Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄၅)

ထိုသခင်၌ ကျင်လည်ကြလော့ (၄၅)

 

 

သတင်းပေးပို့ခြင်း မစ်ရှင်
သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်း ဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာ ရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။ သူသည် သင်တို့၏ အကြောင်းအရာများကို သိ၍၊ သင်တို့စိတ် နှလုံးကို သက်သာစေခြင်းငှါ၊ ထိုသူကို၎င်း၊ သင်တို့အထဲက ဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ သြနေသိမ်ကို၎င်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။ သူတို့သည် ဤမြို့၌ ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့်မည်။ (ကော ၄း၇-၉)

 

တုခိတ်…

၁။ သူသည် သစ္စာရှိသောအမှုတော်ဆောင် (deconos) ဖြစ်သည်။

က။ သခင်ဘုရားအပေါ် သစ္စာရှိသည်။
ခ။ ရှင်ပေါလုနှင့် လုပ်ဖော်ကိုင်ဖက်အပေါ် သစ္စာရှိသည်။

၂။ ရှင်ပေါလုကဲ့သို့ အစေခံကျွန် (dulos) လည်းဖြစ်သည်။

က။ ကျွန်ကဲ့သို့ အစေခံသည်။
ခ။ ခိုင်းသမျှကို ဆောင်ရွက်သည်။

၃။ ပေါလုနှင့်ရင်းနှီးသောသူ ဖြစ်သည်။

က။ ပေါလုက သူ့ကို “ငါချစ်သောညီ” ဟုခေါ်သည်။
ခ။ ပေါလုအကြောင်းကို ကောင်းကောင်းသိသောသူ ဖြစ်သည်။

၄။ ကောလောသဲယုံကြည်သူများကို

က။ ပေါလု၌ ဖြစ်ပျက်သော အရာများကို ပြောပြမည်။
ခ။ ကောလောသဲယုံကြည်သူများ၏ အကြောင်းအရာကိုလည်းသိသည်။

၅။ သူသည် ကောလောသဲယုံကြည်သူများအတွက် စိတ်သက်သာစရာ အကြောင်း ဖြစ်သည်။

 

သြနေသိမ် …

၁။ သူသည် ကောလောသဲယုံကြည်သူအသိုင်းအဝန်းမှ ဖြစ်သည်။
၂။ သစ္စာရှိသော သူလည်းဖြစ်သည်။
၃။ ရှင်ပေါလုနှင့် ညီအစ်ကိုသဖွယ် ရင်းနှီးသောသူ ဖြစ်သည်။
၄။ ရှင်ပေါလုက သြနေသိမ်နှင့် တုခိတ်တို့ကို ကောလောသဲသို့ စေလွှတ်သည်။
၅။သူတို့နှစ်ဦးတို့၏ မစ်ရှင် (လုပ်ငန်းတာဝန်) မှာ ရောမမြို့၌ ဖြစ်သမျှတို့ကို ကောလောသဲယုံကြည်သူများအား ပြန်ပြောပြရန် ဖြစ်သည်။

 

သတင်းပေးပို့ခြင်း၏ ရည်ရွယ်ချက်
ရှင်ပေါလုသည် တုခိတ်နှင့် သြနေသိမ်တို့အား သူ၌ ဖြစ်သမျှတို့ကို ကောလောသဲ ယုံကြည်သူများအားပြန်ပြောပေးရန် အဘယ်အကြောင်းကြောင့် စေလွှတ်ရသနည်။

၁။ အချင်းချင်း သိကြမှ သာလျှင် ထိရောက်စွာ ဆုတောင်းပေး နိုင်ကြမည်။
၂။ အချင်းချင်း သိကျွမ်းမှသာလျှင် ထိရောက်စွာ ကူညီကြနိုင်မည်။
၃။ ရှင်ပေါလုသည် ဧဝံဂေလိတရားကြောင့် ရောမထောင်၌ အကျဉ်းခံနေသည်ကို သိခြင်းသည် ကောလောသဲယုံကြည်သူများအတွက် များစွာ အထောက်အကူဖြစ်နိုင်သည်။

က။ ယုံကြည်ခြင်း၌ ပို၍ခိုင်ခံ့ခြင်း။
ခ။ ဧဝံဂေလိတရားတော်အတိုင်း စိတ်အားထက်သန်စွာ ရှင်သန် လိုခြင်း။
ဂ။ ပေါလုအသက်တာကိုကြည့်၍ ခွန်အားရယူခြင်း စသည့်အကျိုးများ ရရှိနိုင်သည်။

 

တုခိတ်နှင့် သြနေသိမ်

၁။ သူတို့၏ အသက်တာ ပုံသက်သေသည် –

က။ ပေါလုအတွက် ဂုဏ်ယူစရာ ဖြစ်သည်။
ခ။ ကောလောသဲယုံကြည်သူများအတွက်လည်း အတုယူစရာဖြစ်သည်။

၂။ ဘုရားသခင်သည် တုခိတ်နှင့် သြနေသိမ်ကို သမ္မာကျမ်းစာ၌ ထည့်သွင်းပါဝင်စေခြင်းအားဖြင့် သူတို့ကို အမှန် ချီးမြှောက်တော်မူသည် (ယောဟန် ၁၂း၂၆)။
၃။ သူတို့ကဲ့သို့ဘုရားသခင်၏ချီးမြှောက်ခြင်းကို စောင့်မျှော်လျက်မိမိတို့ကျရာတာဝန်ကို သစ္စာရှိရှိ ဆောင်ရွက်ကြပါစို့။

To Contact : [email protected]