ ထောင်ချ၍ ချုပ်ထားသည် စသည်တို့ဖြစ်သည်။

၃။ စကား၌ မလဲကျသောသူသည် ကိုယ့်ကိုကိုယ် ဦးဆောင်နိုင်သောသူဖြစ်သည်။
၄။ နှုတ်စကားကို ထိန်းချုပ်ခြင်းဖြင့် မိမိကိုယ်မိမိအုပ်ချုပ်နိုင်မည် ဖြစ်သည်။
သခင်ခရစ်တော်သည် စကားအားဖြင့် မမှားသောသူ ဖြစ်သည်။(၁ပေ ၂း၂၂)