ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၂၆) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၂၆) ရက်

 

ကျမ်းချက်။ ။ ဆာလံ ၂၉

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှ တောကို ချောက်ချားတော်မူ၏။
၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ် မတို့ကို မွေးဘွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသောသူတို့ သည် ဘုန်းတော်ကို ဘော်ပြကြစေ။
၁၀ ထာဝရဘုရားသည် မိုဃ်းသက်မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။
၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော် မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူမည်။

(ဆာလံ ၂၉း၈-၁၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဆောင်ပုဒ်- ထာဝရဘုရားသခင်၏အသံတော်

က။ အသေအချာ တွေ့ရသော ဆောင်ပုဒ် ဖြစ်သည်။
ခ။ အသံတော်သည် ထာဝရဘုရားသခင်၏

(၁) ခန့်နားကြီးကျယ်ခြင်း၊
(၂) တန်ခိုးတော်၊

၂။ ထာဝရဘုရားသခင်၏အသံတော်သည်

က။ ကာဒေရှ တောကို ချောက်ချားတော်မူ၏။
ခ။ ဤနေရာ၌ က္ကုသရေလအမျိုးတို့သည် အလွန်ဆိုးသော အမှားပြုမိခဲ့ကြသည်။

၃။ သတင်းထောက် ၁၂ ဦး

က။ ၁၀ ဦးသော သတင်းထောက်တို့သည် ခါနန်ပြည်ကို သိမ်းပိုက်နိုင်မည်မဟုတ်ဟု မှတ်ကြသည်။
ခ။ ခါနန်သားတို့ကို မိမိတို့အနိုင်ယူမည်ဟု Joshua and Caleb တို့သည် အအိုပြုကြသည်။

၄။ ဘုရားသခင်၏အသံတော်

က။ လူတို့သည် ဘုရားသခင်၏တန်ခိုးကို မကိုးစားနိုင်ကြ။
ခ။ နှစ်ပေါင်းလေးဆယ်ထိ တော၌ လည်နေခဲ့ကြရမည်။

၅။ ဘုရားသခင်၏အသံတော်သည်

က။ သမြင်၊
ကလေး မွေးပွါးစေမည် ဖြစ်သည်။
ခ။ အားကြီးသောတောအုပ်များ
ဘုရားသခင်သည် အလိုရှိလျှင် တောမြေတခုလုံး အပင်တစ်ပင်မျှမရှိဘဲ ဗလာဖြစ်နိုင်သည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သင့်တော်သော တုံ့ပြန်ချက်

က။ ဗိမာန်တော်မှ
ခ။ ဝတ်ပြုကိုးကွယ်သောသူတို့ “ဘုန်းကြီးစေ”ဟု အော်ဟစ်နိုင်မည် ဖြစ်သည်။

၂။ အကျွန်ုပ်တို့ အတည်ပြုရမည့် အရာများ

က။ ထာဝရဘုရားသခင်သည် ဘုရင်ဖြစ်သည်။
ခ။ နေကြီးနေခဲ့လျှင်လည်း၊ သူသည် ပလ္လင်တော်၌ ထိုင်နေတော်မူသည်။

၃။ ဝမ်းမြောက်ရခြင်း၏ အကြောင်းများမှာ

က။ ထာဝရဘုရားသခင်သည် ထာဝရဘုရင်ဖြစ်သည်။
ခ။ ဘုရားသခင်သည် သူ၏လူမျိုးတော်တို့ကို ခွန်အားပေးတော်မူမည်။
ဂ။ သူသည် သူ၏လူမျိုးတော်တို့ကို ငြိမ်သိပ်ခြင်းကောင်းချီးပေးမည်။

၄။ ထာဝရဘုရားသခင်၌ တည်သော ယုံကြည်ခြင်းကို အသစ်ပြန်နိူးခြင်း

က။ ထာဝရဘုရားသခင်၏အသံတော် ဟူသော ဆောင်ပုဒ်ကို အချိန်ပေး ဆင်ခြင်ကြစို့။
ခ။ ဘုရားသခင်၏ တန်ခိုးနှင့် ဂုဏ်ကျက်သရေတို့၌ ချီးမြောက်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

Close menu