ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အာက်တိုဘာလ (၁၀) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ အာက်တိုဘာလ (၁၀) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၇

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

၁ ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြာက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြာက်လန့်ရအံ့နည်း။

၂ ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍ လဲကြ၏။

၃ ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။

(ဆာလံ ၂ရး၁-၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသက်တာ၌ ရင်ဆိုင်နေရသော ရန်သူများ

က။ ခန္ဓာကိုယ်ဖြင့်တည်ရှိသော ရန်သူများ၊
ခ။ ဝိညာဉ်ဖြင့်သာတည်ရှိသော ရန်သူများ၊
ဂ။ ရန်သူတို့သည် အများအပြား ဖစ်နိုင်သည်။
ဃ။ သူတို့သည် စစ်ကိုပင် ဖန်တီးနိုင်ကြသည်။

၂။ ရန်သူတို့၏ ကာက်ကျစ်သော အကြံအစည်များ

က။ ဖြောင့်မတ်သောသူတို့ကို တိုက်ခိုက်လိမ့်မည်။
ခ။ အခွင့်သာလျှင် ဖျက်ဆီး၍ သတ်ဖြတ်လိမ့်မည်။

၃။ အဘယ်သို့ တုံ့ပြန်ရမည်နည်း။

က။ လုံး၀ ကြာက်လန့်စရာ မလို။
ခ။ ထာဝရဘုရားသခင်ကို ခိုလှုံ၍ စိတ်ချစွာ နေရမည်။

၄။ အဘယ်သို့ ထာဝရဘုရားသခင်၌ စိတ်ချစွာ နေနိုင်မည်နည်း။

က။ ထာဝရဘုရားသခင်ကို ရှာရမည်။

(၁) အလင်းကို ရှာပါ။
(၂) ခွန်အားကို ရှာပါ။
(၃) ဘုရားသခင်၏မစခြင်းကို ရှာပါ။

ခ။ ဘုရားသခင်သည် ရန်သူတို့ကို ကျဆုံးစေလိမ့်မည်။
(ဘုရားသခင်သည် အကျွန်ုပ်တို့၏ ရန်သူတို့ကို)

(၁) တိုက်ခိုက်လိမ့်မည်။
(၂) အနိုင်ရလိမ့်မည်။
(၃) တစ်နေ့တစ်ချိန်ချိန်၌ အဆုံးစီရင် လိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

အကျွန်ုပ်၏ အခန်းဏ္ဍရှိသည်။

၁။ ထာဝရဘုရားသခင်ကို ရှာရမည်။

က။ ဇွဲလုံးလအပြည့်နှင့်၊
ခ။ သစ္စာရှိရှိ၊

၂။ ဘုရားသခင်ကို ရှာရာ၌ ငီးငွေ့မောပန်းခြင်း မရှိရ။

က။ အားပျော့သောသူ မဖြစ်ကြစို့နှင့်။
ခ။ ပျင်းရိသောသူ မဖြစ်ကြစို့နှင့်။
ဂ။ ပြန်လည်နိူးထခြင်းအမှုကို ရှာကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

Close menu