Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၈)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၈)

 

အထက်အရာတို့ကို ရှာကြလော့

အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့် အတူထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လကျ်ာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာ အရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။ မြေကြီး ပေါ်မှာ ရှိသောအရာတို့ကို စွဲလမ်းသော စိတ်မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြလော (ကော ၃း၁-၂)။

လူမည်သည်ကား တစ်ခုခုကို ရှာဖွေနေလျက် ရှိကြ သည်။ လူမျိုးတချို့တို့၏ အဆိုအမိန့်အရ၊ ပညာရှင်ဟူသည် မိမိကိုယ်ကို တွေ့ရှိသောသူ ဖြစ်သည် ဟုလည်းရှိသည်။ ခရစ်ယာန် များသည်လည်း ကောင်းကင်နှင့်ဆိုင်သော အရာများကို အမှန်အကန် ရှာရမည်။ အဘယ်သို့ ရှာရမည်နည်း။ ပေါလု ၏အဆိုအရ၊ ယုံကြည်သူတို့သည် ကောင်းကင်နှင့်ဆိုင်သော အရာ များကို ဦးစားပေး၍ လည်းကောင်း၊ စွဲလမ်းသောစိတ်နှင့် လည်းကောင်း ရှာရမည်။

 

အထက်ဆိုခဲ့ပြီးသည်အတိုင်း
၁။ “အထက်” သည် အခန်းကြီး (၂) ကို ရည်ညွှန်းသည်။
၂။ အခန်းကြီး (၂) ၌ ခရစ်တော်နှင့်အတူ ယုံကြည်သူများ ခံစားရသည့်အရာများကို ရှင်ပေါလုပြောပြခဲ့သည်။
က။ ခရစ်တော်အားဖြင့် လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်း (ကော ၂း၁၁)၊
ခ။ ဗတ္တိဇံခံခြင်းအားဖြင့် ခရစ်တော်နှင့်အတူ သေခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ထမြောက်ခြင်း (ကော ၂း၁၂)၊
ဂ။ ခရစ်တော်အားဖြင့် လောကီတရားနု၌ စုတေ့ခြင်း (ကော ၂း၂၀-၂၁)။

 

သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည် မှန်လျှင် …
၁။ ယုံကြည်သူအပေါင်းတို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်။
၂။ ကောလောသဲယုံကြည်သူတို့သည်လည်း ယုံကြည်ကြသည် မှန်လျှင် ခရစ်တော်နှင့်အတူအမှန် ထမြောက်ကြသည်။
ခ။ ခရစ်တော်နှင့်အတူ အမှန် ထမြောက်ကြလျှင် ကောလောသဲ ယုံကြည်သူတို့သည်အထက်က အရာတို့ကို ရှာကြရမည် ဖြစ်သည်။
ဂ။ အထက်က အရာတို့မှာ အဘယ်နည်း။
(၁) ဘုရားသခင်နှင့်စပ်ဆိုင်သော အရာများ၊
(၂) သခင်ခရစ်တော်နှင့်စပ်ဆိုင်သော အရာများနှင့်
(၃) ခရစ်တော် ထိုင်နေရာ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာများ စသည်တို့ဖြစ်သည်။

 

မြေကြီးပေါ်မှာ ရှိသောအရာ …

၁။ မြေကြီးပေါ်မှာ ရှိသောအရာများမှာ –
က။ လောကီနှင့်ဆိုင်သော သုခချမ်းသာနှင့် လက်ရှိအခြေ အနေနှင့်ဆိုင်သော ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
ခ။ ၎င်းတို့သည် မကောင်းဆိုးဝါးနှင့်ဆိုင်သော အရာများ မဟုတ်ကြပါ။ ထို့ကြောင့် မရှာသင့်သော၊ မပိုင်ဆိုင်သင့် သော အရာများလည်း မဟုတ်ကြပါ။ တစ်နည်းအားဖြင့် လောကီနှင့်ဆိုင်သော သုခချမ်းသာများ ပိုင်ဆိုင်ခြင်း၌ မည်သည့်အပြစ်မျှ မရှိပါ။
၂။ သို့သော် ယုံကြည်သူများသည် မြေကြီးပေါ်မှာ ရှိသောအရာများကို စိတ်စွဲလမ်းခြင်း မရှိသင့်ချေ။
က။ မြေကြီးပေါ်မှာ ရှိသောအရာများကို လောဘနှင့် မရှာသင့်ပါ။
ခ။ မြေကြီးပေါ်မှာ ရှိသောအရာများကို စွဲလမ်းသော စိတ်ဖြင့် စုဆောင်းရှာဖွေခြင်း မပြုသင့်ပါ။

 

အထက်က အရာတို့ကိုသာ …
၁။ ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့ကို ဦးစားပေး ရှာရမည် (မဿဲ ၆း၃၃)။
၂။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော အရာတို့ကိုသာ စွဲလမ်းသော စိတ်ရှိရမည်။
က။ ချစ်မြတ်နိုးသော စိတ်နှင့် ရှာရမည်။
ခ။ တန်ဖိုးထားသော စိတ်နှင့် ရှာရမည်။
ဂ။ စွဲမြဲစွာ ရှာရမည်။
ဃ။ ဇွဲနဘဲနှင့် ရှာရမည်။

အထက်က အရာများကိုသာ စွဲလမ်းသော စိတ်နှင့် ရှာနိုင်ကြစေကြောင်း။

To Contact : [email protected]