Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၂)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၂)

အသွေးတော်၌ ပြန်လည်သင့်မြတ်ခြင်း
လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာ ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ အလိုရှိတော်မူ ၏။ အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သော အကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယဖွဲ့စေတော်မူ၏ (ကော ၁း၂၀-၂၁)။

ဘုရားသခင်နှင့်ခပ်သိမ်းသောအရာတို့ ပြန်လည် သင့်မြတ်ရေးသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ဘုရား သခင်၏ ရန်သူများဖြစ်ကြသော ကျွနု်ပ်တို့သည်လည်း ခရစ်တော် ၏အသွေးတော်အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ် ကြရ သည်။ ထိုပြန်လည်သင့်မြတ်ခြင်း၏ အကျိုးကို လက်ရှိအချိန်၌ လုံးဝခံစားရမည် ဖြစ်သည်။

လက်ဝါးကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကို ငြိမ်းစေ၍ …
၁။ ဘုရားသခင်နှင့် လူသားတို့ကြား၌ ရန်ငြိုးရှိခဲ့သည်။
၂။ လူနှင့်ဘုရားသခင်ကြား ရန်ငြိုးသည် လူတို့၏အပြစ်ကြောင့် ဖြစ်သည်။
၃။ အပြစ်၏အဖိုးအခကား သေခြင်းဖြစ်သည် (ရောမ ၆း၂၃)။
၄။ သခင်ယေရှုသည် ထိုအပြစ်၏ အဖိုးအခကို လက်ဝါးကပ်တိုင် ၌ ပေးဆပ်ပြီးပြီ။
၅။ သွန်းသောအသွေးတော်အားဖြင့်
က။ ခရစ်တော်၏ အသေခံခြင်းအားဖြင့်သာ ရန်ငြိုးကို ငြိမ်း နိုင်သည်။
ခ။ ခရစ်တော်၏အသွေးတော်အားဖြင့်သာ ခွင့်လွှတ်ခြင်း အခွင့်ရနိုင်သည်။
၆။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှါ …
က။ မိတ်သဟာယ ကို ပြန်လည်သင့်မြတ်ခြင်း ဟု နားလည် ရမည်။
ခ။ ခရစ်တော်၏အသွေးတော်အားဖြင့်သာ ခပ်သိမ်းသော အရာသည် ဘုရားသခင်နှင့်အတူပြန်လည်သင့်မြတ် နိုင် သည်။
ဂ။ ထိုသို့ခရစ်တော်၌ ပြန်လည်သင့်မြတ်ခြင်းကို ဘုရားသခင် အလိုရှိတော်မူသည်။

အထက်က ဘုရားသခင်နှင့်ကွာရှင်း၍ …
၁။ ဘုရားသခင်နှင့်လူသားတို့ကြား ရန်ငြိုးသည်
က။ ဘုရားသခင်နှင့်စိမ်းကားနေရခြင်း၊
ခ။ ဆိုးညစ်သောအကျင့်ကို ကျင့်ခြင်း၊
ဂ။ အတွင်းသဘော၌ ဘုရားသခင်၏ ရန်သူဖြစ်ခြင်း၊ တို့ဖြင့် ထင်ရှားသည်။
၂။ ထိုရန်ကို ငြိမ်းစေခြင်းငှာ ဘုရားသခင် အလိုရှိသည်။
၃။ ဘုရားသခင်သည် ထိုရန်ငြိမ်းခြင်းအမှုကို ခရစ်တော်၌ ဆောင် ရွက်ပြီး ဖြစ်သည်။
၄။ ကျွနု်ပ်တို့သည် ခရစ်တော်၏ အသွေးတော်အားဖြင့် ဘုရား သခင်နှင့် ပြန်လည်သင့်မြတ်ကြရသည်။

ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသောအားဖြင့် …
၁။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာအားဖြင့် အမှန်အသေခံသည်။
၂။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်၌ အမှန်အကန် သူ၏ သွေးတော်သွန်း ခဲ့သည်။
၃။ ထိုသို့ ခရစ်တော်၏အသေခံခြင်းအားဖြင့် ခံစားရသောအကျိုး ကျေးဇူးများရှိသည်။
က။ ဘုရားသခင်နှင့် သူ၏ရန်သူအပေါင်းတို့သည် ခရစ်တော်၌ သင့်မြတ်လာကြသည်။
ခ။ မိမိတို့၏ စိတ်သဘောအားဖြင့် အပြစ်ကျူးလွန်နေသော သူတို့လည်း ဘုရားသခင်နှင့်သင့်မြတ်လာကြသည်။
၄။ ထို ဘုရားသခင်နှင့်လူသားတို့၏ ပြန်လည်သင့်မြတ်ခြင်းသည် က။ ဘုရားသခင် ဖြစ်စေသော အရာဖြစ်သည်။
ခ။ ခရစ်တော်၏ သွန်းသောသွေးတော်အားဖြင့် ဖြစ်တည် သည်။
ဂ။ ယခု (လက်ရှိအချိန်) ကာလ၌ပင်လျှင် ကျွနု်ပ်တို့သည် ထို သင့်မြတ်ခြင်းကို ရရှိခံစားကြရမည်။
ဘုရားသခင်နှင့်လူသားတို့ကြား ပြန်လည်သင့်မြတ် ခြင်းအခွင့်သည် သခင်ခရစ်တော်၌သာ ရှိသည်။ သခင်ယေရှုသည် မိမိအသွေးတော် သွန်းလောင်းခြင်းအားဖြင့် ထိုသင့်မြတ်ခြင်းကို အကောင်အထည်ဖော်သည်။

To Contact : [email protected]