Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၉)

ထိုသခင်၌ ကျင်လည်ကြလော့ (၉)

သားတော်သခင်ယေရှု (၁)
ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူ ခြင်း တည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏။ ထိုသားတော်သည် မျက်မြင်မရသော ဘုရား သခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏ ဝေနေယျသတ္တဝါ အပေါင်း တို့တွင်လည်း သားဦးဖြစ်တော်မူ၏ (ကော ၁း၁၃-၁၄)။

 

ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်အားဖြင့် ကျွနု်ပ်တို့သည် ဘုရားသခင်၏ကျေးဇူးပြုခြင်းကို အပြည့်အဝ ခံရကြသည်။ သခင်ခရစ်တော်၌သာ ဘုရားသခင်သည် ကျွနု်ပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူသည်။ အကြောင်းရင်းမှာ-

ထိုသားတော်၏အသွေးတော်အားဖြင့် …
၁။ အသွေးသွန်းလောင်းခြင်းမရှိလျှင်၊ အပြစ်လွှတ်ခြင်းလည်း မရှိ နိုင် (ဟေဗြဲ ၉း၂၂)။
၂။ ခရစ်တော်သည် အပြစ်၏အဖိုးအခကို လက်ဝါးကပ်တိုင်၌ ပေးဆပ်ခဲ့သည်။
က။ မိမိအသွေးတော်၌ ပဋိညာဉ်သစ်ကို တည်စေသည် (မဿဲ ၂၆း၂၈)။
ခ။ လူများ၏အပြစ်ကို လွှတ်စေခြင်းငှာ သွန်းလောင်းသော အသွေးတော် ဖြစ်သည်(မဿဲ ၂၆း၂၈)။
၃။ ခရစ်တော်၏အသေခံခြင်းသည် ကျွနု်ပ်တို့၏အပြစ်များကို ခွင့် လွှတ်ခြင်းအကြောင်းတရား ဖြစ်သည်။

ရွေးနှုတ်တော်မူခြင်း ကျေးဇူးတော် …
၁။ အပြစ်လွှတ်ခြင်းသည် ဗီဇအပြစ်မှ လွတ်မြောက်ခြင်းဖြစ်သည်။
က။ ထိုဗီဇအပြစ်၏အဖိုးအခ(သေခြင်း)မှ လုံးဝကင်းလွတ် ခြင်းဖြစ်သည် (ရောမ ၆း၂၃)။
ခ။ ထိုဗီဇအပြစ်၏အုပ်စိုးခြင်းမှ လွတ်မြောက်ခြင်းဖြစ်သည်။
၂။ အပြစ်လွှတ်ခြင်းသည် ဘုရားသခင်၏ ရွေးနှုတ်ခြင်းဖြစ်သည်။
က။ ခရစ်တော်၌ ကျွနု်ပ်တို့ကို ရွေးနှုတ်သည် (ယောဟန် ၁ရး၂၊ ဧဖက် ၁း၄)။
ခ။ ခရစ်တော်၏အသွေးတော်အားဖြင့် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ခွင့်ပေးသည်။
၃။ အပြစ်လွှတ်ခြင်းသည် သခင်ယေရှု၏ရွေးနှုတ်ခြင်း ဖြစ်သည်။
က။ အပြစ်၏အဖိုးအခကို ပေးဆပ်၍၊ ကျွနု်ပ်တို့အား ရွေး နှုတ်သည် (ရောမ ၆း၂၃)။
ခ။ မိမိအသက်ကို စတေးပြီး ကျွနု်ပ်တို့အား ရွေးနှုတ်သည် (မာကု ၁၀း၄၅)။
၄။ ရွေးနှုတ်ခြင်းသည်အမှန်ပင် ကျေးဇူးတော်သက်သက်ဖြစ် သည်။
က။ ကျွနု်ပ်တို့ လုပ်ဆောင်ချက် မဟုတ်။
ခ။ ကျွနု်ပ်တို့နှင့် ထိုက်တန်သည်လည်း မဟုတ်။
ဂ။ ခရစ်တော်၏အသွေးတော်ကြောင့်သာ ဖြစ်သည်။

ခရစ်တော်၏အသွေးသွန်းလောင်းခြင်းသည် ရွေးနှုတ် တော်မူခြင်းကျေးဇူးကို အဘယ်ကြောင့် ပြုစုနိုင်သနည်း။ အကြောင်းရင်းမှာ-

ထိုသားတော်သည် ဘုရားသခင်၏ပုံသဏ္ဌန်တော်ဖြစ်၏
၁။ ဘုရားသခင်သည် မမြင်ရသောသူဖြစ်သည်။
၂။ ခရစ်တော်ယေရှုသည်ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သည်။
က။ သခင်ယေရှုသည် ဘုရားသခင်၏ အရှိတရားကို ရုပ်ခန္ဓာ အကောင်အထည်ဖြင့် ဖော်ပြသည်။
ခ။ သခင်ယေရှုသည် ဘုရားသခင်၏အဖြစ်တရားကို လူ့ သမိုင်း၌ သက်သေထူသည်။
ဂ။ သခင်ယေရှုသည် ဘုရားသခင်ကို မျက်မြင်ကိုယ်တွေ့ ထင်ရှားစေသည် (ယောဟန် ၁း၁၈)။
၃။ ခရစ်တော်ယေရှုသည် ဘုရားသခင်ကဲ့သို့ ဘုရားစစ်၊ဘုရားမှန် ဖြစ်သည် (ဖိလိ ၂း၆)။
၄။ ခရစ်တော်ယေရှုသည် မျက်မြင်မရသော ဘုရားသခင် လူပုဂ္ဂိုလ် အားဖြင့် ပေါ်ထွန်းခြင်းပင်ဖြစ်သည် (ယောဟန် ၁၄း၉)။

ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်၏
၁။ ဝေနေယျသတ္တဝါအပေါင်းသည် ဖန်ဆင်းခံ အရာခပ်သိမ်းကို ရည်ညွှန်းသည်။
၂။ ခရစ်တော်သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သည့် အပြင်၊ ဖန်ဆင်းခံအရာခပ်သိမ်းတို့တွင်လည်း သားဦးဖြစ် သည်။ ဆိုလိုသည်မှာ ခရစ်တော်သည် –
က။ အမွေစား၊အမွေခံ ဖြစ်သည်(ထွက် ၄း၂၂၊ ယေရမိ ၃၁း၉)။
ခ။ အရာခမ်သိမ်းတို့ထက် မြင့်မြတ်သောသူ ဖြစ်၏ (ကော ၁း၁၆)။

To Contact : [email protected]