Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၇)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၇)

 

လောကီတရားမှ စုတေ့ခြင်းအမှန်
သင်တို့သည် ခရစ်တော်နှင့်အတူသေ၍၊ လောကီတရားနုမှ စုတေ့ကြသည်မှန်လျှင်၊ မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့် ဟူသော ပညတ်စကားကိုလောကီအသက်ရှင်သေးသကဲ့သို့၊ အဘယ်ကြောင့်နားထောင်ကြသနည်း။ လူတို့၏ပညတ် သြဝါဒအတိုင်း စောင့်ရှောက်သော ထိုပညတ်ရှိသမျှတို့သည် ပုပ်ပျက်စေခြင်းအကြောင်း ဖြစ်ကြ၏။ ထိုသို့သော ပညတ် တို့သည် ကိုယ်အသားကို ဝပြောစွာကျွေးမွေးခြင်းနှင့် မဆိုင်၊ ကိုယ်အလိုအလျောက်ကိုးကွယ်ခြင်း၊ စိတ်နှိမ့်ချခြင်း၊ ကိုယ်ကာယကို နှိပ်စက်ခြင်းနှင့်ဆိုင်၍၊ ပညာရှိ ယောင် ဆောင်ကြ၏

(ကော ၂း၂၀-၂၃)။

ခရစ်တော်နှင့်အတူသေသောသူတို့သည် လောကီ တရားနုမှ စုတေ့ကြသည်။ ထိုသို့ လောကီတရားနုမှ စုတေ့ကြ သောသူအပေါင်းတို့သည် ပညာရှိပီပီ လောကီနှင့်ဆိုင်သော ပညတ်စကားများအတိုင်း ကျင့်ကြံအားထုတ်ခြင်းကို စွန့်လွှတ် ကြသည်။ သို့မှသာလျှင်၊ ယုံကြည်သူများသည် ပညတ်တရား၏ သားသမီးများအဖြစ် ထင်ရှားနိုင်ကြမည် ဖြစ်သည် (ယှဉ်ဖတ်-လုကာ ရး၃၅)။

ထိုသို့သော ပညတ်တို့သည် …
၁။ လောကီတရားနု ဖြစ်သည်။
“မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်” စသည်တို့သည် ထိုလောကီ တရားနုနှင့်ဆိုင်သောပညတ်စကားများ ဖြစ်ကြသည်။
၂။ လူတို့၏ခေတ်အဆက်ဆက်မှ ဆုံးမသြဝါဒများ ဖြစ်သည်။
လူတို့၏ပညတ်ချက်များ၊ အဆိုအမိန့်များ၊ ရိုးရာဓလေ့များ စသည်တို့ပါဝင်သည်။
၃။ ဝပြောစွာ မစားရခြင်း၊ မိမိအလိုအလျောက် ကိုးကွယ်ခြင်း၊
စိတ်ကြီးဝင်သည်အထိ မိမိကိုယ်ကို နှိမ့်ချခြင်း၊ မိမိခန္ဓာကို ပြင်းထန်စွာ နှိပ်စက်ခြင်း စသည်တို့ဖြစ်သည်။ ထိုအခြင်းအရာ တို့ကြောင့် လောကီအသက်ရှင်ခြင်းသည် ပညာရှိတို့၏ကျင့်စဉ်ဟု ထင်မြင်ရသည်။
၄။ “ပုပ်ပျက်စေခြင်းအကြောင်း” ဖြစ်သည်။

 

လက်ရှိလောကအရာများနှင့် သက်ဆိုင်သည်။ ခန်္ဓာသေဆုံး သည်နှင့်အမျှ အပြီးအပိုင်ခံယူထားသော ပညတ်တို့သည် ပျောက် ကွယ်မည် ဖြစ်သည်။ “လောကီအသက်ရှင်”ခြင်း ဆိုသည်မှာ-
၁။ လောကီတရားနု(ဘုရားတရားမပါသော အခြေခံ ဒဿနိက) ကို အခြေခံခြင်း၊
၂။ ထိုလောကီတရားနုနှင့်ဆိုင်သော ပညတ်စကားကို နားထောင်ခြင်း၊
၃။ လူတို့၏ပညတ်သြဝါဒများ (မိရိုးဖလာ အဆိုအမိန့်များ) အတိုင်း ကျင့်ကြံအားထုတ်ခြင်း၊ စသည်တို့ဖြစ်သည်။
၄။ ထို ပညတ်ရှိသမျှတို့သည် “ပုပ်ပျက်စေခြင်းအကြောင်း” ဖြစ်ကြ သည်။
(၁) လောကီအသက်ရှင်ခြင်းသည် လက်ရှိ လောကနှင့်ဆိုင် သောကြောင့်ခေတ္တခဏအတွက်သာ ဖြစ်သည်။
(၂) ခန္ဓာသေဆုံးသည်နှင့်အမျှ လောကီအသက်ရှင်ခြင်း၏ အကျိုး ကျေးဇူးသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

 

“လောကီတရားနုမှ စုတေ့” ခြင်း ဆိုသည်မှာ-
၁။ ခရစ်တော်နှင့်အတူ သေခြင်း၊
က။ ဇာတိပကတိနှင့် ဇာတိပကတိ၏စိတ်များကို ခရစ်တော် ၏လက်ဝါးကပ်တိုင်၌ ရိုက်ထားသည်(ဂလာတိ ၅း၂၄)။
ခ။ ဝိညာဉ်ပကတိအတိုင်း ကျင်လည်သည် (ဂလာတိ ၅း၂၅)။
၂။ လောကီတရားနုကို အမှီမပြုခြင်း၊
က။ ဘုရားတရားမပါသော ဒဿနိကကို ပယ်ဖျက်သည်။
ခ။ လောကီတရားနု၏ ပညတ်စကားများကို စွန့်ပစ်သည်။
၄။ ခေတ်အဆက်ဆက်က လူတို့၏ပညတ်သြဝါဒများအုပ်စိုးမှုမှ ကင်းလွတ်ခြင်း စသည်တို့ ဖြစ်သည်။
၅။ သို့မှသာ၊ ကျွန်ုပ်တို့သည် “ပညာရှိယောင်ဆောင်”သောသူများ မဟုတ်ဘဲ၊ “ပညာတရားဆောင်”(လုကာ ရး၃၅) သောသူများ ဖြစ်နိုင်ကြမည် ဖြစ်သည်။

To Contact : [email protected]