Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁ဂ)

ထိုသခင်၌ ကျင်လည်ကြလော့ (၁ဂ)

 

ဘုရားသခင်၏နက်နဲသောအရာ – ခရစ်တော်ဘုရား
သင်တို့နှင့်လောဒိကိမြို့သူမြို့သားတို့မှစ၍၊ ငါ့မျက်နှာကို မမြင်ဘူးသော သူရှိသမျှ
တို့သည်၊ မေတ္တာချင်းထုံးဖွဲ့၍၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်၏နက်နဲသော အရာကို
နားလည်နိုင်သော ဝိစိကိစ္ဆာနှင့်ကင်းစင်သော ဉာဏ်၏ စည်းစိမ်အပေါင်းနှင့်ပြည့်စုံ၍၊
စိတ်နှလုံးသက်သာစေမည် အကြောင်း အဘယ်မျှလောက် တိုက်လှန်ခြင်းကို ငါခံရ သည်ဟု
သင်တို့သိစေခြင်းငှါ ငါအလိုရှိ၏ (ကော ၂း၁-၂)။

ဘုရားသခင်၏ နက်နဲသောအရာသည် သခင်ခရစ် တော်ပင် ဖြစ်သည်။ သခင်ယေရှုသည် လူ့ဇာတိခံယူ သောဘုရားဖြစ်သည်။ ဤသည်ကား နက်နဲသော အရာပင် ဖြစ်သည်။

သင်တို့နှင့်လောဒိကိ …
၁။ ကောလောသဲယုံကြည်သူတို့နှင့် လောဒိကိယုံံကြည်သူတို့သည် ရှင်ပေါလုနှင့် လူချင်းတွေ့ဖူးကြခြင်းမရှိ။
၂။ သို့သော်၊ ထိုသူတို့နှင့် ရှင်ပေါလုတို့သည် အလွန်ခင်မင်ရင်းနှီးကြသည်။
က။ ဧပဖြမှ တစ်ဆင့် ရင်းနှီးလာကြသည် (ကော ၁း၇)။
ခ။ ဝိညာဉ်တော်အားဖြင့် အချင်းချင်း မေတ္တာရှိလာကြသည် (ကော ၁း၈)။
၃။ ယုံကြည်ခြင်းကို အခြေခံသောကြောင့် အမှန်ပင် ခင်မင်ရင်းနှီးနိုင်ကြသည်။

မေတ္တာချင်းထုံးဖွဲ့၍ …
၁။ ဘုရားသခင်သည် လူသားအပေါင်းကို ချစ်တော်မူသည် (ယောဟန် ၃း၁၆)။
၂။ ခမည်းတော် ဘုရားသခင်သည် ယုံကြည်သူတို့ကို မိမိ၏တစ်ပါးတည်းသော သားတော်၌ အဆုံးမရှိ ချစ်တော်မူသည် (ယေရမိ ၃၁း၃)။
၃။ ချစ်ခြင်းမေတ္တာသည် ဝိညာဉ်တော်၏ အသီးအပွင့်ဖြစ်သည် (ဂလာတိ ၅း၂၂)။
၄။ ကောလောသဲယုံကြည်သူတို့နှင့် လောဒိကိယုံကြည်သူတို့သည် ထိုဘုရားသခင်မှ လာသောမေတ္တာ၌ အချင်းချင်း ပေါင်းစပ်ရမည်။

ခမည်းတော်ဘုရား…နက်နဲသောအရာကို…ဉာဏ်၏ စည်းစိမ် အပေါင်းနှင့်ပြည့်စုံ၍
၁။ မူရင်း ဂရိကျမ်းအရ၊ ခမည်းတော်ဘုရားနှင့် ခရစ်တော်ကို ဆက်စပ်ပေးသော “နှင့်” ဟူသောစကားဆက်မရှိပါ။
၂။ ရှေ့နောက်ဆင်ခြင်မှုအရ၊နက်နဲသောအရာသည် ခမည်းတော်ပိုင်ဆိုင်သောအရာ ဖြစ်ည်။
က။ ခမည်းတော်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ဖြစ်သည် (ကော ၁း၂၆)။
ခ။ ထိုနှုတ်ကပတ်တော်၏စည်းစိမ်သည် ခရစ်တော် ဖြစ်သည် (ကော ၁း၂၇)။
ဂ။ ဘုရားသခင်၏သားတော်ခရစ်တော်၌ ခပ်သိမ်းသောပြည့်စုံခြင်းသည် ကျိန်းဝပ်သည် (ကော ၁း ၁၉)။
ဃ။ ထာဝရဘုရားသခင်နှင့် လူသားတို့၏ ပြန်လည်သင့်မြတ်ခြင်းသည် သခင်ခရစ်တော်၌သာဖြစ်တည်သည် (ကော ၁း၂၀)။
၃။ ထို့ကြောင့် ခမည်းတော်ဘုရား၏ နက်နဲသောအရာသည် သခင်ခရစ်တော် ဖြစ်သည်။
၄။ သခင်ခရစ်တော်ကို ဘုရားသခင်၏ နက်နဲသောအရာအဖြစ် သံသယမရှိဘဲ အသေအချာသိရှိထားရမည်။
၅။ ထိုသို့ သိကျွမ်းခြင်းသည် “ဘုရားကိုသိသောဉာဏ်” ဖြစ်သည်။
က။ ဤ “ဉာဏ်” ကို ပညာအမျိုးမျိုးဖြင့် ဖော်ထုတ်ရမည် (ကော ၁း၁၁၊ ၂၈)။
ခ။ ဤ “ဉာဏ်” သည် လက်တွေ့၌ ကြွယ်ဝသော အကျိုးပေးတတ်သည်။ ဤသည်ကား ထိုဉာဏ်၏စည်းစိမ် ဖြစ်သည်။
၆။ “ပြည့်စုံလျက်”သည် “အပြည့်အ၀ စိတ်ချခံယူလျက်” ဟုလည်း ပြန်ဆိုနိုင်သည်။ သခင်ခရစ်တော်ကို အမှန်အကန်သိကျွမ်းခြင်းသည် လက်ရှိဘဝနှင့် နောင်တမလွန်ဘဝတို့အတွက် လုံလောက်သောအသိဉာဏ် ဖြစ်သည်။

တိုက်လှန်ခြင်းကို ငါခံရသည်ကို …
၁။ ရှင်ပေါလု ဟောသော တရားကို ဆန့်ကျင်သောသူများစွာ ရှိကြသည်။
၂။ ပေါလုသည် ဧဝံဂေလိတရား၏ ရန်သူများကို ပြန်လည် တိုက်လှန်ရသည်။
၃။ ပေါလုသည် အားမာန်အပြည့်နှင့် မိမိအမှုတော်ဆောင်နေကြောင်း ယုံကြည်သူညီအစ်ကိုများကို သိစေလိုသည်။

ဝါကြွားနေသည် မဟုတ်၊ ခွန်အားပေးနေခြင်းသာ ဖြစ်သည်။

To Contact : [email protected]