Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၆)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၆)

 

 

စစ်မှန်သော ယုံကြည်ခြင်းသည် ဝါကြွားစရာ

အောက်လျှိုးနှိမ့်ချသောညီအစ်ကိုသည် မိမိချီးမြှောက်
ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ ငွေရတတ်သော
ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွား
ဝမ်းမြောက်စေ။ အကြောင်းမူကား၊ သူသည် မြက်ပွင့်
ကဲ့သို့ဖောက်ပြန်ခြင်း သဘောရှိ၏။

(ယာကုပ် ၁း၉-၁၀)

 

အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည်…

၁။ လောကအရာ၌ နှိမ့်ချသော ယုံကြည်သူကို ရည်ညွှန်းသည်။
၂။ နှိမ့်ချသော ယုံကြည်သူအတွက် ယုံကြည်ခြင်းအား စစ်ကြောစုံစမ်းခြင်း အမှုသည် ဝမ်းမြောက်စရာ၊ ဝါကြွားစရာအကြောင်း ဖြစ်သည်။
၃။ အဘယ်ကြောင့်ဆိုသော်၊

က။ ဘုရားသခင်သည် လူတို့၏လောကပိုင်ဆိုင်မှုများကို မကြည့်ပါ။
ခ။ ဘုရားသခင်သည် ဆင်းရဲသော ယုံကြည်သူကိုလည်း ချမ်းသာသော ယုံကြည်သူကဲ့သို့ ကျောသားရင်သား မခွဲခြားဘဲ တန်းတူညီတူချစ်တော်မူသည်။
ဂ။ စစ်မှန်သောယုံကြည်ခြင်းသည် ဘုရားရှေ့မှောက်၌ အရေးင်္ကြီးပါသည်။
ဃ။ ဆင်းရဲသောသူသည် မိမိ၏စစ်မှန်သော ယုံကြည်ခြင်းကို သက်သေထူနိုင်သောအခါ ချီးမြှောက်ခြင်းသို့ ရောက်သည်။

၄။ ထိုချီးမြှောက်ခြင်းအမှု၌ အလွန်ဝမ်းမြောက်ရမည်။
၅။ ထိုသို့ အလွန်ဝမ်းမြောက်ခြင်းကို ဝါကြွားခြင်း (ပြည့်ဝစုံလင်သော ကျေနပ်အားရမှု) (ဂရိ-kauchaomai) ဟု ဆိုသည်။ ( ယာကုပ် ၁း၂)

 

ငွေရတတ်သော ညီအစ်ကိုသည်…

၁။ လောကစည်းစိမ်၌ ချမ်းသာသော ယုံကြည်သူကို ရည်ညွှန်းသည်။
၂။ ချမ်းသာသော ယုံကြည်သူအတွက် ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအမှုသည် ဝါကြွားဝမ်းမြောက်စရာအကြောင်း ဖြစ်သည်။
၃။ အဘယ်သို့ နည်းဟုမူကား၊ ချမ်းသာသော ယုံကြည်သူသည် စုံစမ်းစစ်ကြောခံရခြင်းဖြင့် အောက်ပါသင်ခန်းစားများကို သင်ယူမိသည်။

က။ မိမိပိုင်ဆိုင်သော စည်းစမ်သည် အသက်တာ၌ ပဓာန မဟုတ်။
ခ။ မိမိပိုင်ဆိုင်သော ချမ်းသာကြွယ်ဝခြင်းကို မှီခိုအသက်ရှင်၍ မရ။
ဂ။ မိမိ၏ စစ်မှန်သော ယုံကြည်ခြင်း (ဘုရားသခင်ကို အမှန်အမှီပြုခြင်း) အားဖြင့်သာ အသက်ရှင်ရမည်။

၄။ ဤသို့ဖြင့် ချမ်းသာသောသူသည် မိမိနှိမ့်ချသောအဖြစ်မှန်ကို သိ၍ဝန်ခံလာသည်။
၅။ ထိုသို့သော နှိမ့်ချခြင်းအမှုသည် ဝမ်းမြောက်ဝါကြွားစရာအကြောင်းဖြစ်သည်။ ချမ်းသာသော ယုံကြည်သူသည် ဤအမှု၌ အလွန်ဝမ်းမြောက်ရမည်။ (ယာကု ၁း၁-၂)

 

အကြောင်းမူကား…

၁။ ငြင်းပယ်၍ မရသော အကြောင်းတရား တစ်ခု ရှိသေးသည်။
၂။ လူသတ်္တဝါတို့၏ သဘောသဘာ၀ ပင်ဖြစ်သည်။ လူသည်- ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ – မြက်ပွင့်ကဲ့သို့ အလျင်အမြန်ကြွေလွင့်သွားမည် ဖြစ်သည်။

က။ ဖောက်ပြန်(ဂရိ-parerchomai) သည် –

– ပျောက်ကွယ်ခြင်း၊
– ကွယ်လွန်ခြင်း၊
– ပျက်ဆီးခြင်း စသည်တို့ဖြစ်သည်။

ခ။ လူတို့သည် ခြောက်သွေ့သောမြေပြင်၌ ပေါက်သော မြက်ပန်းပွင့်ကဲ့ သို့ ခေတ္တခဏသာပွင့်လန်း၍ အလျင်အမြန်ကြွေသွားတတ်ကြသည်။

၃။ ဤအမှန်တရားကို ချမ်းသာသောသူသည် နှလုံးသွင်းမိသောအခါ နှိမ့်ချဆင်းရဲခြင်းသဘောကို ခံစားမိမည်ဖြစ်သည်။
၄။ ထိုငွေရတတ်သောသူသည် ထိုအမှု (နှိမ့်ချဆင်းရဲခြင်း)၌ ဝါကြွားဝမ်းမြောက်ခြင်း ရှိရမည်။