Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၇)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၇)

 

စုံလင်ခြင်းသို့ (ဝါ) ရင့်ကျက်ခြင်းသို့

ခရစ်တော်အားဖြင့် လူတိုင်း စုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမ သွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။ ထိုသို့အလိုငှါ ငါသည် အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ် လေ့ရှိ၏ (ကော ၁း၂၈-၂၉)။

 

စုံလင်ခြင်းသည် အခြားမဟုတ်၊ ရင့်ကျက်ခြင်းပင် ဖြစ်သည်။ အသက်တာ ရင့် ကျက်ခြင်းသည် အသက်အရွယ်နှင့် လုံး၀ မဆိုင်။ သမ္မာကျမ်းစာ၏ သွန်သင်ချက်အား ခံယူနိုင်မှုပေါ်၌ မူတည်လျက်ရှိသည်။

 

ခရစ်တော်အားဖြင့် … စုံလင်ခြင်းသို့ …ဆက်သအံ့သောငှါ
၁။ စုံလင်ခြင်း (ဂရိ-teleion) သည် တဖြည်းဖြည်း ကြီးထွားကာရင့်လာခြင်းကို ဆိုလိုသည်။
က။ ခြံ၌ စိုက်ထားသော သစ်ပင်၊ပန်းပင်များ ကြီးထွားလာသည်၊ အလား ယုံကြည်သူ တိုင်းသည်ကြီးထွားရင့် ကျက်လာရမည်။
ခ။ ယုံကြည်ခြင်းနှင့်အသက်တာ၌ တဖြည်းဖြည်း ကြီးထွားလာရမည်။
၂။ “ခရစ်တော်အားဖြင့်” ဟုဆိုရာ၌
က။ သခင်ခရစ်တော်၏ နှုတ်ထွက်စကားများကို နာခံခြင်းအားဖြင့်၊
ခ။ သခင်ခရစ်တော်၏ နည်းဥပဒေသကို လိုက်နာခြင်းအားဖြင့်၊
ဂ။ သခင်ယေရှုကို လုံးလုံးလျားလျား မှီခိုကိုးစားခြင်းအားဖြင့်၊ စသည်တို့ကို ဆိုလို သည်။
၃။ စုံလင်ရင့်ကျက်လိုသောသူသည် ခရစ်တော်အားဖြင့်သာ အသက်ရှင်ရမည်။
၄။ “ဆက်သ” (ဂရိ-parastesomen) ခြင်းသည် မွန်မြတ်သော လုပ်ဆောင်ချက်ဖြစ်သည်။
က။ သခင်ယေရှုကိုယ်တိုင် ဆောင်ရွက်သောအမှုဖြစ်သည် (ကော ၁း၂၂)။
ခ။ ဘုရားသခင်ကိုယ်တိုင် အလိုရှိတော်မူသည်။
၅။ တမန်တော်ပေါလုသည် ခရစ်တော်နည်းကိုခံယူလျက် ယုံကြည်သူများကို ခရစ်တော်၌ စုံလင်စွာဆက်သလိုသည်။

 

ငါတို့သည် … သတိပေး … ဆုံးမသွန်သင်… ဟောပြောကြ၏။
၁။ ပေါလုနှင့်လုပ်ဖော်ဆောင်ဖက်များသည် ယုံကြည်သူတိုင်း ရင့် ကျက်လာစေရန် –
က။ သတိပေးခြင်း၊ ခ။ ဆုံးမသွန်သင်ခြင်းနှင့်
ဂ။ ဟောပြောခြင်း တို့ကိုပြုကြသည်။
၂။ ဗဟိုပြုထားသော အကြောင်းခြင်းရာမှာ ခရစ်တော်၏တရား တော် ဖြစ်သည်။
၃။ တမန်တော်တို့၏ တစ်ခုတည်းသော နည်းဗျူဟာမှာ ပညာ အမျိုးမျိုး ဖြစ်သည်။
၄။ “ပညာအမျိုးမျိုး” ဆိုသည်မှာ-
က။ နည်းမျိုးစုံ၊
ခ။ သတိဝီရိယ အပြည့်အစုံ၊
ဂ။ ထောင့်စုံ ဆင်ခြင်မှုအပြည့်၊
ဃ။ ခပ်သိမ်းသောအမှုအတွက် ဆုတောင်း၍ ဉာဏ်ပညာတောင်းခံခြင်း စသည်တို့ ဖြစ် သည်။

 

ထိုသို့အလိုငှာ ငါသည် အမှုဆောင်ရွက်၍
၁။ ထိုရည်ရွယ်ချက်နှင့် ပေါလု အလုပ် လုပ်ရသည်။
။ အမှုဆောင်ရွက်ရာ၌ ပေါလုကဲ့သို့ ရည်ရွယ်ချက် ရှိရမည်။
၃။ ယုံကြည်သူတိုင်း ရင့်ကျက်စေခြင်းငှာ ပိုပြီးအားစိုက်ကာ လုပ် ဆောင်ကြရမည်။

 

ငါ၌ တန်ခိုးတော်ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစား အားထုတ်လေ့ရှိ၏
၁။ ပေါလုသည် ကြိုးစား၍ အမှုတော်ကို ဆောင်ရွက်သည်။
၂။ ပေါလုသည် သူတစ်ပါးရှေ့ အပေါ်ယံကြိုးစားပြသည် မဟုတ်။
၃။ သူ၌ ဘုရားသခင်၏တန်ခိုးတော် ပြုပြင်တော်မူသည့်အတိုင်း ဟန် ချက်ညီညီ လုပ်ဆောင်ခြင်း သာဖြစ်သည်။
က။ ဘုရားသခင်သည် ပေါလုကို ဆက်လက်ပြုပြင်နေသည်။
ခ။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်သည် ပေါလု အသက်တာ၌ ကြီးမားစွာ ထင်ရှားနေသည်။
၄။ ပေါလုသည် ထိုကျေးဇူးတော်ကို အချည်းနှီး၊အကျိုးမဲ့ မဖြစ် အောင်ကြိုးစား၍ တုံ့ပြန် နေသည်(၁ ကော ၁၅း၁၀)။

To Contact : [email protected]