Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၂)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၂)

 

 

ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း

ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည် သည်းခံခြင်းကို တိုးပွားစေတတ်သည်ဟု သိမှတ်လျက်၊အထူးထူးအပြားပြား စုံစမ်းနှောက် ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာ
အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။

(ယာကုပ် ၁း၂-၃)

 

ငါ့ညီအစ်ကိုတို့…
၁။ ယုဒလူမျိုး များဖြစ်ကြသော ခရစ်ယာန်များကို ဆိုလိုသည်။
၂။ သူတို့သည် အနယ်နယ်အရပ်ရပ်သို့ ထွက်ပြေးကြသော ယုံကြည်သူများ ဖြစ်ကြသည်။

 

ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်…

၁။ ဂရိ- dokimion သည် စစ်မှန်သောအရာ စမ်းသပ်ခြင်း ဖြစ်သည်။
၂။ စစ်မှန်သော ယုံကြည်ခြင်းကို စစ်မှန်ကြောင်းသက်သေထူရန် စမ်းသပ်ခြင်းသာ ဖြစ်သည်။
၃။ ဤသို့သော စစ်ကြောစုံစမ်းခြင်းသည် သည်းခံခြင်းကို တိုးပွားစေတတ်သည်။

က။ သည်းခံခြင်းသည် (မျက်မြင်မရသောအရာတို့၌) မျှော်လင့်ခြင်းဖြစ်သည်။
ခ။ သည်းခံခြင်းသည် (ကျေးဇူးတော်၌) ကြံ့ကြံ့ခံ ရပ်တည်နေခြင်းဖြစ်သည်။

ဂ။ အခက်ခဲများကို ရင်ဆိုင်ကျော်လွှားခြင်း ဖြစ်သည်။

၄။ ဤအချက်ကို သေချာစွာ သိထားရမည် ဖြစ်သည်။

 

အထူးထူးအပြားပြား စုံစမ်းနှောက်ရှက်ခြင်း…

၁။ ဂရိ- peirasmos သည် –

က။ ကောင်းသောအရာ၊
ခ။ မှန်ကန်သောအရာ စသည်တို့ကို စမ်းသပ်ခြင်းဖြစ်သည်။

၂။ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်း ကြုံကောင်း ကြုံရပေလိမ့်မည်။
၃။ အကယ်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံခဲ့လျှင် ဝမ်းမြောက်စရာအဖြစ် မှတ်ယူရမည်။
၄။ အကြောင်းမှာ –

က။ စစ်ကြောစုံစမ်းခြင်းဟူသည် စစ်မှန်သော ယုံကြည်ခြင်းကိုသာ စစ်ကြောစုံစမ်းခြင်း ခံရသည်။
ခ။ စုံစမ်းနှောင့်ယှက်ခြင်းသည်လည်း ခံရပေမည်။
ဂ။ ထိုသို့သော စုံစမ်းခြင်းမျိုးသည် သည်းခံခြင်းတိုးပွားစေသည်။

၅။ ထို့ကြောင့် စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးတို့နှင့် ဆိုင်ရသောအခါ ဝမ်းမြောက်ခြင်းအဖြစ် –

က။ ဂရိ-hegeomai (သိမြင်ရမည်)။
ခ။ မှတ်ယူရမည်။
ဂ။ ဆင်ခြင်းသုံးသပ်ရပေမည်။