Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၄)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၄)

သခင်ခရစ်တော်ကို ကိုယ်စားပြုခြင်း
ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော် တည်းဟူသော ကိုယ်တော်အဘို့အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏ (ကော ၁း၂၄)

ငါပေါလုသည် …
၁။ ပေါလုသည် မိမိကိုယ်ကို ဧဝံဂေလိတရားတော်နှင့် စပ်ဆိုင်နေ ကြောင်း သက်သေခံသည်။
က။ ဧဝံဂေလိတရားကို ဟောသောဆရာ တစ်ပါးဖြစ်သည်။
ခ။ မိမိကြိုက်နှစ်သက်သမျှကို ဟောသောသူမဟုတ်၊ ခရစ် တော်၏ဧဝံဂေလိတရားကိုသာဟောသောသူ ဖြစ်သည်။
၂။ ဧဝံဂေလိတရားတော်ကို ကိုင်တွယ်ပိုင်းခြားရာ၌ ကျွမ်းကျင် သော ဆရာတစ်ပါးဖြစ်သည်(၂တိ၂း၁၅)။
၃။ ဧဝံဂေလိတရားတော်နှင့်ပတ်သက်၍၊ ပေါလုသည် ဉာဏ်စွမ်း ရည်၊ နှုတ်စွမ်းရည်နှင့် ပြည့်စုံသောသူဖြစ်သည်။

သည်နှင့် …
၁။ ဤစကားစု ]သည်နှင့်} သည် အကျိုးနှင့်အကြောင်း ကိုဆက်စပ် သည်။
၂။ ပေါလု ဧဝံဂေလိတရား ဟောဆရာဖြစ်ခြင်းနှင့် ကောလောသဲ ယုံကြည်သူများအတွက် ဒုက္ခခံစားနေရခြင်း တို့ကို ဆက်နွယ် ပေးသည်။
၃။ ထို့ကြောင့် ]သည်နှင့်} ကို ]သည်နှင့်အညီ} (ဝါ) ]သောကြောင့်} ဟု မှတ်ယူနိုင်သည်။
က။ ပေါလုသည် ဧဝံဂေလိတရားကို ဟောသောဆရာဖြစ် သောကြောင့် ကောလောသဲယုံကြည်သူတို့အတွက် ဆင်းရဲ ခံနေရသည်။
ခ။ ပေါလုသည် ဧဝံဂေလိတရားကို ဟောသောဆရာဖြစ် သည်နှင့်အညီ ကောလောသဲယုံကြည်သူတို့၏ ယုံကြည် ခြင်းအဖို့ အလိုငှာ ဆင်းရဲခံနေရသည်။
၄။ မိမိ၏ သီဪသာ်လိုဂျီ (ွTheology)နှင့်အညီ၊ ပေါလုသည် ထို ဆင်းရဲခံခြင်းအမှု၌ ဝမ်းမြောက်လျက်ရှိသည် (ဖိလိ ၁း၂၉- ၃၀)။

ခရစ်တော်၏ ဆင်းရဲဒုက္ခအြွကင်းအကျန် …
၁။ လူသားတို့ကိုကယ်တင်ခြင်းအမှုအတွက်၊ သခင်ယေရှု၏ ဆင်းရဲ ဒုက္ခသည် လုံးဝ ပြည့်စုံသည်။
က။ သခင်ခရစ်တော် မပေးဆပ်သေးသော အပြစ်အဖိုးအခ ဟူ၍မရှိပါ။
ခ။ သခင်ယေရှု၏ ဆင်းရဲဒုက္ခသည် ယုံကြည်သူတိုင်း၏ ကယ်တင်ခြင်းအဖို့ လုံလောက်သည်။
၂။ ပေါလု သီဪသာ်လိုဂျီ အရ]ခရစ်တော်၏ ဆင်းရဲဒုက္ခ အြွကင်း အကျန်} သည်မည်သည့်အရာကို ဆိုလိုသနည်း။
က။ သခင်ခရစ်တော် လောက၌ ဆက်လက် သက်ရှင်ထင်ရှား နေခဲ့လျှင် ခံစားရမည့်ဆင်းရဲခြင်းမျိုးကို ဆိုလိုသည်။
ခ။ ဧဝံဂေလိတရားတော်ကို ဆန့်ကျင့်သောသူတို့ကြောင့် ဖြစ် သောပြဿနာများ၊ အခက်ခဲများ စသည်တို့ကို ရည်ညွှန်း သည်။
ဂ။ ပေါလု ရင်ဆိုင်ခံစားရန် ထာဝရဘုရားသခင်ကအလို ရှိသော ဆင်းရဲဒုက္ခများကို ဆိုလိုသည်။
၃။ ပေါလုသည် ထိုဆင်းရဲဒုက္ခများကို အသင်းတော်အတွက် ရင် ဆိုင်နေရသည်။
အသင်းတော်သည် ခရစ်တော်၏ကိုယ် ဖြစ်၍၊ ခရစ်တော် သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ ထို့ကြောင့် ထိုဆင်းရဲ ဒုက္ခများကို ပေါလုသည် သခင်ကိုယ်တော်အတွက် ရင်ဆိုင်ခံစား နေရသည်ဟု အခိုင်အမာ ပြောဆိုရခြင်း ဖြစ်သည်။

ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏
၁။ ပေါလုသည် ထို ဟခရစ်တော်၏ ဆင်းရဲဒုက္ခအြွကင်းအကျန်ကို]
က။ မိမိခန္ဓာကိုယ်၌ ခံစားနေရသည်။
ခ။ မိမိလက်ရှိအသက်တာ၌ ရင်ဆိုင်နေရသည်။
၂။ ထိုဆင်းရဲဒုက္ခများကို ပေါလုသည် ရင်ဆိုင်ခံစားရုံမျှလောက် နှင့် မရောင့်ရဲ။
၃။ ပေါလုသည် ]ခရစ်တော်၏ ဆင်းရဲဒုက္ခအြွကင်းအကျန်} ကို မိမိခန္ဓာကိုယ်၌ ပြည့်စုံစေသည်။
က။ စိတ်ရောကိုယ်ပါ ရင်ဆိုင်ခံစားသည်။
ခ။ ချန်လှပ်ထားသောအရာမရှိဘဲ၊ အကုန်အစင်ရင်ဆိုင် သည်။
ဂ။ အဆုံးထိတိုင် တည်ကြည်စွာ ရင်ဆိုင်သည်။

To Contact : [email protected]