Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၄)

ထိုသခင်၌ ကျင်လည်ကြလော့ (၄)

စံနမူနာယူထိုက်သော ဧပဖြ
သင်တို့အမှုကိုစောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်းဧပဖြသည် သင် တို့ကိုသွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသော နေ့မှစ၍ ထိုသို့သော အကျိုးရှိ၏။ သင်တို့၌ ရှိသောဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် ငါတို့အားပြခဲ့ပြီ (ကော ၁း၇-၈)

ဆရာသမားကောင်းများသည် ဘုရားသခင်က အသင်းတော်အား ပေးသနားတော်မူသော ကျေးဇူးတော် ဆုလာဘ် များ ဖြစ်ကြသည် (ဧဖက် ၄း၈-၁၂)။ သူတို့၏သွန်သင်ချက်များကို နာခံခြင်း၊ လိုက်နာခြင်းအမှုသည် ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ ဧပဖြသည် စံနမူနာ ယူထိုက်သော ဆရာကောင်းတစ်ဦး ဖြစ်သည်။

သင်တို့အမှုကိုစောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်း ဟူသော …၁။ ဧပဖြသည် ခရစ်တော်၏ကျွန်ဖြစ်သည်။
က။ ရှင်ပေါလုတို့နှင့် လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်သည်(ကျွန်ချင်း)။
ခ။ ရှင်ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်တို့ ချစ်သောအစေခံကျွန် ဖြစ်သည်။
၂။ ဧပဖြသည် ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတစ်ပါး ဖြစ်သည်။
ကောလောသဲအသင်းတော်ကို တည်ထောင်သူ ဆရာတစ်ပါး ဖြစ်နိုင်သည် (တမန် ၁၉)။
၃။ သင်တို့အမှုကို စောင့်၍
က။ ဧပဖြသည် ကောလောသဲအသင်းဝင်များကို နှုတ်ကပတ်တော် သွန်သင်သည်။
ခ။ ကောလောသဲအသင်းတော်ကိုယ်စား သူဆုတောင်းခြင်းပြုသည်။
ဂ။ ကောလောသဲအသင်းတော်အတွက် သူဆုတောင်းပဌာနပြုသည်။
ဃ။ ရောမထောင်၌ ရှိသော တမန်တော်ပေါလုကို ကောလောသဲ အသင်းတော်အဖို့ သူ သွားတွေ့သည်(ကော ၄း၁၂-၁၃၊ တမန် ၂၈း၁၆-၃၁)။

သင်တို့၌ရှိသော ဝိညာဉ်ပကတိမေတ္တာကို ဧပဖြသည် …
၁။ ဧပဖြသည် ကောလောသဲယုံကြည်သူတို့၏အမှုကို ဆောင်ရွက်သည်။
၂။ သူသည် ကောလောသဲယုံကြည်သူတို့ ပေးပို့လိုက်သော မေတ္တာစေတနာကို ပေါလုနှင့်သူ၏လုပ်ဖော်ဆောင်ဖက်များထံပြန် လည် ဖော်ပြပေးသည်။
က။ မေတ္တာကို အခြေခံပြီး ပေးသောပစ္စည်းများ ဖြစ်နိုင်သည်။
ခ။ မေတ္တာအားဖြင့် ဧပဖြမှတစ်ဆင့် ပေးပို့သော နှုတ်ဆက်စကားလည်း ဖြစ်နိုင်သည်။
၃။ ဧပဖြနှင့် ကောလောသဲယုံကြည်သူတို့သည် ဝိညာဉ်ပကတိအတိုင်း သူတစ်ပါးအား မေတ္တာပြနိုင်ကြသည်။

သွန်သင်သည်အတိုင်း …
ကောလောသဲလူတို့သည် ဧပဖြထံမှ ကြားရသော ဧဝံဂေလိတရား ကို ထိုက်တန်စွာ တုံ့ပြန်ကြသည်။
၁။ ဆရာ ဧပဖြ သွန်သင်သည့်အတိုင်း ကြားနာပြီး နာခံလိုက်လျှောက်ကြသည်။
၂။ ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံကြသည်။
က။ ဘုရားသခင်ပြုသော ကယ်တင်ခြင်းအမှုကို လက်ခံကြသည်။
ခ။ သခင်ခရစ်တော်ကို မိမိတို့၏ကယ်တင်ရှင်နှင့်အသက်သခင်အဖြစ် လက်ခံကြသည်။
ဂ။ မိမိတို့၏ အပြစ်များအတွက်လည်း ဘုရားရှေ့၌ အမှန်အကန် နောင်တရကြသည်။
၃။ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏
က။ ဧဝံဂေလိတရားကို အမှန် ယုံကြည်လက်ခံသောနေ့ကိုရည်ညွှန်းသည်။
ခ။ အမှန်တကယ်ဒုတိယမွေးဖွားခြင်း ခံရသောနေ့ ဖြစ်သည်။
ဂ။ ထိုနေ့မှစ၍ ထိုတရား၏အကျိုးသည် အသက်တာ၌ ထင်ရှား လာသည်။
(၁) အသီးသီးခြင်း၊ (၂) တိုးပွားခြင်း၊ စသည်တို့ဖြစ်သည် (ကော ၁း၆)။

ခရစ်တော်ဗေဒနှင့်ဆိုင်သော ဆင်ခြင်သုံးသပ်ချက်
၁။ သခင်ယေရှုသည် ကျွနု်ပ်တို့၏သခင်ဖြစ်သည်။ ကျွနု်ပ်တို့သည် သခင်ယေရှု၏ ကျွန်များဖြစ်ကြသည်။ ထို့ကြောင့် ဧပဖြကဲ့သို့ သစ္စာရှိကြရမည်။
၂။ ခရစ်တော်ဟူသော နာမသည် ရာထူးသာ မဟုတ်ဘဲ၊ ယေရှု၏နာမည်ပင်ဖြစ်လာသည်။
၃။ ခရစ်တော်၏ကျွန်ဖြစ်ရခြင်း၌(ဘုရားသခင်၏) အလိုတော်နှင့်အညီ ဂုဏ်ယူကြမည်ဖြစ်သည်။

To Contact : [email protected]