Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၃)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၃)

အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်း မှ မရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့် တကွ မြဲမြံစွာယုံကြည်လျှင်၊ သန့်ရှင်းစင်ကြယ်လျက် အပြစ် တင်ခွင့်နှင့်ကင်းလွတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။ (ကော ၁း၂၂-၂၃)။
သခင်ယေရှုသည် မိမိသွေးတော်အားဖြင့် ဘုရားသခင်နှင့်လူသားတို့ကြား ရန်ကို ငြိမ်းစေပြီး၊ လူသားတို့ကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေသည်။ ယင်းသည် ခရစ်တော်က ယုံကြည် သူတို့ အား ဘုရားသခင်ရှေ့တော်၌ ပြည့်စုံစွာ ဆက်သလိုသော ကြောင့် ဖြစ်သည်။

ကိုယ်တိုင်ကြားရသော ဧဝံဂေလိတရား …
၁။ ဧဝံဂေလိတရား ဆိုသည်မှာ-
က။ လူသားတို့၏ ကယ်တင်ခြင်းအတွက်၊ ခရစ်တော်၌ ဘုရား သခင်ပြုတော်မူသော ကျေးဇူးတော် ဖြစ်သည်။
ခ။ သမ္မာကျမ်းစာနှင့်အညီ၊ ခရစ်တော်အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်း ရှင်ပြန်ထမြောက်ခြင်းနှင့် စပ်ဆိုင်သော သတင်းစကား ဖြစ်သည် (၁ ကော ၁၅း၁-၈)။
ဂ။ ပေါလုနှင့်တမန်တော်တို့ ဟောပြောသော ခရစ်တော်၏ သတင်းစကား ဖြစ်သည်။
ဃ။ ဘုရားသခင်ကိုယ်တိုင်က ဝေနေယျသတ္တဝါတို့အား ဟောကြားသော တရားဖြစ်သည်။
၂။ ထိုသတင်းကို ကောလောသဲယုံကြည်သူတို့ကိုယ်တိုင် ကြားရပြီး ဖြစ်သည်။
က။ ကိုယ်တိုင် လက်ခံသော တရားဖြစ်သည်။
ခ။ ကိုယ်တိုင် လိုက်နာသော တရားဖြစ်သည်။
ဂ။ မိမိအသက်တာ၌ အသီးအပွင့်အားဖြင့် ထင်ရှားသော တရားဖြစ်သည်။
၃။ ထိုတရားသည် မျှော်လင့်ချက်ပေးသည်။
က။ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော မျှော်လင့်ချက် ဖြစ်သည်။
ခ။ ထာဝရအသက်တာနှင့် စပ်ဆိုင်သော အကျိုး ဖြစ်သည်။
၄။ ဧဝံဂေလိတရား၏ မျှော်လင့်ခြင်း၌ ခိုင်ခံ့စွာ တည်နေရမည် (မရွေ့လျော့ဘဲ)။

တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်လျှင်
၁။ ကြားရပြီးသော ထိုဧဝံဂေလိတရားတော်၌ ခိုင်မာစွာ အမြစ် တွယ် နေရမည်။
က။ မိမိတို့၏ ယုံကြည်ခြင်းနှင့် အသက်တာကို ဧဝံဂေလိတရား ၌ ဗဟိုပြုရမည်။
ခ။ မိမိတို့၏ စိတ်ကူးပုံရိပ်များကို ဧဝံဂေလိတရား၌ အခြေချ ရမည်။
ဂ။ မိမိတို့ပြောဆိုသောစကားများသည်လည်း ဧဝံဂေလိတရား ကို အခြေခံရမည်။
၂။ ယုံကြည်လက်ခံထားသော ဧဝံဂေလိတရား၌ တည်ကြည်ရ မည်။
က။ ဧဝံဂေလိတရားနှင့်အညီ နေထိုင်ရမည်။
ခ။ မိမိတို့၏အသက်တာသည် ဧဝံဂေလိတရားတော်နှင့် ထပ်တူ ထပ်မျှ ဖြစ်နေရမည်။
ဂ။ ယုံကြည်သည်အတိုင်း အသက်ရှင်ခြင်း ဖြစ်သည်။
၃။ ယင်းသည် ဧဝံဂေလိတရားအား မြဲမြံစွာ ယုံကြည်ခြင်း ဖြစ် သည်။

ရှေ့တော်၌ ဆက်သခြင်း
၁။ ဘုရားသခင်၏ရှေ့တော်၌ ယုံကြည်သူတို့အား ဆက်သခြင်းကို ဆိုလိုသည်။
၂။ သခင်ခရစ်တော်သည် ကျွနု်ပ်တို့ကို ဘုရားရှေ့တော်၌ ဆက်သ မည် ဖြစ်သည်။
၃။ ခရစ်တော်သည် ယုံကြည်သူတို့အား အဘယ်ပုံစံနှင့် ဆက်သရ မည်နည်း။
၄။ ခရစ်တော်သည် ယုံကြည်သူတို့အား
က။ မိမိ၏နှုတ်ထွက်စကားအားဖြင့် သန့်ရှင်းစင်ကြယ်စေသည် (ယောဟန် ၁၅း၃)။
ခ။ မိမိ၏အသွေးတော် သွန်းလောင်းခြင်းဖြင့် အပြစ်တင်ခွင့် နှင့်ကင်းလွတ်စေသည်။
၅။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူတို့အား
က။ နှုတ်ကပတ်တော်ကို နာခံစေခြင်းဖြင့် သန့်ရှင်းစေသည် (၁ပေ ၁း၂၂-၂၃)။
ခ။ ဗီဇအပြစ်နှင့်ဒုစရိုက်အပြစ်များကို ဖော်ပြပေးသည်။
၆။ ယုံကြည်သူတို့သည်လည်း ဧဝံဂေလိတရား၏မျှော်လင့်ခြင်း ကြောင့် –
က။ ခရစ်တော်၏ ပြန်လည်ကြွလာခြင်းကို စောင့်မျှော်နေရ မည်။
ခ။ မိမိ၏အသက်တာကို သန့်ရှင်းစွာ နေထိုင်ရမည်။

To Contact : [email protected]