Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၈)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၈)

 

မိဘနှင့် သားသမီး ဆက်ဆံရေး
သားသမီးတို့၊ မိဘစကားကို အရာရာ၌ နားထောင်ကြ လော့။ မိဘစကားကို နားထောင်ခြင်း အမှု သည် ဘုရား နှစ်သက်တော်မူသော အမှုဖြစ်၏။ အဘတို့၊ ကိုယ် သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ ထိုသို့ဖြစ်လျှင်၊ သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။ (ကော ၃း၂၀-၂၁)

 

သားသမီးတို့၊ မိဘစကားကိုရနားထောင်ကြလော့ …

၁။ သားသမီးတို့သည် မိဘစကားကို နားထောင်ရမည်။
က။ အရာရာ၌ နားထောင်ရမည်၊
ခ။ ဘုရားသခင်၏အလိုတော်နှင့်အညီနားထောင်ရမည် (ဧဖက် ၆း၁)။
၂။ ထိုသို့ ပြုမူခြင်းကို ဘုရားသခင် နှစ်သက်တော်မူသည်။
၃။ ဘုရားသခင်နှစ်သက်သောအမှု ဖြစ်သောကြောင့် ဆောင်ရွက်ရမည်။
က။ ဘုရားသခင်ကို နာခံသော အနေဖြင့်၊
ခ။ ဘုရားသခင်၏စိတ်တော်ကိုကျေနပ်စေရန် ရည်ရွယ်လျက်။

 

အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်

၁။ “အဘတို့” ကို “ဖခင်တို့” ဟု တိုက်ရိုက်ပြန်ဆိုကြသည်။
၂။ အမှန်မှာ ဤစကားလုံးသည် ဖခင်များကိုသာ ရည်ညွှန်းသည်မဟုတ်။
၂။ သားသမီး အထက်၌ မိဘနှစ်ပါးရှိသောကြောင့် –
က။ “အဘတို့” ဟူသောစကားလုံးကို“မိဘများ” ဟု ပြန်ဆိုနိုင်သည်၊
ခ။ ဤစကားလုံးသည် “မိဘများ” ကို ရည်ညွှန်းနေသည်ဟုနားလည် ရမည်။
၃။ သားသမီးများအပေါ် မိဘများ၏ တာဝန်မှာ –
က။ ကျွေးမွေးခြင်း၊
ခ။ စီမံခြင်း၊
ဂ။ သွန်သင်ခြင်း၊
ဃ။ ကူညီခြင်း စသည်တို့ ဖြစ်သည်။
၄။ “စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်” ကို အဘယ်သို့ လက်တွေ့ ဖော်ဆောင် ရမည်နည်း။
က။ “စိတ်ဆိုးစေခြင်း” ကို မူရင်း ဂရိဘာသာဖြင့် “arethizete” (စိတ်ဆွပေးခြင်း) ဖြစ်ပြီး၊ မိဘများမှ သားသမီးများကို မကောင်းသောစိတ်မွေးလာအောင် ရန်စခြင်း မပြုကြရန်ဖြစ်သည်။
ခ။ သားသမီးများသည် ထိုသို့ မိဘအပေါ် မကျေနပ်သော စိတ်သဘောရှိလာသောအခါ၊ (သူတို့သည်) အလို အလျောက် စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများနှင့် အသက်ရှင်ရမည်ဖြစ်သည်။
ဂ။ ဆိုလိုသည်မှာ မိဘများသည် မိမိတို့၏ သားသမီးများအား စိတ်ဆိုးစေမိခဲ့လျှင်လည်း၊ စိတ်နာကျည်းမှုမဖြစ်မိစေရန် သတိနှင့်ဆုံးမကြရမည်။

 

မိသားစုအတွင်း ဆက်ဆံရေး
၁။ အိမ်ထောင်ဦးစီး နှင့် အိမ်ထောင်ရှင်မ ဆက်ဆံရေး (ကော ၃း၁၈-၁၉)။
က။ ယောက်ျားက မိမိ ဇနီးကို အမြတ်ဆုံးသော မေတ္တာနှင့် ချစ်မြတ်နိုးရမည်။
ခ။ မိန်းမက မိမိ ခင်ပွန်း၏ ဦးဆောင်မှုကို ဝန်ခံ (လက်ခံ) ရမည်။
၂။ မိဘနှင့် သားသမီး ဆက်ဆံရေး (ကော ၃း၂၀-၂၁)။
က။ သားသမီးများက မိဘတို့၏ စကားကို နားထောင်ရမည်။
ခ။ မိဘများက မိမိတို့၏ သားသမီးများကို စိတ်မနာမိစေရန် သတိနှင့် ဆုံးမကြရမည်။
၃။ ယောကျ်ားနှင့် မိန်းမ၊ မိဘနှင့် သားသမီးများ တို့သည်-
က။ အထက်ပါ ဖော်ပြထားသော အရာတို့ကို ဘုရားသခင်၏ အလိုတော်နှင့် အညီ ပြုကြရမည်။
ခ။ ဖော်ပြပါ အတိုင်း၊ အချင်းချင်းတို့သည် အပြန်အလှန်ဆက်ဆံကြရမည်။
ခ။ ဤသို့ ဆက်ဆံခြင်းသည် ဘုရားသခင်နှစ်သက်တော်မူသည်။
၄။ ဘုရားသခင် နှစ်သက်သော အမှုကို ပြုရသောအခွင့်သည်ပင် အလွန်မွန်မြတ်ပေသည်။
၅။ ထိုအခွင့်ကို သတိမထားဘဲ ပေါ့ပေါ့ပျက်ပျက် မခံယူသင့်ကြချေ။

 

To Contact : [email protected]