Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၄)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၂၄)

 

အကျင့်နှင့်အစဉ်ပူးတွဲ၍ ထင်ရှားသော ယုံကြည်ခြင်း

ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်

အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်း
ကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟူသောကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်
၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်
မဟုတ်၊ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။

(ယာကုပ် ၂း၂၂-၂၄)

 

ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍…

၁။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူ အလုပ်လုပ်သည်။

က။ ပြုပြင် (ဂရိ-sunergeo)) သည် –

– အတူလုပ်ဆောင်သည်၊
– အတူတကွ ဆောင်ရွက်သည်၊
– ပူးတွဲ၍ ဆောင်ရွက်သည် စသည်တို့ဖြစ်သည်။

ခ။ ယုံကြည်ခြင်းသည် အကျင့်နှင့်ပူးတွဲ၍ အလုပ်လုပ်ကြသည်။

၂။ တစ်နည်းအားဖြင့်ဆိုသော် ယုံကြည်ခြင်းသည် အကျင့်အားဖြင့်စုံလင်သည်။

က။ စုံလင် (ဂရိ-teleioo)) သည် –

– ရင့်ကျက်ပြည့်စုံသည်၊
– ပြီးမြောက်စုံလင်သည် စသည်တို့ဖြစ်သည်။

ခ။ ယုံကြည်ခြင်းသည် အကျင့်အားဖြင့် ပြီးမြောက်စုံလင်သည်။
ဂ။ ယုံကြည်ခြင်းသည် အကျင့်အားဖြင့် ရင့်ကျင့်ပြည့်စုံသည်။

၃။ ယုံကြည်ခြင်း မှန်လျှင် အကျင့်နှင့်ပူးတွဲ၍ ထင်ရှား စမြဲဖြစ်သည်။

ဤသည်ကား ယုံကြည်ခြင်း၏ သဘောသဘာ၀ ဖြစ်သည်။

၅။ ယာကုပ်၏ဓမ္မအမြင်အရ၊ “ယုံကြည်ခြင်းသည် အကျင့်၊ အကျင့်သည်ယုံကြည်ခြင်း” ဟု ဆိုရပေမည်။

 

အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍…

၁။ ကမ္ဘာဦးကျမ်း ၁၅း၆ ၌ ဘုရားသခင်သည် အာဗြဟံ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟုဖော်ပြထားသည်။

က။ အာဗြဟံသည် ဘုရားသခင်၏စကားဖြစ်သော

– လူမျိုးကြီးဖြစ်စေမည်၊
– သူ၏နာမကို ကြီးမြတ်စေမည်၊
– ကောင်းချီးခံရသောသူ ဖြစ်စေမည်၊
– သူ့အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြမည် စသည်တို့ကို ယုံကြည်သည်။ (ကမ္ဘာ ၁၂)

ခ။ အာဗြဟံသည် ဘုရားသခင်၏စကားကို ယုံကြည်သောကြောင့်

– အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲ ထွက်သွားခဲ့သည်။ (ဟေဗြဲ ၁၁း၈)
– သောဒုံမင်းထံမှ ဥစ္စာလက်ဆောင်များကို ငြင်းပယ်ခဲ့သည်။ (ကမ္ဘာ ၁၄း၂၁-၂၄)

၂။ အာဗြဟံ၏ ယုံကြည်ခြင်းသည် အကျင့်နှင့်ပူးတွဲ၍ အစဉ်ထင်ရှားသည်။

ဥဗမာအားဖြင့်၊ အာဗြဟံ၏ ယုံကြည်ခြင်းသည် –

က။ သားဣရှမေလကို မွေးပြီး ဆယ့်သုံးနှစ်ကြာပြီးနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရှေ့၌ စုံလင်စွာ အသက်ရှင်ခြင်းဖြင့်ထင်ရှားသည်။ (ကမ္ဘာ၊ ၁ရး၁)

