Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၄)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၄)

 

အချင်းချင်း အပြစ်လွှတ်ခြင်း
တယောက်၌တယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်း တည်း ဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင် ကြလော့ (ကော ၃း၁၃-၁၄)

 

တယောက်၌တယောက် …
၁။ အချင်းချင်းဆက်ဆံကြရာ၌ တစ်ဦးကိုတစ်ဦး အပြစ်ပြောစရာ ရှိလာတတ်သည်။
၂။ အကယ်စင်စစ်၊ အချင်းချင်း အပြစ်တင်ခွင့် ရှိသောအခါ၊ တစ်ဦးအပြစ်ကို တစ်ဦးသည်းခံလျက် ခွင့်လွှတ်ကြရမည်။

 

အပြစ်ခွင့်လွှတ်ခြင်း
၁။ သခင်ခရစ်တော်ကိုယ်တိုင် သွန်သင်ခဲ့သည် (မဿဲ ၆း၉ အဆက်)။
၂။ သခင်ခရစ်တော်ကိုယ်တိုင် ပုံသက်သေ ထူခဲ့သည် (လုကာ ၂၃း၃၄)။
၃။ ခွင့်လွှတ်ခြင်းသည် မိမိ၌ရှိသော ကလဲ့စားချေခွင့်ကို စွန့်လွှတ် လိုက်ခြင်းဟု ဆိုရပေမည်။

 

ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ …
၁။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ရာနှုန်းပြည့် ခွင့်လွှတ်သည်။
၂။ သခင်ယေရှုသည် ကျွန်ုပ်တို့အပြစ်များအတွက် အဖိုးအခ ပေး ဆပ်ပြီး ခွင့်လွှတ်သည်။
က။ လက်ဝါးကပ်တိုင်၌ ကျွန်ုပ်တို့ကိုယ်စား အသေခံခြင်းအားဖြင့် ခွင့်လွှတ်သည်။
ခ။ အပြစ်၏အဖိုးအခကို ကျွန်ုပ်တို့အတွက် ပေးဆပ်ခြင်းအား ဖြင့် ခွင့်လွှတ်သည် (ရောမ ၆း၂၃)။
၂။ သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို အကုန်အစင် ခွင့်လွှတ်သည်။
၃။ ခရစ်တော်က ကျွန်ုပ်တို့၏အပြစ်များ လွှတ်သည်နည်းတူ
က။ အချင်းချင်း အပြစ်မတင်ဘဲ သည်းခံရမည်။
ခ။ အချင်းချင်း အပြစ်တင်ခွင့်ကို စွန့်လွှတ်လျက် ခွင့်လွှတ်ကြ ရမည်။

 

စုံလင်ခြင်း အဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာ
၁။ ချစ်ခြင်းမေတ္တာသည် သာ၍မွန်မြတ်သော လမ်းစဉ် ဖြစ်သည် (၁ကော ၁၂း၃၁-၁၃)။
က။ ယုံကြည်သူတို့သည် ချစ်ခြင်းမေတ္တာ ပို၍ လိုချင်ရမည်၊
ခ။ ခရစ်ယာန်တို့သည် ချစ်ခြင်းမေတ္တာလမ်းစဉ်ကို လိုက် လျှောက်ရမည်။
၂။ ချစ်ခြင်းမေတ္တာသည် မည်သည့်အရာများကို စုံလင်စေသနည်း။
က။ ပညတ်တော်ကို စုံလင်စေသည် (ဂလာတိ ၅း၁၄)၊
ခ။ ယုံကြည်ခြင်းကို လက်တွေ့ဖော်ဆောင်သည် (ယှဉ်ဖတ်- ၁ကော ၁၃း၁-၈)။
၃။ ဘုရားသခင်ကို အမှန်အကန် ချစ်သောအခါ (မဿဲ ၂၂း၃၇-၃၉)။
က။ သူ၏ ပညတ်ချက်များကို လိုက်လျှောက်သည် (ထွက် ၂၀း၃- ၁၁)၊
ခ။ ကိုယ်နှင့်စပ်ဆိုင်သောသူကိုလည်း ကိုယ်နှင့်အမျှ ချစ်တတ် လာသည် (ထွက် ၂၀း၁၂-၁၇)။
၄။ “စုံလင်ခြင်း”သည် ရင့်ကျက်ခြင်း(ဝါ)ယုံကြည်ခြင်းကို လက်တွေ့ ဖော် ဆောင်ခြင်းဟု သတ်မှတ်ရမည်။
၅။ “အဖွဲ့အစည်း” ကို “အချုပ် (သို့) ချုပ်နှောင်ပေးသောအရာ” ဟု နားလည်ရမည်။
ချစ်ခြင်းမေတ္တာသည် စုံလင်ခြင်း (ရင့်ကျက်ခြင်း) ၏ အချုပ် ဖြစ်သည်။

 

ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့
၁။ အထက်က လူသစ်နှင့်စပ်ဆိုင်သော အကျင့်သီလများ (ကော ၃း၁၂-၁၃) ကို ယူတင်ဝတ်ဆင်ရမည်။
၂။ ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြရမည်။
၃။ ချစ်ခြင်းမေတ္တာအားဖြင့် –
က။ မိမိတို့၏ ယုံကြည်ခြင်းကို ရုပ်လုံးဖော်ရမည်။
ခ။ မိမိတို့၏ အသက်တာကို တန်ဆာဆင်ရမည်။
၃။ ချစ်ခြင်းမေတ္တာသည် ရင့်ကျက်ခြင်း၏ ဝိသေသလက်္ခဏာ တစ်ရပ်ဖြစ်သည်။ ယုံကြည်သူအချင်းချင်းကိုလည်း ရင်းနှီး ဆက်နွယ်ပေးသည်။ မေတ္တာဖြင့် မိမိတို့၏ ယုံကြည်ခြင်းကို ဖော်ထုတ်ခြင်းသည် အဓိက ဖြစ်သည်။

To Contact : [email protected]