Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၀)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၀)

 

ကိုယ်အင်္ဂါတို့ကို သေစေကြလော့
ထို့ကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်း တည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါ တို့ကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်သောသူတို့အပေါ်၌ သင့် ရောက်ပေ၏ (ကော ၃း၅-၆)

 

ထို့ကြောင့် …
၁။ ဤစကားဆက်သည် အထက်ကအကြောင်းအရာကို ရည် ညွှန်းသည်။
၂။ အထက်က ဆိုခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ခရစ်တော် နှင့်အတူ ဘုန်းထင်ရှားမည့်အချိန်ကို မျှော်လင့်နေကြသည်။
၃။ ဤကျမ်းပိုဒ်ရှိ “ထို့ကြောင့်” သည် “ထိုမျှော်လင့်ချက်ကြောင့်” ဟု ပြန်ဆိုနိုင်သည်။
၄။ ထိုမျှော်လင့်ချက်ကြောင့် မိမိ၌ရှိနေသော ဒုစရိုက်အကျင့်ဆိုး များကို အဆုံးစီရင်ရမည် ဖြစ်သည်။

 

မတရားသော မေထုန်၌မှီဝဲခြင်း
၁။ ကာမဂုဏ်၌ အကျင့်စာရိတ္တပျက်ပြားခြင်းကို ဆိုလိုသည်။
၂။ မတရားသောလိင်ဆက်ဆံမှုကို ကိုယ်ထိလက်ရောက် ကျူးလွန် ခြင်းကို ရည်ညွှန်းသည်။

 

ညစ်ညူးစွာ ကျင့်ခြင်း
၁။ မတရားသော ကာမဂုဏ် လက်တွေ့ကျူးလွန်ခြင်းကိုသာ မဆိုလိုပါ။
၂။ မတရားသော လိင်ကိစ္စများကို စိတ်ဖြင့် ကျူးလွန်ခြင်းကို ဆိုလိုသည်။
က။ စိတ်ကူးခြင်း
ခ။ ကြံစည်ခြင်း

 

ကိလေသာပူပန်ခြင်း
၁။ မကောင်းသောအရာများကို အရူးအမူး စွဲလမ်းခြင်း။
၂။ မတရားသောအရာများ ပိုင်ဆိုင်လိုသောစိတ်ကြောင့် မိုက်မဲစွာ အသက်ရှင်ခြင်း။

 

ဆိုးညစ်သောတပ်မက်ခြင်း
၁။ မကောင်းသော၊ မတရားသော ဆန္ဒ။
၂။ မတရားသောအရာများကို လိုချင်တပ်မက်ခြင်း။
၃။ ယုတ်ညံ့သော အတွင်းစိတ်သဘော။
ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘ လွန်ကျူးခြင်း
၁။ ရုပ်တု ကိုးကွယ်ခြင်းသည် လောဘ လွန်ကျူးခြင်းပင် ဖြစ်သည်။
၂။ လောဘ ဆိုသည်မှာ –
က။ တားမြစ်သောအရာများကို လိုချင်တပ်မက်ခြင်း (ယာကုပ် ၄း၁-၂)၊
ခ။ ရသင့်ရထိုက်သည်ထက် ရယူပိုင်ဆိုင်လိုခြင်း၊
ဂ။ လောကီအရာ (မြေကြီးအရာများ) ကို မျှော်လင့်ကိုးစား ခြင်းစသည်တို့ဖြစ်သည်။

 

မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့
၁။ လောဘလွန်ကျူးခြင်းသည် ကျွန်ုပ်တို့ ကိုယ်အင်္ဂါအားဖြင့်သာ ဖြစ်တည်နိုင်သည်။
၂။ “ကိုယ်အင်္ဂါ”များဟုဆိုရာ၌ လောကီဆန်နေခြင်း၊ အသွေးအသားဆန်နေခြင်း ကိုဆိုလိုသည်။
၃။ ထို့ကြောင့် “မြေကြီးပေါ်မှာ ရှိသော” ကို “အသွေးအသားနှင့် ဆိုင်သောကိုယ်အင်္ဂါများ” ဟုပြန်ဆိုရမည် (ယှဉ်ကြည့်- ဂလာတိ ၅း၁၉-၂၁)။ ကျွန်ုပ်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများ – စိတ်ထား၊ဆန္ဒ၊ ဇာတိပကတိ၏အလို- ကို လောကီ မဆန် စေဘဲ၊ သေစေကြရမည်။

 

ထိုအမှုများကြောင့် …
၁။ ဘုရားသခင်ကို ငြင်းဆန်သောသူများသည် လောကီဆန်ဆန် ရှင်သန်ခြင်း၏ လက္ခဏာများဖြစ်သော အထက်ဖော်ပြပါ အပြစ်များကို ကျူးလွန်ကြသည်။
၂။ ထိုအပြစ်များကြောင့် ဘုရားသခင်၏အမျက်တော်သည် သူတို့ အပေါ်၌ သက်ရောက်သည် (ယှဉ်ဖတ်ရန်- အာမုတ် ၁-၂)။

To Contact : [email protected]