Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၂၅)

ထိုသခင်၌ ကျင်လည်ကြလော့ (၂၅)

 

ခရစ်တော်သည်သာ ကိုယ်
ထို့ကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊လဆန်းနေ့၊ ဥပုသ်နေ့ တို့ကိုစောင့်ခြင်းအမှုတွင် သင်တို့ကိုအဘယ်သူမျှ မစစ်ကြော မစီရင်စေနှင့်။ ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ်သာဖြစ်ကြ၏။ ကိုယ်မူကား ခရစ်တော်၏ ကိုယ်ဖြစ်၏။

(ကော ၂း၁၆-၁၇)

အမှားနှင့် အမှန်ခွဲခြား၍ သိမြင်ခြင်းသည် အလွန် ကောင်းသည်။ ထိုနည်းတူ၊ ရှေးပြေး နိမိတ်လက်္ခဏာများနှင့် နောက်မှ အမှန်ဖြစ်လာမည့်အရာတို့အား ပိုင်းခြား၍ နားလည်း ခြင်းသည် လွန်စွာမှ အရေးပါသည်။ သခင်ခရစ်တော်သည် နောက်မှ ထင်ရှားလာသော ကိုယ် (အရှိတရား၊ အမှန်တရား) ဖြစ်သည်။ ယုဒဘာသာရေး၌ တွေ့ရသော ဘာသာရေး လုပ်ထုံး လုပ်နည်းများ (ceremonial laws) သည် ခရစ်တော်၏အရိပ်သာ ဖြစ်ကြသည်။ ယင်းသည် ခရစ်ယာန်တို့၏ ယုံကြည်သက်ဝင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

ထို့ကြောင့် စားသောက်ခြင်းအမှု …

၁။ “ထို့ကြောင့်”သည် (ကော ၂း၁၅) နှင့် (ကော ၂း ၁၆-၁ရ) တို့ကို ဆက်စပ်ပေးသည်။
ခရစ်တော်၌ တည်သော အောင်ပွဲအမှန်ကို အကြောင်းပြု၍ (ကော ၂း၁၅)၊ ဘာသာရေး စည်းမျဉ်းများ သည် အရိပ်အယောင်များသာ ဖြစ်ပြီး၊ ခရစ်တော်သည်သာ ကိုယ် (အရှိ တရား) ဖြစ်ကြောင်း ကိုဆက်စပ်ပေးသည် (ကော ၂း၁၆-၁၇)။

၂။ “စားသောက်ခြင်းအမှု၊ ပွဲနေ့၊လဆန်းနေ့၊ ဥပုသ်နေ့”
က။ ဤအရာများသည် (ယုဒဘာသာရေး)ဘာသာရေးလုပ်ထုံးလုပ်နည်းများ ဖြစ်ကြသည်။
(၁) အစားအစာနှင့်ဆိုင်သော စည်းမျဉ်းများ ရှိသည် (ဝတ် ၁၁)။
(၂) နေ့ထူးနေ့မြတ်များ ရှိသည် (ဝတ်၂၃)။
(၃) ဥပုသ်နေ့ ရှိသည် (Sabbath rest) ။
(၄) လဆန်းနေ့များ ရှိသည် (တောလည် ၁၀)။
ခ။ ပဋိညာဉ်သစ်အရ၊ ဤဘာသာရေးလုပ်ထုံးလုပ်နည်းများ သည်အကျုံးမဝင်တော့ချေ (ဟေဗြဲ ၈း၅၊ ၁၀း၁)။
ဂ။ ထို့ကြောင့် ဤဘာသာရေးလုပ်ထုံးလုပ်နည်းများ(စည်းမျဉ်းများကို) စောင့်စည်းခြင်း မပြုသင့်ပေ။
ဃ။ ဤအမှု၌ အကျွနု်ပ်တို့အား အဘယ်သူမျှ “မစစ်ကြောမစီရင်” မိစေရန် သတိရှိရမည်။

 

ထိုအရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏အရိပ် …

၁။ ထိုဘာသာရေး လုပ်ထုံးလုပ်နည်းများသည်လည်း ဘုရားသခင်ကိုယ်တိုင် ပေးတော်မူသော ပညတ်ချက်များ မဟုတ်သလောဟု တချို့က စောဒကတက်စရာ အကြောင်းရှိသည်။

၂။ ပဋိညာဉ်သစ်ရှုထောင့်မှကြည့်သောအခါ၊ ယုဒသာသာ၌ တွေ့ရသော ဘာသာရေး စည်းမျဉ်းများ၊ ဝိနည်းများ၊ ဓလေ့ များနှင့် ကိုးကွယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည် တို့သည် –
က။ နောက်မှ ဖြစ်လာမည့် အရာ၏ ေ့ရှပြေးနိမိတ်လက်္ခဏာ များ ဖြစ်ကြသည်။
ခ။ နောက်မှထင်ရှားလာသောခရစ်တော်၏အရိပ်သာ ဖြစ်ကြသည်။

၃။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘာသာရေးလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများသည် မမြင်ရသေးသော “ကိုယ်”၏အရိပ် ဖြစ် သည်။

 

ကိုယ်မူကား ခရစ်တော် …
၁။ မည်သည့်အရာသည် “ကိုယ်” ဖြစ်သနည်း။
၂။ အဘယ်သူသည် “ကိုယ်” (အကောင်အထည်/ခန္ဓာ) ဖြစ်သနည်း။
၃။ ရှင်ပေါလုက မဆိုင်းမငံ့ဘဲ အတိအလင်း ထွက်ဆိုသည်မှာ-
က။ “ကိုယ်” (နောက်မှ ဖြစ်လတံ့သော အရာ) သည် ခရစ်တော် ဖြစ်သည်။
ခ။ ခရစ်တော်သည် နောက်မှထင်ရှားလာမည့် “ကိုယ်” ဖြစ်သည်။
ဂ။ သခင်ယေရှုသည် ဘုရားသခင်၏ပညတ်ချက်များ ဖော်ညွှန်းသောကိုယ်(အမှန်တရား)ဖြစ်သည်။
ဃ။ သခင်ယေရှုသည် ယုဒဘာသာရေး လုပ်ထုံးလုပ်နည်းများ သရုပ်ဖော်သော ကိုယ် (အရှိတရား) ဖြစ်သည်။
င။ သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းစာများ၌ မထင်မရှား ရည်ညွှန်းသော ကိုယ် (ခရစ်တော်ကိုယ်တိုင်) ပင်ဖြစ်သည်။ “အရိပ်ပြအကောင်မြင်”ဆိုသည့်အလား ခရစ်တော် ကိုရှင်းလင်းစွာ မြင်နိုင်ကြပါစေ။

To Contact : [email protected]