Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၇)

ထိုသခင်၌ ကျင်လည်ကြလော့ (၇)

အသနားခံတောင်းဆိုချက်များ (၂)
ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သော အကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်၌တိုးပွားခြင်းရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့်အရာရာ၌သည်းခံခြင်း၊ စိတ်ရှည် ခြင်းအလိုငှါ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အား နှင့် ပြည့်စုံသဖြင့်၎င်း၊ ခမည်းတော်ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့်ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မ ဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည် ပါမည်အကြောင်း ဆုတောင်းပဌနာပြု၏ (ကော ၁း၁၁)။

ဆုတောင်းရာ၌ အတိအကျ အသနားခံတောင်းဆို ထားသော အချက်များလည်း ရှိသည်။ ယင်းတို့အတွက် ဘုရား သခင်ထံအသနားခံတောင်းလျှောက်ခြင်းသည်လည်း ရည်ရွယ်ချက် ရှိရမည်။ ရှင်ပေါလုနှင့်အပေါင်းအပါတို့၏ ဆုတောင်း ချက်များကို လေ့လာကြပါစို့။

 

ခမည်းတော်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်

၁။ ကျေးဇူးတော်၏ အရင်းအမြစ်သည် ခမည်းတော်ဖြစ်သည်။
၂။ ခမည်းတော်၏ကျေးဇူးတော်ကို ကျွနု်ပ်တို့သည် ခရစ်တော်အားဖြင့် ရရှိကြသည် (ယောဟန် ၁း၁၆-၁၇)။
က။ ခရစ်တော်၌ ထင်ရှားသော ဘုရားသခင်၏ကျေးဇူး တော်ကို ဝန်ခံခြင်းသည်ပထမခြေလှမ်းဖြစ်သည်။
ခ။ မိမိတို့အသက်တာ၌ ဘုရားသခင်ပြုပြင်တော်မူချက်များကို သိမှတ်ခြင်းသည် ဒုတိယခြေလှမ်းဖြစ်သည်။ ထိုကျေးဇူးတော်အပေါင်းတို့ကို ရေတွက်ချီးမွမ်းလျက် အသက်ရှင်ရမည်။
၃။ ကျေးဇူးတော်ကို ချီးမွမ်းလျက် အသက်ရှင်ခြင်းသည် ဘုရားသခင် အလိုရှိသည်။

 

သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍

၁။ သခင်ဘုရား၏ဂုဏ်ရည်လက္ခဏာများကို ထင်ဟပ်စေသောကိုယ်ကျင့်သီလများကို စောင့်စည်းကြရမည်။
၂။ ဘုရားသခင်၏ကျေးဇူးတော်နှင့်ထိုက်တန်သော ကြိုးစား အားထုတ်မှုများလည်း ရှိရမည် (၁ ကော ၁၅း၁၀)။

အရာရာ၌နှစ်သက်တော်မူစေခြင်းငှါ
၁။ ထိုသို့ကျင်လည်ရခြင်းသည် ဘုရားသခင်နှစ်သက်တော်မူ စေရန်သာ ရည်ရွယ်ရမည်။
၂။ လူတို့၏မျက်နှာကို ကြည့်ပြီး အသက်ရှင်ခြင်းမဟုတ်၊ ဘုရားသခင်၏မျက်နှာကို ထောက်၍အသက်ရှင်ခြင်း ဖြစ်သည်။
၃။ ယုံကြည်မှုနှင့်အသက်တာအတွက် ဘုရားသခင်၏နှုတ်ထွက်စကားများကို အမှန်အကန် လက်ခံယုံကြည်ခြင်း၊ ခံယူလိုက်နာ ခြင်းသည် (တစ်နည်းအားဖြင့် “ယုံကြည်ခြင်းသည်”) ဘုရားသခင်၏စိတ်တော်နှင့်တွေ့နိုင်သော လမ်းကြောင်းဖြစ်သည် (ဟေဗြဲ ၁၁း၆)။

 

အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း
၁။ ဘုရားသခင်၏အလိုတော်ကို အကုန်အစင် နားလည်မှသာလျှင် –
က။ သခင်ဘုရားနှင့်ထိုက်လျောက်စွာ ကျင့်နိုင်မည်။
ခ။ အရာရာ၌ ဘုရားသခင်၏ နှစ်သက်တော်မူမည် ဖြစ်သည်။
ဂ။ ကျေးဇူးတော်ကိုလည်း ချီးမွမ်းနေနိုင်မည်။
၂။ ဘုရားသခင်၏အလိုတော်ကို အဘယ်သို့ ရှာဖွေရမည်နည်း။
က။ သမ္မာကျမ်းစာ၌ ဖော်ပြထားပြီး ဖြစ်သည်။
ခ။ ခရစ်တော်အားဖြင့် ရုပ်လုံးဖော် ဖွင့်ပြပြီး ဖြစ်သည်(ယောဟန် ၁း၁၊၁၄၊ ဟေဗြဲ ၁း၁-၂)။
ဂ။ ဝိညာဉ်တော်၏သွန်သင်ခြင်းကို ခံယူလျက် ရှာဖွေရမည် (၁ ကော ၂)။
၃။ သမ္မာကျမ်းစာ၏ ရည်မှန်းချက်များ (ဓမ္မဉာဏ်အမျိုးမျိုး) အားဖြင့် အလိုတော်ကို နားလည်ရမည်။
၄။ ဝိညာဉ်တော်၏ သွန်သင်ချက်များ (ပညာအမျိုးမျိုး) အားဖြင့်အလိုတော်ကို နားလည်ရမည်။ ပေါလုနှင့်လုပ်ဖော်ဆောင် ဖက်တို့နည်းတူ၊ အချင်းချင်း ဆုတောင်းပေးကြစို့။

To Contact : [email protected]