Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃)

ထိုသခင်၌ ကျင်လည်ကြလော့ (၃)

ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြား သည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။ သင်တို့၌ အသီးသီးခြင်း၊ တိုးပွားခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏ (ကော ၁း၆)

ဧဝံဂေလိတရားကို ယုံကြည်လက်ခံသောသူတို့၌ ထိုတရားနှင့်ထိုက်တန်သော အသက်တာ ပြောင်းလဲခြင်းများ ရှိလာ သည်။ အချည်းနှီးမခံယူမိရန် မိမိတို့အသက်တာကို ထိုတရားတော် နှင့်အညီ သတိနှင့်အစဉ် ပြုပြင်အပ်ပေသည်။

ထိုတရားသည် …
၁။ ဧဝံဂေလိတရားကို ရည်ညွှန်းသည်။
၂။ ထိုဧဝံဂေလိတရားသည် သမ္မာတရားပင် ဖြစ်သည် (ကော၁း၅)။
၃။ တမန်တော်တို့ ဟောပြောသော တရားဖြစ်သည် (ဂလာတိ ၁း၉ )။
၄။ ထိုတရားသည် တမန်တော်တို့နှင့် ယုံကြည်သူများ ဟောကြားခြင်းအားဖြင့် နေရာအနှံ့အပြားသို့ ရောက်ရှိနေပြီး ဖြစ်သည် (တမန် ၄း၃၁၊ ၈း၄)။
၅။ ထိုတရားသည် ကောလောသဲယုံကြည်သူများထံသို့လည်းရောက် ရှိလာသည်။

သင်တို့၌အသီးသီးခြင်း၊တိုးပွားခြင်း …ပြုတတ်၏
၁။ ဧဝံဂေလိတရားကို လက်ခံယုံကြည်သောသူအပေါင်းတို့၌ တွေ့ရသော အချက်များမှာ-
က။ ဧဝံဂေလိတရားနှင့်အညီ အသီးများ သီးခြင်း။
ခ။ ဧဝံဂေလိတရားအားဖြင့် တိုးပွားခြင်း၊ စသည်တို့ဖြစ်သည်။
၂။ ကောလောသဲယုံကြည်သူများအသက်တာ၌ထိုတရား၏ အကျိုးကို တွေ့ရသည်။
၃။ အခြားနေရာ၌ ရှိနေကြကုန်သော ယုံကြည်သူတို့အသက်တာ၌လည်း ထိုဧဝံဂေလိတရား၏အကျိုးကို တွေ့ရသည်။
၄။ ခရစ်တော်၏သတင်းကောင်းကို အမှန်အကန် လက်ခံသောသူတိုင်း၌ ထိုတရားနှင့်စပ်လျဉ်းသော အသက်တာပြုပြင် ပြောင်းလဲခြင်းများ ရှိကြသည်။

ပြုသည်နည်းတူ
၁။ ဧဝံဂေလိတရားသည်ယုံကြည်သူအသက်တာ၌ အသီးသီးခြင်း၊တိုးပွားခြင်းဟူသောအကျိုးကို ဖြစ်စေသည်။
၂။ ကောလောသဲယုံကြည်သူများအသက်တာ၌ ထိုသို့အကျိုးကျေးဇူးများ တွေ့ရသကဲ့သို့ ကျန်ယုံကြည်သူများအသက်တာ၌ လည်း တူညီသောအကျိုးများ တွေ့ရသည်။
၃။ ဧဝံဂေလိတရားအားဖြင့် အသက်တာပြုပြင်ပြောင်းလဲခြင်းသည်တစ်မူထူးခြားသောအချက်မဟုတ်ဘဲ၊ အကြွင်းမဲ့ခံယူ သူတိုင်းအတွက် ထိုတရား၏ပင်ကိုသဘာဝ (အာနိသင်) ပင်ဖြစ်သည်။

အသီးသီးခြင်းနှင့်တိုးပွားခြင်း
၁။ အသီး သီးခြင်း
က။ လက်တွေ့လုပ်ဆောင်ခြင်း (မဿဲ ရး၂၄)။
ခ။ ကြားနာသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း(ယာကုပ် ၁း၂၂)။
ဂ။ ဝိညာဉ်ပကတိ၏အသီးအပွင့်များ (ဂလာတိ ၅း၂၂)။
ဃ။ ခရစ်တော်၏အလိုတော်နှင့်ညီသော အသက်တာ (ယောဟန် ၁၅)။
၂။ တိုးပွားခြင်း
က။ ခရစ်တော်ကို သိကျွမ်းခြင်းပညာ၌ တိုးပွားခြင်း (ဧဖက် ၄း၁၃၊ ၂ ပေ ၃း၁၈)။
ခ။ ဘုရားသခင်ကို ယုံကြည်သက်ဝင်မှု၌ တိုးပွားခြင်း (ဧဖက် ၄း၁၃၊ ယာကုပ် ၂း၅ )။
ဂ။ ခရစ်တော်၏ပြည့်စုံခြင်း ပမာဏအတိုင်း ရင့်ကျက်ခြင်း(ဧဖက် ၄း၁၃)။
ဃ။ ဘုရားသခင်၏ကျေးဇူးတော်၌ ကြီးပွားခြင်း (၂ပေ ၃း၁၈)။

ခရစ်တော်ဗေဒနှင့်ဆိုင်သော ဆင်ခြင်သုံးသပ်ချက်
၁။ ခရစ်တော်ကို အကြွင်းမဲ့ ယုံကြည်သောသူတို့သည် ယုံကြည်ခြင်း၌ ညီအစ်ကိုများကို ချစ်တတ်လာမည် (ကော ၁း၃-၄)။
၂။ ခရစ်တော်ကို လက်ခံယုံကြည်သောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်နှင့် သခင်ခရစ်တော်ကို သိကျွမ်းခြင်းအမှု၌ တိုးပွားနေမည် (၂ပေ ၃း၁၈)။

To Contact : [email protected]