Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၃)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၃)

 

သည်းခံခြင်းအားဖြင့် ရင့်ကျက်ခြင်း

သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စေ့စုံလင်မည် အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု
ပြင်ပါစေ။  (ယာကုပ် ၁း၄)

 

သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စေ့စုံလင်မည်အကြောင်း

၁။ အလျှင်းမချို့တဲ့ဘဲ

က။ ဂရိ – holokleros – သည် ပြည့်ဝစုံလင်ခြင်းကို ဆိုလိုသည်။
ခ။ လိုအပ်သည်များ မရှိသည့်အနေအထားကို ရည်ညွန်းသည်။

၂။ စေ့စေ့စုံလင်

က။ ဂရိ – teleios – သည် အရွယ်ရောက်ခြင်း၊ ရင့်ကျက်ခြင်းကိုဆိုလိုသည်။
ခ။ အစဉ်အတိုင်းကြီးထွားလာပြီး အရွယ်ရောက်သည့်အနေအထားကို ရည်ညွှန်းသည်။

၃။ ယုံကြည်သူတို့၏ ယုံကြည်မှုကို စစ်ကြောစုံစမ်းခံရခြင်းမှာ –

က။ သည်းခံခြင်းတိုးပွားစေရန် ဖြစ်သည်။ (ယာကုပ် ၁း၂-၃)
ခ။ စုံလင်ပြည့်ဝစွာ အရွယ်ရောက်ရင့်ကျက်ပြီးသောသူများ ဖြစ်လာကြ ရန်လည်း ဖြစ်သည်။

၄။ ဤအမှုသည် အဘယ်သို့ ဖြစ်လာမည်နည်း။

သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ

၁။ သည်းခံခြင်း (ဂရိ-hupomone) သည် –

က။ ကြံ့ကြံ့ခံရပ်တည်ခြင်း၊
ခ။ မျှော်လင့်စောင့်ဆိုင်းခြင်း၊
ဂ။ ဇွဲလုံ့လဝီရိယရှိခြင်း စသည်တို့ဖြစ်သည်။

၂။ ဤ “သည်းခံခြင်းစိတ်” သည် –

က။ သက်ဝင်လှုပ်ရှားမည် ဖြစ်သည်။
ခ။ ပြည့်ဝစုံလင်သည်အထိ ပြုပြင်ပေးသွားမည် ဖြစ်သည်။
ဂ။ အဆုံးထိတိုင် အကျိုးသက်ရောက်စေမည် ဖြစ်သည်။

၃။ ဆိုလိုသည်မှာ၊ သည်းခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် –

က။ ယုံကြည်ခြင်း၌ ကြွယ်ဝချမ်းသာလာမည် ဖြစ်သည်။
ခ။ ကျေးဇူးတော်၌ ခိုင်ခံ့လာမည် ဖြစ်သည်။
ဂ။ အသက်တာ၌ ရင့်ကျက်သောသူများဖြစ်လာမည် ဖြစ်သည်။
ဃ။ အမှုတော်မြတ်၌ ကြီးထွားတိုးတက်လာမည် ဖြစ်သည်။