Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၄)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၄)

 

စင်ကြယ်သန့်ရှင်းသော သီလ

သင်တို့တွင် အကြင်သူသည် သီလဆောက်တည်ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏သီလသည် အချည်းနှီးသက်သက်ဖြစ်၏။-ခမည်းတော်ဘုရားသခင်၏ရှေ့၌ စင်ကြယ်
သန့်ရှင်းသောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်
ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီ အညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။

(ယာကုပ် ၁း၂၆-၂၇)

 

သင်တို့တွင် အကြင်သူသည်…

၁။ အချို့သောသူတို့သည်

က။ ဘာသာတရားကို လိုက်စားကြသည်။
ခ။ ဘာသာတရား၌ ကိုင်းရှိုင်းကြသည်။
ဂ။ သီလကိုလည်း စောင့်ကြသည်။

၂။ သို့သော်၊ ထိုသူတို့သည် –

က။ မိမိတို့၏ နှုတ်အပြောကို မချုပ်တည်းကြ၊
ခ။ မိမိတို့၏ အတွင်းစိတ်သဘောကို လှည့်ဖြားကြသည်။

၃။ ထိုသူတို့၏ သီလသည် အချည်းနှီးသက်သက်ဖြစ်သည်။

 

ခမည်းတော်ဘုရားသခင်ရှေ့၌…

၁။ ခမည်းတော်ဘုရားသခင် လက်ခံသော ဘုရားတရားကိုင်းရှိုင်းခြင်းဟူသည်မှာ

က။ မိဘမဲ့ကလေးများနှင့် မုဆိုးမများကို ကြည့်ရှုပြုစုခြင်း၊
ခ။ မိမိကိုယ်ကို လောကီ အညစ်အကြေးများနှင့် ကင်းစင်အောင်စောင့်ရှောက်ခြင်း စသည်တို့ ဖြစ်သည်။

၂။ ဤအရာများကို ရိုးသားဖြူစင်စွာ ကျင့်အားထုတ်ခြင်းသည် စင်ကြယ်သန့်ရှင်းသောသီလ ဖြစ်သည်။

 

စိန်ခေါ်ချက်

၁။ သီလ (ဂရိ-threskeia) သည် –

က။ နတ်ဘုရား ကိုးကွယ်ခြင်း၊
ခ။ ဘာသာတရား ကိုင်းရှိုင်းခြင်း စသည်တို့ဖြစ်သည်။

၂။ စင်ကြယ်သန့်ရှင်းသော သီလ သည် –

က။ ဘုရားသခင် နှစ်သက်တော်မူသော ကိုးကွယ်ခြင်း၊
ခ။ ဘုရားသခင် လက်ခံတော်မူသော ဘုရားတရားရှိခြင်း၊
ဂ။ ဘုရားသခင်၏ သဘောသဘာဝနှင့် ညီသော တရားကျင့်ခြင်း၊စသည်တို့ဖြစ်သည်။

၃။ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများ ဆင်းရဲခံရသောအခါ ကြည့်ရှုပြုစုခြင်းသည် စင်ကြယ်သန့်ရှင်းသော သီလ၏ အစိတ်အပိုင်းဖြစ်သည်။

၄။ မိမိကိုယ်ကို လောကီအညစ်အကြေးများနှင့် ကင်းစင်အောင်စောင့်ရှောက်ခြင်းသည်လည်း ချန်လှပ်မထားသင့်သည့် စင်ကြယ်သန့်ရှင်းသော သီလ၏ အစိတ်အပိုင်း ဖြစ်သည်။

၅။ စင်ကြယ်သန့်ှရှင်းသော သီလကို အပြည့်အ၀ ဆောက်တည်ခြင်းဖြင့်ယုံကြည်ခြင်းရတနာ၌ ကြီးထွားကြပါစို့။