ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၉) ရက်

ဘီထီအက်(စ်) သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၉) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။
၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။
၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။
၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။
၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။ (ဆာလံ ၂၉း၃-၇)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း
၁။ ထာဝရဘုရား၏ အသံတော်သည်

က။ သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူသည် (အစိုးရသော အသံတော်)
ခ။ ဘုန်းကြီးတော်မူသော ဘုရား သခင်၏ အသံတော်ဖြစ်သည်။
ဂ။ ထာဝရဘုရား၏ အသံတော်သည် မိုဃ်းချုန်းတော်မူ၍ များစွာသောရေးများထက် ကျယ်လောင်တော်မူသည်။
ဃ။ ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။
င။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

၂။ ဘုရားသခင်၏အသံတော်သည် အလွန်တန်ခိုးကြီးသည်။

က။ အာရဇ်ပင်တို့သည် မြင့်မားခိုင်ခံ့၍ ဂုဏ်အသရေ ရှိကြသည်။
သို့သော်၊ ဘုရားသခင်၏အသံတော်သည် ထိုကြီးမားသောအပင်တို့ကို ချိုးတော်မူသည်။
ခ။ ဘုရားသခင်သည် အာရဇ်ပင်တို့သည် ဆန့်ကျင်၍ စကားပြောသောအခါ၊ ထိုအပင်တို့သည် တစစီပြိုကွဲပျက်စီးကြသည်။

၃။ “စိရုန်တော”

က။ စိရုန်စကားလုံး ဖြစ်သည်။

(၁) စိရုန်ပြည်ကို ရည်ညွန်းသည်။
(၂) စိရုန်ပြည်သားတို့သည် ရေကြောင်းခရီးဖြင့် အသက်မွေးကြသည်။

ခ။ စိရုန်ပြည်၏ အမွာမှာ Tyre ဖြစ်သည်။
ဂ။ စိရုန်ပြည်သားတို့သည် “စိရုန်” ဟုဆိုရာ၍ Mt Hermon ကိုရည်ညွန်းကြသည်။
ဃ။ စိရုန်ပြည်သည် လေဗနုန်တောနှင့် နီးသည်။
င။ ထို့ကြောင့်၊ စိရုန်နှင့် လေဗနုန်ကို အတူတကွ ဖော်ပြရခြင်း ဖြစ်သည်။

၄။ ဘုရားသခင်၏အသံတော်သည် အကျိုးသက်ရောက်မှု အလွန်ထင်ရှားသည်။

က။ နာမည်ကြီးသော စိရုန်တောနှင့် လေဗနုန်တောကို ထိခိုက်ပျက်စီးနိုင်သည်။
ခ။ ထိုတောကြီးတို့သည် ဘုရားသခင်၏အသံတော်ရှေ့၌

(၁) နွားသငယ်
(၂) ကြံ့သငယ် ကဲ့သို့ ဖြစ်ကြသည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏အသံတော်

က။ ထာဝရဘုရားသခင်ကို ကိုယ်စားပြုသည်။
ခ။ ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို ကိုယ်စားပြုသည်။

၂။ ဘုရားသခင်နှုတ်ထွက်စကားတော်ကို အဘယ်သို့ ရှုမြင်ကြရမည်နည်း။

က။ ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကျွန်ုပ်တို့သည် အမြင့်မားဆုံးသော ရိုသေလေးမြတ်ခြင်း ရှိရမည်။
ခ။ ထာဝရဘုရားခင်ကိုယ်တော်တိုင်ကိုလည်း အကျွန်ုပ်တို့သည် အလွန်အံ့သြလျက် ရှိကြရမည်။

၃။ ထာဝရဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်၏တန်ခိုးကို ပို၍ကြောက်ရွံ့ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

Close menu