ခ။ ဘုရားသခင်၏ပဋိညာဉ်ကို စောင့်ရှောက်သောအနေဖြင့် အရေဖျားလှီးမင်္ဂလာကို နေ့ချင်းညချင်း ခံယူခြင်းဖြင့် ထင်ရှားသည်။ (ကမ္ဘာ ၁ရး၂၃-၂၇)

ဂ။ ဧည့်သည်သုံးဦးကို ခရီးဦးကြိုပြုရာ၌လည်းကောင်း။(ကမ္ဘာ ၁၈း ၁-၈)

ထာဝရဘုရားရှေ့တော်၌ သောဒုံမြိုု့နှင့် ဂေါမောရမြို့တို့အတွက်ကိုယ်စားဆုတောင်ခြင်း၌ လည်းကောင်း( ကမ္ဘာ ၁၈း၂၂-၃၃) စသည်တို့၌ ထင်ရှားသည်။

ဃ။ သားဣဇာက်ကို မီးရှို့ပူဇော်ခြင်း အမှုအရာမှာ ထင်ရှားသောအမှုဖြစ်ခဲ့သည်။ (ကမ္ဘာ ၂၂း၉-၁၂)

၃။ ထို့ကြောင့် သူ၏ယုံကြည်ခြင်း (အကျင့်နှင့်ယှဉ်၍ ထင်ရှားသော ယုံကြည်ခြင်း) ကို ဘုရားသခင်သည် ဖြောင့်မတ်ခြင်းဟု မှတ်တော်မူသည်။

၄။ ထိုအကြောင်းကြောင့် အာဗြဟံသည် ဘုရားသခင်က အဆွေဟု ခေါ်ဝေါ်
ခြင်းကို ခံရသည်။ (ဟေရှာယ ၄၁း၈)

 

လူသည်…အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်ကို သင်တို့သိမြင်ရကြ၏

၁။ ဘုရားသခင်ပေးသနားတော်မူသော ဖြောင့်မတ်ခြင်းကို အဘယ်သို့ရရှိနိုင်သနည်း။

က။ အကျင့်ပါသော ယုံကြည်ခြင်းအားဖြင့်။ (ယာကုပ် ၂း၂၁)
ခ။ အကျင့်နှင့်အစဉ် ပူးတွဲ၍ ထင်ရှားသော ယုံကြည်ခြင်းအားဖြင၊့်(ယာကုပ် ၂း၂၂)
ဂ။ ယုံကြည်သောကြောင့်ပြုသော အကျင့်အားဖြင့် (ကမ္ဘာ ၁၂း၃-၄၊ဟေဗြဲ ၁၁း၈) လူသည် ဖြောင့်မတ်ခြင်းသို့ ရောက်ရှိနိုင်သည်။

၂။ “ယုံကြည်ခြင်းအားဖြင့်သာ” သည် –

က။ အကျင့်မပါသော ယုံကြည်ခြင်း (ဝါ) တစ်ပါးတည်းရှိသောယုံကြည်ခြင်း၊ (ယာကုပ် ၂း၁၇)
ခ။ လက်တွေ့ဆောင်ရွက်ခြင်းမရှိသော ယုံကြည်ခြင်း (ဝါ) နတ်ဆိုးတို့၏ယုံကြည်ခြင်းမျိုး ၊ (ယာကုပ် ၂း၁၉-၂၁)
ဂ။ အကျင့်နှင့်ပူးတွဲ ထင်ရှားခြင်း မရှိသောယုံကြည်ခြင်း(ယာကုပ်၂း၂၂)
ဃ။ နှုတ်အားဖြင့်သာ ယုံကြည်သည်ဟု ထွက်ဆိုသော ယုံကြည်ခြင်း(၂း၁၅-၁၇) စသည်တို့ကို ဆိုလိုသည်။ ဤသို့သော ယုံကြည်ခြင်းဖြင့် အဘယ်သူမျှ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သည်ဟု မရှိနိုင်ချေ။