ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၆)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၃၆)

 

လောကီနှင့်မိတ်သဟာယဖွဲ့ခြင်းကို ဘုရားသခင်အလိုမရှိ

ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။ မတရားသောမေထုန်၌ မှီဝဲသောယောကျ်ားမိန်းမတို့၊ လောကီမိတ်ဿဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်ဿဟာယဖွဲ့လို သောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။

(ယာကုပ် ၄း၃-၄)

 

ဆုတောင်းလျှင်လည်း ကာမဂုဏ်…
၁။ အသနားခံတောင်းဆိုသော်လည်း (တောင်းလျှောက်သော ကောင်းချီး
မင်္ဂလာများကို) မရရှိခြင်း၏ အကြောင်းရင်းမှာ –

က။ ကာမဂုဏ်ခံစားစရာဖို့ တောင်းလျှောက်သောကြောင့်၊
ခ။ အလွဲအမှား တောင်းလျှောက်သောကြောင့် ဖြစ်သည်။

၂။ ဆုတောင်းချက်တိုင်းသည် ဘုရားသခင်၏အလိုတော်နှင့်အညီ မဖြစ်နိုင်။

က။ သမ္မာကျမ်းစာနှင့်အညီ ဆုတောင်းရမည်။ (ဆာလံ ၁၁၉း၅၈၊ ၆၅)
ခ။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်လမ်းပြသည့်အတိုင်း ဆုတောင်းရမည်။ (ရောမ ၈း၂၆-၂၇)

၃။ သခင်ခရစ်တော်ကိုယ်တိုင် သင်ပေးသော “ဆုတောင်းနည်းပုံစံ” နှင့်အညီ ဆုတောင်းကြရမည်။ (မဿဲ ၆း၉-၁၃)

 

မတရားသောမေထုန်၌မှီဝဲသော ယောကျ်ားမိန်းမတို့…

၁။ “မတရားသောမေထုန်၌မှီဝဲသော ယောကျ်ားမိန်းမတို့” သည် –

က။ မယားငယ်ယူသောယောကျ်ား၊
ခ။ ဖောက်ပြန်သောမိန်းမတို့ကို ဆိုလိုသည်။

၂။ တစ်နည်းအားဖြင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို ရည်ညွှန်းသည်။

က။ ကာမဂုဏ်ကို ကျူးလွန်နေသောသူများ ဖြစ်ကြသည်။
ခ။ မတရားသောမေထုန်ကို မှီဝဲနေသူများ ဖြစ်ကြသည်။

၃။ ထိုသို့ နေထိုင်ခြင်းသည် ဘုရားသခင်၏အလိုတော်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်သည် မတရားသောမေထုန်မှီဝဲခြင်းကို ရှောင်၍ သန့်ရှင်းစွာ နေထိုင်ခြင်းဖြစ်သည်။ (၁သက် ၄း၃)

 

လောကီမိဿဟာယသည်…

၁။ လောကီမိတ်သဟာယသည်

က။ လောကီနှင့်မိတ်ဖွဲ့ခြင်း၊
ခ။ လောကီနည်းဥပဒေသနှင့် အကျွမ်းတဝင် ဖြစ်နေခြင်း၊
ဂ။ လောကီနည်းနာအဖြာဖြာကို ခံယူလိုက်နာခြင်း၊ စသည်တို့ကို ဆိုလိုသည်။

၂။ ထိုသို့သော လောကီမိတ်သဟာယသည် –

က။ ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
ခ။ ဘုရားသခင်နှင့် ရင်းနှီၤးကျွမ်းဝင်မှုမရှိခြင်း ဖြစ်သည်။
ဂ။ ဘုရားသခင်နှင့် ရန်ဘက်ပြုနေခြင်း ဖြစ်သည်။

 

ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည်…

၁။ “ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည်”

က။ လောကီနှင့် မိတ်ဖွဲ့လိုသောသူ၊
ခ။ လောကီနည်းဥပဒေသကို ရွေးချယ်သောသူ ကိုဆိုလိုသည်။

၂။ ထိုသို့သောသူသည် –

က။ ဘုရားသခင်၏ ဆန့်ကျင်ဘက်အဖြစ် သတ်မှတ်ခြင်းခံရသည်။
ခ။ ဘုရားသခင်၏ ရန်သူ ဖြစ်သည်။

၃။ ဂရိ (kathistemi)သည် –

က။ present active passive (ခံရသူပြ ကာလ) ဖြစ်သည်။
ခ။ သတ်မှတ်ခြင်းခံရသည်၊၊
ဂ။ ခန့်ထားခြင်းခံရသည် စသည်တို့ဖြစ်သည်။

၄။ ဆိုလိုသည်မှာ- လောကီနှင့် မိတ်သဟာယဖွဲ့လိုသောကြောင့် လောကီနည်းဥပဒေသကို ရွေးချယ်သောသူသည် ဘုရားသခင်၏ ရန်သူအဖြစ် သတ်မှတ်ခန့်ထားခြင်းခံရသောသူ ဖြစ်သည်။

Close menu