ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၅)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၅)

 

ယုံကြည်ခြင်းရှိမှသာ တောင်းလော့

သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သောလှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်
တော်မှ ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း တစုံတခု ကို ရမည်ဟု မထင်မမှတ်စေနှင့်။

(ယာကုပ် ၁း၆-၈)

 

သို့ရာတွင် တွေးတောခြင်းမရှိဘဲ…

၁။ ဘုရားသခင်ထံ၌ ပညာကို တောင်းသောအခါ

က။ သံသယမရှိဘဲ၊
ခ။ တွေဝေခြင်းမရှိဘဲ တောင်းရမည်။

၂။ ဘုရားသခင်ထံ၌ ပညာကိုတောင်းသောအခါ

က။ ယုံကြည်သောစိတ်နှင့် တောင်းရမည်။
ခ။ ယုံကြည်ခြင်းနှင့် တောင်းရမည်။

 

တွေးတောခြင်းရှိသောသူသည်ကား…

၁။သံသယရှိသောသူ၊ ယုံကြည်ခြင်းမရှိသောသူ ကိုဆိုလိုသည်။
၂။ ထိုသူသည် လေခတ်၍ လှုပ်ရှားနေသော လှိုင်းတံပိုးနှင့်တူသည်။

က။ ယုံကြည်ခြင်း၌ ယိမ်းယိုင်သောသူ၊
ခ။ အသက်တာ၌ မတည်ကြည်သောသူ၊၊

 

ထိုသို့သောသူသည်…

၁။ စိတ်နှစ်ခွရှိသောသူ (ဂရိ-dipsychos) သည် –

က။ စိတ်ဝိညာဉ်နှစ်ခုဖြင့် အသက်ရှင်သောသူ၊
ခ။ ရည်ရွယ်ချက်နှစ်ခုကြား အသက်ရှင်သောသူ ဖြစ်သည်။

၂။ ပြုလေသမျှတို့၌ မတည်ကြည်သောသူ (ဂရိ-akatastatos) သည် –

က။ စိတ်လှုပ်ရှားလွယ်သောသူ၊
ခ။ ခိုင်မာပြတ်သားမှု မရှိသူ၊
ဂ။ အပြောနှင့်အလုပ် မညီသောသူ ဖြစ်သည်။

 

တစုံတခုကိုရမည်ဟု မထင်မမှတ်စေနှင့်

၁။ မထင်မမှတ် (ဂရိ-oiomai) သည် –

က။ ထင်မြင်ယူဆခြင်း၊
ခ။ စိတ်ကူးယဉ်ခြင်း စသည်တို့ဖြစ်သည်။

၂။ စိတ်နှစ်ခွရှိသောသူသည် ဘုရားသခင်၏လက်တော်မှ

က။ ပညာကို မဆိုထားနှင့်၊
ခ။ မည်သည့်အရာကိုမျှ ရနိူင်မည်မဟုတ်။

၃။ ထိုသို့သောသူသည် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရမည်ဟု မျှော်လင့်ထားခြင်း မရှိသင့်ချေ။

 

စိန်ခေါ်ချက်
၁။ ဘုရားသခင်သည် ယုံကြည်လျက်တောင်းသောသူတို့ကိုသာ ပညာကိုပေးသနားတော်မူမည်။
၂။ဘုရားသခင်ကို အမှန်ယုံကြည်လျက်ပညာကိုတောင်းလျောက်ကြပါစို့။
၃။ ယုံကြည်ခြင်းရှိမှသာ ဘုရားသခင်သည် (ပညာကို အကျွန်ုပ်တို့အား) စေတနာစိတ်နှင့် ပေးသနားတော်မူမည်။

Close menu