Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၉)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၉)

ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထားလျက် ရှိကြ၏။ အဘယ်မည်သောသူမျှ ဖြားယောင်းသောစကားအားဖြင့် သင်တို့ကို မလှည့်ဖြား စေခြင်းငှါ၊ ဤစကားကို ငါပြောဆို၏ (ကော ၂း၃-၄) ။

 

ထိုနက်နဲသောအရာ …
၁။ နက်နဲသောအရာမှာ အဘယ်နည်း။
က။ ဘုရားသခင်နှင့် စပ်ဆိုင်သော အရာဖြစ်သည်။
ခ။ သခင်ခရစ်တော်သည် ဘုရားသခင်၏နက်နဲသောအရာဖြစ်သည်။
၂။ သခင်ခရစ်တော်အား “ဘုရားသခင်၏နက်နဲသောအရာ” ဟု သတ်မှတ်ရခြင်းမှာ-
က။ ဘုရားသခင်၏ ကယ်တင်ခြင်း အကြံအစည်တော်သည် သခင်ခရစ်တော်အားဖြင့်သာထင်ရှားသည်။
ခ။ အလွန်နက်နဲသော အသင်းတော်သည်လည်း သခင် ခရစ်တော်၌သာ ဖြစ်တည်သည်။
ဂ။ ဤနက်ရှိုင်းသော အကြောင်းတရားများကို သခင်ခရစ်တော်၌သာ ဘုရားသခင်ဖွင့်ပြတော်မူသည်။
ဃ။ ခရစ်တော် မတိုင်မီကာလတစ်လျှောက်လုံး ဘုရားသခင် ဝှက်ထားလျက်ရှိခဲ့သည်။
၃။ သခင်ခရစ်တော်၌သာ ပညာဘဏ္ဍာနှင့် ဉာဏ်ဘဏ္ဍာ ရှိသမျှတို့ ဝှက်ထားလျက်ရှိသည်။

 

ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ
၁။ သခင်ခရစ်တော်၌ ပညာဘဏ္ဍာနှင့် ဉာဏ်ဘဏ္ဍာ ရှိသမျှတို့ တည်ရှိကြသည်။
က။ သခင်ခရစ်တော်၏ အသက်တာနှင့် အမှုတော်
ခ။ သခင်ခရစ်တော်၏ သွန်သင်ချက် စသည်တို့သည် ပညာနှင့်ဉာဏ် ဖြစ်ကြသည်။
၂။ အကြောင်းရင်းမှာ-
က။ ခရစ်တော်သည် ဘုရားသခင်၏ ပညာတော် ဖြစ်သည် (၁ကော ၁း၂၄)။
ခ။ ခရစ်တော်အပေါ်၌ ဉာဏ်ပညာကိုပေးသော ထာဝရ ဘုရားသခင်၏ဝိညာဉ်တော်ကျိန်းဝပ်သည် (ဟေရှာ ၁၁း၂)။
ဂ။ ဘုရားသခင်သည် သခင်ခရစ်တော်အား သန့်ရှင်းသောဝိညာဉ်တော်ကို အကန့်အသတ်မရှိ ပေးတော်မူသည် (ယောဟန် ၃း၃၄)။
၃။ “ဝှက်ထားလျက်” ရှိသည်။
က။ ပညာနှင့် ဉာဏ်တို့သည် ခရစ်တော်၌ ဖုံးကွယ်ထားသည်။
ခ။ ပညာနှင့် ဉာဏ်တို့သည် ခရစ်တော်၌ ထိန်ချန်ထားသည်။
ဂ။ သခင်ခရစ်တော်ကို သိကျွမ်းခြင်းအားဖြင့်သာ ပညာနှင့်ဉာဏ်ကို ရရှိနိုင်မည်။
ဃ။ သခင်ခရစ်တော်၌သာ ပညာဘဏ္ဍာနှင့် ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် တည်ရှိကြသည်။
၄။ ယုံကြည်သူတို့သည် ခရစ်တော်၌ လုံလောက်သော ပညာနှင့်ဉာဏ် ပိုင်ဆိုင်ကြသည်။

 

သင်တို့ကို မလှည့်ဖြားစေခြင်းငှါ
၁။ လှည့်ဖြားတတ်သော ဆရာယောင်ဆောင်သောသူများ ရှိကြသည်။
၂။ သူတို့သည် ဖြားယောင်းသော စကားများကို ဆိုတတ်ကြသည်။
က။ ခရစ်တော်ကိုသာ ယုံကြည်ခြင်းသည် မလုံလောက်ပါ၊
ခ။ ခရစ်တော်ကိုသာ သိကျွမ်းခြင်းသည် မလုံလောက်ပါ ဟု ပြောဆိုတတ်ကြသည်။
၃။ နောစတစ်ဝါဒ (ွညသျအငခငျာ) ဟုခေါ်သည့် မှားယွင်းသော အယူဝါဒ ဖြစ်သည်။
က။ အထူးသိမြင်ခြင်း (ါညသျငျ) သည်သာ ကယ်တင်ခြင်းလမ်းစ ဖြစ်သည်ဟု ခံယူကြသည်။
ခ။ ထိုအထူးသိမြင်ခြင်း(ဝါ) အထူးဉာဏ် မရှိလျှင် ခရစ်တော်၏ကယ်တင်ခြင်းမှာ ပြည့်စုံခြင်းမရှိဟု ခံယူကြသည်။
၄။ ကောလောသဲယုံကြည်သူတို့သည် ထိုအယူဝါဒများကို လုံးဝငြင်းပယ်ရမည်။ လှည့်ဖြားခြင်း မခံရစေရန် ပေါလုအလိုရှိသည်။

 

ဤစကားကို ငါပြောဆို၏
၁။ ပေါလုသည် သူပြောလိုက်သော စကား၏ အကြောင်းရင်းကို ဖော်ပြသည်။
က။ မှားသော အယူဝါဒများ၏ ဘေးမှ ရှောင်နိုင်ကြရန်၊
ခ။ မှားသော ဝါဒများကြောင့် လှည့်ဖြားခြင်း မခံမိကြရန်၊
ဂ။ သခင်ခရစ်တော်၌ ပညာဘဏ္ဍာနှင့်ဉာဏ်ဘဏ္ဍာ ပြည့်စုံကြောင်း သိရှိရန် စသည်တို့ဖြစ်သည်။

To Contact : [email protected]