Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၄)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၄)

 

လက်ဝါးကပ်တိုင်နှင့်ဆိုင်သော အောင်ပွဲ
ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျားလှီးခြင်းကို မခံသော အဖြစ်၌၎င်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍၊ သင်တို့အပြစ် ရှိသမျှ တို့ကို လွှတ်တော်မူ၏။ ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သောလက်မှတ်ကိုချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော် အားဖြင့် အောင်ပွဲကို ခံတော်မူပြီ (ကော ၂း၁၃-၁၅)။

လက်ဝါးကပ်တိုင်နှင့်ဆိုင်သော အောင်ပွဲသည် ဘုရားသခင်ပြုသော အမှုဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်၌အသေခံခြင်းအားဖြင့် လောကီ မှောင်မိုက် တန်ခိုးမှန်သမျှ၊ အာဏာစက်ရှိသမျှတို့ကို အနိုင်ယူချေမှုန်း လိုက်သည်။ ယုံကြည်သူတို့သည်လည်း ခရစ်တော်၌ “အထူးသဖြင့် အောင်မြင်”သောသူများ ဖြစ်ကြသည် (ရောမ ၈း၃၇)။

 

ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ …

၁။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး၌ သေလျက်ရှိနေကြသည်။
က။ ဗီဇအပြစ်၌ သေလျက်ရှိကြသည် (ရောမ ၆း၂၃)။
ခ။ ဒုစရိုက်အပြစ်များ၌ သေလျက်ရှိကြသည် (ဧဖက် ၂း၁-၅)။

၂။ ကျွန်ုပ်တို့သည် ပညတ်တော်၌ သေလျက်ရှိနေကြသည်။
က။ “ဇာတိပကတိ၏အရေဖျားလှီးခြင်းကိုမခံသော အဖြစ်” သည်ပညတ်တရားကို ဆိုလိုသည်။
ခ။ ထိုပညတ်တရားကို အကုန်အစင် မလိုက်လျှောက်နိုင်ခြင်း ကြောင့် သေကြရသည် (ဂလာတိ ၃း၁၀)။

၃။ ဘုရားသခင်သည် သေလျက်ရှိနေသောကျွန်ုပ်တို့ကို (ဝိညာဉ် ရေး၌) အသက်ရှင်စေသည်။
က။ ဘုရားသခင်သည် သခင်ခရစ်တော်ကို သေခြင်းမှ ပြန်ထ မြောက်စေသောအချိန်၌ ယုံကြည်သူ အပေါင်း တို့ကို လည်း ထိုသခင်နှင့်အတူ ပြန်အသက်ရှင်စေသည်။
(၁) ဘုရားသခင်၏ လုပ်ဆောင်ချက် သက်သက် ဖြစ်သည် (ကော ၂း၁၂)။
(၂) ဘုရားသခင်၏တန်းခိုးတော်အားဖြင့် ဖြစ်သည် (ကော ၂း၁၂)။
ခ။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်ရှိသမျှတို့ကို လွှတ် တော်မူခြင်းအားဖြင့် ခရစ်တော်နှင့်အတူ ပြန်အသက်ရှင် စေသည်။
(၁) ဗီဇအပြစ်
(၂) ဒုစရိုက်အပြစ်များ

 

ဝိနည်းအထုံးအဖွဲ့နှင့်ဆိုင်သောလက်မှတ်ကိုချေ၍ …

၁။ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့” သည် ပညတ် တရား၏ တောင်းဆိုချက်များကို ဆိုလိုသည်။

၂။ ထိုအထုံးအဖွဲ့နှင့်ဆိုင်သော “လက်မှတ်” သည် ပညတ် တရား၏တောင်းဆိုချက်စာလွှာ(စာရွက်)ဟု မှတ်ယူရမည်။
က။ အပြစ်၏အဖိုးအခ၊
ခ။ ဝဋ်ကြွေးရှိသမျှ စသည်တို့ကို ရည်ညွှန်းသည်။

၃။ သခင်ခရစ်တော်သည် အသေခံခြင်းအားဖြင့် ထိုပညတ် တောင်းဆိုချက်စာလွှာကို ချေဖျက်ကာ၊ ကျွနု်ပ်တို့ကြားမှ ပယ်ရှင်းတော်မူသည်။

၄။ ခရစ်တော်ကြောင့် ထိုပညတ်တောင်းဆိုချက်စာလွှာသည် ကျွန်ုပ်တို့နှင့် လုံး၀ မသက်ဆိုင်ပါ။

 

လက်ဝါးကပ်တိုင်တော်အားဖြင့် …
၁။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တော်အားဖြင့်
က။ တန်ခိုးမှန်သမျှ၊ အာဏာစက်ရှိသမျှတို့ကို ချေမှုန်းလိုက်သည်။
ခ။ စိုးမိုးနေသော အာဏာရှင်များကိုလည်း အရှက်ရစေသည်။
၂။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ရယူသည်။

သခင်ခရစ်တော်၌ ကျွန်ုပ်တို့သည်လည်း အောင်မြင်သောသူများ ဖြစ်ကြသည်။ လက်ဝါးကပ်တိုင်နှင့်ဆိုင်သော အောင်ပွဲသည် လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ဒေသနာ ဖြစ်သည် (၁ကော ၁း၁၀)။ ထို့ကြောင့် “အောင်ပွဲအမှန် လက်ဝါးကပ်တိုင်”ဟု ဆိုရပေမည်။

 

To Contact : [email protected]