Bethany Independent Presbyterian Church

Myanmar

ယေရှုခရစ်၏ ဓမ္မဆရာကောင်း (၂၂)

ယေရှုခရစ်၏ ဓမ္မဆရာကောင်း (၂၂)

 

အမျိုးသမီးများ
ထိုနည်းတူ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြ မည်။ ချောစားတတ်သောသူ မဟုတ်။ သမ္မာသတိရှိသော သူ၊ အရာရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်

(၁တိ ၃း၁၁)

 

ထိုနည်းတူ
၁။ အမှုတော်ဆောင် အမျိုးသမီးများကို ဆိုလိုသည်။
၂။ သင်းထောက်အမျိုးသမီးများကို ဆိုလိုသည်။
၃။ သင်းထောက်အမျိုးသမီးများသည်လည်း သင်းထောက် ယောကျ်ားများကဲ့သို့ အရည်အချင်းရှိကြရမည်။

 

မိန်းမတို့သည် တည်ကြသည်သောသူ…
၁။ တည်ကြည်သောသူများ
က။ ရိုးသား၍ လေးစားထိုက်သောသူ
ခ။ အလေးအနက်ထားတတ်၍ သက္ခာရှိသောသူ

၂။ ချောစားတတ်သောသူ မဟုတ်
က။ လှည့်စားတတ်သောသူ
ခ။ လိမ်ညှာတတ်သောသူ
ဂ။ သူတပါး မကောင်းကြောင်း၊ ဖန်တီးပြောဆိုတတ်သောသူ

၃။ သမ္မာသတိရှိသောသူ
က။ ပုံကြီး မချဲ့တတ်သောသူ
ခ။ တည်ငြိမ်သောသူ
ဂ။ အပြောနှင့် လက်တွေ့ ညီသောသူ

၄။ သစွာရှိသောသူ
က။ ယုံကြည်အားထား၍ ရသောသူ
ခ။ အတွင်းသဘောနှင့် အပြင်သဏ္ဍန် မခြားသောသူ

 

အရာအရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်

အမျိုးသမီးသင်းထောက်များသည်
၁။ ကျရာတာဝန်၌
၂။ အိမ်ထောင်ရေး၌
၃။ လူမှုဆက်ဆံရေး၌ စသည်တို့၌ သစ်္စာရှိသောသူ ဖြစ်ကြရ မည်။

To Contact : [email protected]