Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၃၇)

ထိုသခင်၌ ကျင်လည်ကြလော့ (၃၇)

 

မိသားစု သွေးကြော
အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အချင်း ယောက်ျားတို့၊ ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ကြမ်းတမ်းစွာ မပြုကြနှင့်။ (ကော ၃း၁၈-၁၉)
လင်နှင့်မယား ဆက်ဆံရေးသဘောထားသည် မိသားစု ၏ အဓိက သွေးကြောကြီး ဖြစ်သည်။ အဘယ်သို့ သော စိတ် သဘောထားနှင့် ဆက်ဆံသင့်သည်ကို အထက်ပါကျမ်းချက်၌ ရှင်ပေါလု အတိအလင်း ဖော်ပြထားသည်။

 

အချင်းမိန်းမတို့၊

၁။ အိမ်ထောင်ရှင် အမျိုးသမီးများကို ရည်ညွှန်းသည်။
၂။ ကောလောသဲ အသင်းတော်ရှိ မိန်းမများကို ရည်ညွှန်းသည်။
၃။ ခရစ်ယာန်အိမ်ထောင်ရှင်မများနှင့် လုံး၀ သက်ဆိုင်သည်။
သခင်ဘုရား၌ လျောက်ပတ်သည်အတိုင်း
၁။ “သခင်ဘုရား၌” ဆိုသည်မှာ-
က။ သခင်ဘုရား၏ အလိုတော်နှင့်အညီ၊
ခ။ သခင်ခရစ်တော်၏ ပုံသက်သေနှင့်အညီ၊
ဂ။ သမ္မာကျမ်းစာ၏ သဘောထားနှင့် အညီ။
၂။ “လျောက်ပတ်” ဆိုသည်မှာ –
က။ တင့်တယ်လှပခြင်း၊
ခ။ လက်ခံနိုင်မှုရှိခြင်း၊
ဂ။ ကိုက်ညီ(လိုက်လျောညီထွေနေတတ်)ခြင်း။

 

ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့

၁။ “အုပ်စိုးခြင်း” ဟူသော စကားလုံးကို ဆရာကြီးယုဒသန်သည် စီလျော်အောင်ဖြည့်စွက်ထားသည်။
၂။ မိန်းမများ “ဝန်ခံ” ကြရမည့် အရာမှာ –
က။ ခင်ပွန်းတို့၏ “အုပ်စိုးခြင်း”မဟုတ်ဘဲ၊
ခ။ ခင်ပွန်းတို့၏ “ဦးဆောင်မှု” ဟု နားလည်သင့်ပေသည်။
၃။ ခရစ်ယာန်အိမ်ထောင်ရှင်မများ တို့သည် ခမည်းတော်၏ အလိုတော်ကို ဝန်ခံ၊ နာခံလျက်ရှိသော သခင်ခရစ်တော်၏ ပုံသက်သေကို အမှီပြု၊ အတုယူပြီး ခင်ပွန်းတို့၏ ဦးဆောင်ခြင်းကို စိတ်ရော ကိုယ်ပါ ခံယူကြရမည်။
၄။ သခင်ခရစ်တော်၏ ပုံသက်သေကို မျက်ခြေမပြတ်ကြည့်၍၊ မိမိခင်ပွန်း၏ ဦးဆောင်ခြင်းကို ခံယူခြင်းသည် ဘုရားသခင်ရှေ့၌ တင့်တယ်လှပသောအရာဖြစ်သည်။

 

အချင်းယောက်ျားတို့၊

၁။ ကောလောသဲ ခရစ်ယာန် အိမ်ထောင်ဦးစီးများကို ရည်ညွှန်းသည်။
၂။ သူတို့သည်လည်း မိမိတို့၏ ဇနီးများအပေါ် ပြုရမည့် ဝတ္တရားရှိသည်။
၃။ ထို ဝတ္တရားမှာ ကိုယ့်ဇနီးကို ချစ်ကြရန် ဖြစ်သည်။
ကိုယ်ခင်ပွန်းကို ချစ်ကြလော့ …
၁။ မိမိတို့၏ ဇနီးတို့ကို အဘယ်သို့ ချစ်ကြရမည်နည်း။
၂။ “သခင်ဘုရား၌” ချစ်ကြရမည်။ ဆိုလိုသည်မှာ –
က။ သခင်ခရစ်တော်က အသင်းတော်ကို ချစ်သကဲ့သို့ ၊
ခ။ ခမည်းတော်ဘုရားသခင်က အကျွန်ုပ်တို့ အပြစ်သားများကို ချစ်သကဲ့သို့၊
ဂ။ အိမ်ထောင်ဦးစီးများက မိမိတို့၏ အိမ်ထောင်ရှင်များကို ချစ်ကြရမည်။

၃။ အကြောင်းရင်းမှာ ပေါလုသည် အဂ္ဂါဗေ (agape) မေတ္တာ ဖြင့် ချစ်ကြရန် တိုက်တွန်းသည်။
၄။ ဤ အဂ္ဂါဗေမေတ္တာ၌ (၁ ကော ၁၃း၄-၇)၊
က။ စိတ်နာ၍ မုန်းတီးခြင်း မရှိ၊
ခ။ မလျောက်ပတ်စွာကျင့်ခြင်း မရှိ၊
ခ။ ထို့ကြောင့်၊ ကြမ်းတမ်းစွာ ပြုမူဆက်ဆံခြင်းလည်း မရှိနိုင်ရာ (ကော ၃း၁၉)။

 

To Contact : [email protected]