Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၇) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ ဇွန်လ (၂၇) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၄

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း
အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင်ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူ သတည်း။

(ဆာလံ ၂၄း၉-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဤကျမ်းချက်နှစ်ခုစလုံးသည် ဆာလံ ၂၄ ကို နိဂုန်းချုပ်သည်။

၂။ သို့သော်၊ အောက်ပါအချက်တို့ကို မှတ်ယူပါ။

အချင်းတံခါးတို့၊ တံခါးမုတ်ကိုကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။
ဘုန်းကြီး သောရှင်ဘုရင် ဝင်တော်မူမည်။ ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။
အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူ
သော ထာဝရဘုရား ပေတည်း။
(ဆာလံ ၂၄း၇-၈)

၃။ တစ်ချို့သောစကားလုံး နှင့် စကားစုများကို ထပ်ခါထပ်ခါ တွေ့ရသည်။

က။ ဘုန်းကြီး သောရှင်ဘုရင် (ဆာလံ ၂၄း၇၊ ၈ နှင့် ၂၄း၉၊၁၀)
ခ။ ထာဝရဘုရား

(၁) အစွမ်းတန်ခိုးနှင့်ပြည့်စုံတော်မူသောသူ (ဆာလံ ၂၄း၈)
(၂) စစ်တိုက်ရာ၌ တန်ခိုးကြီးသောသူ (ဆာလံ ၂၄း၉)
(၃) ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား (ဆာလံ ၂၄း၁၀)

၄။ ထပ်ခါတလဲလဲ သုံးရခြင်းမှာ-

က။ အတိအကျ ရည်ညွန်းလိုသောကြောင့် ဖြစ်သည်။

(၁) ဘုရားသခင်ကို အဘယ်သို့သော ဘုရားဖြစ်သည်ကို ထုတ်ဖော်ခြင်း၊
(၂) ဘုရားသခင်၏ ဂုဏ်သတ္တိတို့ကို ဖော်ပြခြင်း၊

ခ။ ရှင်းလင်းစွာ သွန်သင်လိုသောကြောင့် ဖြစ်သည်။

(၁) ဘုရားသခင်သည် အစွန်းတန်ခိုးကြီးသောသူ ဖြစ်ကြောင်း၊
(၂) စစ်မှန်သော ယုံကြည်ခံယူချက်နှင့် မရင်းနှီးသေးသောသူတို့နေဖြင့် ကောင်းမွန်စွာ သင်ယူအပ်သော ခိုင်ခံ့သော အမှန်တရားဖြစ်ကြောင်း၊

ဂ။ ခွန်အားပေးတိုက်တွန်း လိုသောကြောင့် ဖြစ်သည်။

(၁) စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့်တကွ ကခုန်နေရမည်။
(၂) မြို့တံခါးတို့သည် အကျွန်ုပ်တို့၏နှလုံးသားတံခါးတို့နှင့် ခန့်နှိုင်းရမည်။
(၃) အကျွန်ုပ်တို့၏ နှလုံးသားတံခါးတို့သည် ကောင်းကင်ဗိုလ်ခြေထာဝရဘုရား သခင်ကို လက်ခံကြိုဆိုရန် အကုန်အစင် ဖွင့်ထားရမည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်ကို အဘယ်မျှလောက် မြတ်နိူးကြသနည်း။

က။ ထာဝရဘုရားသခင်ကို အဘယ်မျှလောက် သိကျွမ်းကြသနည်း။
ခ။ ဘုရားသခင်ကို အဘယ်မျှလောက် ကြောက်ချစ်ရိုသေ ကြသနည်း။

၂။ အကျွန်ုပ်တို့၏ နှလုံးသားတံခါးတို့ကို စစ်ဆေးကြစို့။

က။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအတွက် အကျွန်ုပ်တို့ နှလုံးသားတံခါးတို့သည် ဖွင့်လျှက် ရှိကြသလား။
ခ။ ဘုရားသခင်ကို အကျွန်ုပ်တို့ နှလုံးသားထဲမှ ဝမ်းမြောက်စွာ လက်ခံကြိုဆိုကြသလား။
ဂ။ ဘုရားသခင် ကိုယ်တိုင် ဝင်လာခြင်းနှင့် အတူရှိနေခြင်းသည် အကျွန်ုပ်တို့၏ နှလုံးသားကို ကြီးမားစွာ ဝမ်းမြောက်ခြင်း ရှိစေသတည်း။
ဃ။ ထာဝရဘုရားသခင်အတွက် အကျွန်ုပ်တို့၏ စိတ်နှလုံးတံခါးတို့သည် အပြည့်အ၀ဖွင့်လျှက် ရှိစေသတည်း။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

To Contact : [email protected]