Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၅)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၅)

 

ငြိမ်သက်ခြင်းနှင့် နှုတ်ကပတ်တော်
သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း အုပ်စိုး စေ။ ထိုသို့အလို့ငှါ သင်တို့သည် တလုံး တကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည်ဖြစ်၍၊ ကျေးဇူးတော်ကို သိသော စိတ်ရှိကြလော့။ ခရစ်တော်၏နှုတ်ကပတ်တရား သည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီးချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုး အားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေး ခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့် ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။
(ကော ၃း၁၅-၁၆)

 

သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်း အုပ်စိုးစေ
၁။ ခရစ်တော်၏ငြိမ်သက်ခြင်း ဆိုသည်မှာ-
က။ ခရစ်တော်ပေးသော ငြိမ်သက်ခြင်း (ယောဟန် ၁၄း၂၇)၊
ခ။ ခရစ်တော်၌ တည်သော ဘုရားသခင်၏ငြိမ်သက်ခြင်း (ဟေရှာယ ၉း၆၊ ဧဖက် ၂း၁၈)။
ဂ။ ခရစ်တော်အားဖြင့် ရသော ဘုရားသခင်နှင့် လူသား၊ လူသားအချင်းချင်းတို့ကြား သင့်မြတ်ခြင်း (ဧဖက် ၂း၁၁-၁၅ နှင့် ၂ ကော ၅း၁၈ -၂၁)။
၂။ ထိုငြိမ်သက်ခြင်းသည် ယုံကြည်သူတို့၏ စိတ်နှလုံး အကြံ အစည်များကို ထိန်းချုပ်နေရမည် (အုပ်စိုး-ွု-ဘမဘေနကနအသ- သည် “ထိန်းချုပ်၊ ချုပ်ကိုင်” ဟုလည်းပြန်ဆိုနိုင်သည်။

 

ထိုသို့အလို့ငှါ …

၁။ ထိုသို့ “ခရစ်တော်၏ငြိမ်သက်ခြင်းသည် ယုံကြည်သူတို့၏ စိတ်
နှလုံး၏အကြံအစည်များကိုထိန်းချုပ်” နေမည်အကြောင်း “တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို” ခံကြရသည်။

၂။ “တလုံးတကိုယ်တည်း”၌ ခေါ်ထားတော်မူခြင်း ဆိုသည်မှာ ဘုရားသခင်သည် ယုံကြည်သူတို့ကို –
က။ တစ်ပါးတည်းသော သားတော်ခရစ်တော်၌ ခေါ်ထားခြင်း၊
ခ။ တစ်ခုတည်းသော ခရစ်တော်၏ကိုယ်ဖြစ်သော အသင်း တော်အဖြစ် ခေါ်ထားခြင်း၊
ဂ။ တစ်လုံးတစ်ဝတည်းဖြစ်ရန် (ကော ၃း၁၁) ခေါ်ထားခြင်း။

၃။ “ဖြစ်၍”ဟူသော စကားလုံး သည် အကျိုးအကြောင်းပြ စကား ဆက် ဖြစ်သည်။ တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားခြင်း ကျေးဇူးတော်ကို ခံရသောသူများဖြစ်ကြသည်။ ထို့ကြောင့် ကျေးဇူးတော်ကို သိသောစိတ်ရှိကြရမည်။

၄။ ဘုရားသခင်၏ ကျေးဇူးတော်ကို အကယ်စင်စစ် သိသောသူ သည် –
က။ ယင်းကျေးဇူးတော်ကို လက်တွေ့ တုံ့ပြန်နေလိမ့်မည် (၁ကော ၁၅း၁၀)၊
ခ။ ထင်ရာမစိုင်း၊ (သခင့်) စေရာလိုက်ပြီး အသက်ရှင်လိမ့်မည်။
ခရစ်တော်၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် …
၁။ ငြိမ်သက်ခြင်း ရှိသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တရားသည်လည်း ရှင်သန်သည် (ဆင်ခြင်ကြည့်ရန် – တမန် ၉း၃၁)။
၂။ ခရစ်တော်၏ငြိမ်သက်ခြင်းကို ရရှိသောသူတို့သည် သူ၏ နှုတ်ကပတ်တရားကို ပညာအမျိုးမျိုးနှင့် မိမိတို့အထဲ၌ ကြွယ်၀စွာ တည်စေရမည်။

၃။ “ပညာအမျိုးမျိုးနှင့်”တည်စေခြင်းဆိုသည်မှာ နှုတ်ကပတ်တော် ကို (ကော ၁း၁၁)-
က။ ဘုရားသခင်ဖွင့်ပြသည့်အတိုင်း နားလည်ခြင်း (ဂလာတိ ၁း၁၆၊ ၂ ကော ၅း၁၆)၊
ခ။ သန့်ရှင်းသောဝိညာဉ်တော် သွန်သင်သည့်အတိုင်း ခံယူခြင်း (၁ကော ၂း၁၃)၊
ဂ။ သခင်ခရစ်တော်၏စိတ်တော်နှင့်အညီ လက်ခံကျင့်သုံးခြင်း(၁ကော ၂း၁၆)။

၄။ “ကြွယ်ဝစွာ” တည်စေခြင်း ဆိုသည်မှာ နှုတ်ကပတ်တော်ကို-
က။ နှုတ်အားဖြင့် ဝန်ခံခြင်းသာ မဟုတ်၊
ခ။ လက်တွေ့ နာခံခြင်း၊
ဂ။ လက်ရှိဘဝအသက်တာ၌ များစွာ အသီး သီးခြင်း (ကော ၁း၆)။

 

ဆာလံသီးချင်းမှစသော သီချင်းဆိုကြလော့
၁။ ကျွနု်ပ်တို့အသက်တာနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တို့ တထေရာတည်း(တစ်ထပ်တည်း)ဖြစ်သည်နှင့်အမျှ –
က။ အချင်းချင်း ဆုံးမသွန်သင်ခြင်း၊
ခ။ အချင်းချင်း သတိပေးခြင်းနှင့်၊
ဂ။ ကျေးဇူးတော်ကိုသီဆိုချီးမွမ်းခြင်းစသည်တို့ကို လုပ်ဆောင်ကြရမည်။
၂။ ထိုအမှုတို့ကို “နူးညွတ်သောစိတ်နှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ”ပြုကြရမည်။

To Contact : [email protected]