Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၆)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၆)

 

နှုတ်ကပတ်တော်၏ စည်းစိမ်ဖြစ်သော ခရစ်တော်

တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက်ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလို ရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့် ခြင်း အကြောင်း တည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း (ကော ၁း၂၇)။

 

ဘုရားသခင်၏ နက်နဲသောအရာမှာ နှုတ်ကပတ်တော် ဖြစ်သည်။ ထိုနှုတ်ကပတ် တော်သည် သခင်ယေရှုခရစ်၌ တည် တော်မူသော ဘုရားသခင်၏အကြံအစည်တော် ဖြစ် သည်။ တစ်ပါး အမျိုးသားတို့သည်လည်း ထာဝရဘုရားသခင်၏အကြံအစည်၌ ပါကြ သည်။ သခင်ခရစ်တော်သည် ဘုရားသခင်၏နက်နဲသော အရာနှင့်ဆိုင်သော (နောင်တစ် ချိန်၌ အပြည့်အ၀ ရရှိခံစားမည့်) မဟာစည်းစိမ်ဖြစ်သည်။

 

တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင်ဆိုင်သော မဟာစည်းစိမ်ကား …
၁။ နက်နဲသောအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ရည်ညွှန်းသည်။
က။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ခြင်း၊
ခ။ အသင်းတော်သည် ခရစ်တော်၏ကိုယ် ဖြစ်ခြင်းနှင့်
ဂ။ တပါးအမျိုးသားတို့သည်လည်း ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခံရခြင်း တို့သည်နှုတ်ကပတ်တော်၏ အဓိက အင်္ဂါရပ်များ ဖြစ်ကြသည်။
၂။ မဟာစည်းစိမ်သည် အလွန်ကြီးမြတ်သည်။
က။ ဘုရားရှင်ကိုယ်တိုင် စီမံပေးသနားတော်မူသော စည်းစိမ်ဖြစ်သည်။
ခ။ ဘုရားသခင်ကိုယ်တိုင် ကြိုတင်ကြံစည်ထားသော အရာဖြစ်သည်။
၃။ ဘုရားသခင်သည် မဟာစည်းစိမ် အဘယ်မျှလောက်ကြီးသည်ကို သိစေချင်သည်။
က။ သခင်ခရစ်တော်၏ အသက်တာအားဖြင့် ဖော်ပြသည်(ယောဟန် ၁း၁၄-၁၅)။
ခ။ သခင်ခရစ်တော်၏ အသေခံခြင်းအားဖြင့် ပြသသည်(ရောမ ၅း၈)။
ဂ။ အသင်းတော်အားဖြင့် သက်သေထူသည်။

 

ထိုစည်းစိမ်ကား၊
၁။ ထိုစည်းစိမ်သည် မည်သည့်အရာဖြစ်သည်ကို ဖော်ပြသည်။
၂။ ထိုစည်းစိမ်သည်ကား လူပုဂ္ဂိုလ်ဖြစ်သည်။
၃။ ထိုသူသည် အခြားသောသူ မဟုတ်၊ သခင်ခရစ်တော်ပင်ဖြစ်သည်။

 

ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်း …
၁။ တစ်နေ့ပြန်ကြွလာမည့် ခရစ်တော် ဖြစ်သည်။
၂။ သခင်ယေရှု ပြန်ကြွလာသောအခါ –
က။ ယုံကြည်လျက် သေလွန်သောသူအပေါင်းတို့သည် ရှင်ပြန်ထမြောက်ကြမည်။
ခ။ ခရစ်တော်နှင့် သန့်ရှင်းသူတို့ ဆုံတွေ့ကြမည်။
ဂ။ သခင်ယေရှုသည် ကျွနု်ပ်တို့အား ဘုရားရှေ့တော်၌ ဆက်သမည် (ကော ၁း၂၃)။
ဃ။ ဤအချက်သည်ကား ယုံကြည်သူတို့၏ ဘုန်းအသရေ ထင်ရှားခြင်းပင်ဖြစ်သည် (ရောမ ၈း၁၈၊၃၀)။
၃။ ဤသည်ကား ခရစ်ယာန်ယုံကြည်ခြင်းနှင့်ဆိုင်သော မျှော်လင့်ချက်ဖြစ်သည်။
၄။ သခင်ခရစ်တော်သည် ထိုမျှော်လင့်ခြင်း၏ အကြောင်းတရားဖြစ်သည်။

 

သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော် …
၁။ ယုံကြည်လက်ခံထားသော ခရစ်တော်သည် အဝေးတစ်နေရာ၌ ရှိနေသည်မဟုတ်။
၂။ သခင်ခရစ်တော်သည် ယုံကြည်သူတိုင်း၏ စိတ်နှလုံး၌ ကျိန်းဝပ်လျက်ရှိသည်။
၃။ သခင်ယေရှုက ယုံကြည်သူတို့အား အောက်ပါအတိုင်း ကတိပေးခဲ့သည်။
…အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည်များစွာသော အသီး ကို သီးတတ်၏…(ယောဟန် ၁၅း၅)။
၄။ မိမိတို့အထဲ၌ ခရစ်တော် အမှန်တည်တော်မူသော သူတို့သည်
က။ ခရစ်တော်၏ ပညတ်တို့ကို စောင့်ရှောက်ကြသည်။
ခ။ ဘုရားသခင်နှစ်သက်စေဖို့ရန်အလို့ငှာ အသက်ရှင်ကြသည်။

To Contact : [email protected]