Bethany Independent Presbyterian Church

Myanmar

ဘုရားသခင်အဖြစ်တော်၏ထပ်တူပုံသဏ္ဍာန်ဖြစ်ခြင်း ဟေဗြဲ ၁း၃

ဘုရားသခင်အဖြစ်တော်၏ထပ်တူပုံသဏ္ဍာန်ဖြစ်ခြင်း ဟေဗြဲ ၁း၃


နိဒါန်း

၁။ သခင်ယေရှုခရစ်ဆိုင်ရာ ယုံကြည်ချက်

က။ ဓမ္မဆိုင်ရာ ခရစ်တော်ဗေဒ

ခ။ လေးလေးနက်နက် များစွာလေ့လာရှာဖွေဖို့နှင့် တန်ဖိုးထားရန်

၂။ ဓမ္မဆိုင်ရာ အထောက်အကူ

က။ ဖရောဖက်ဆိုင်ရာ

၁။ အနာဂါတ်ဆိုင်ကြိုတင်ဟောကြားချက်များ (ဓမ္မဟောင်း)

၂။ မှန်ကန်စွာပြည့်စုံခြင်း (ဓမ္မသစ်)

ခ။ ခရစ်ဝင်ကျမ်းများ

၁။ သခင်ယေရှု၏သက်တော်စင်

၂။ သူ၏သာသနာလုပ်ငန်း

၃။ သူ၏ ဆုံးမသြဝါဒ၊ သွန်သင်ချက်များ

၄။ သူ၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း

ဂ။ သြဝါဒစာများ

၁။ အရေးပါမှုကို ဖော်ပြခြင်း

၂။ ခုခံကာကွယ်ခြင်း

၃။ တန်းဖိုးထားခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း

 

ဟေဗြဲသြဝါဒစာ

၁။ ယုဒလူမျိုးနှင့် ဟေလသလူမျိုးနှစ်မျိုးအတွက် ရေးသားခြင်းဖြစ်သည်။

၂။ ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို အဓိကထားသည်။

က။ ဓမ္မဆိုင်ရာ

ခ။ ပုဂ္ဂိုလ်ဆိုင်ရာ

ဂ။ လက်တွေ့ဆိုင်ရာ

 

သခင်ယေရှု၏ ဘွဲ့နာမတော်များ

၁။ ဆရာ

၂။ သခင်

၃။ ယုဒလူမျိုများ၏ ဘုရင်

၄။ မေရှိယ

၅။ ဘုရားသခင်၏သားတော်

၆။ လူသား (သူ့ကိုယ်သူဖော်ပြဖို့ သခင်နှစ်သက်သော ဝေါဟာရ)

 

ဘုရားသခင်အဖြစ်တော်၏ ထပ်တူပုံသဏ္ဍာန်တော်

၁။ ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်းဗျာဒိတ်ပေးတော်မူသောဘုရားသခင်သည်

ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျယဒိတ်ပေးတော်မူပြီ။

၂။ ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည်တော်မူ၏။

၃။ ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဘုရားသခင်အဖြစ်တော်၏ ထပ်တူပုံသဏ္ဍာန်ဖြစ်၍ တန်ခိုးနှင့်ပြည့်စုံသော

မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို တည်ရှိတည်တံ့စေသူဖြစ်လျက်၊ ငါတို့အပြစ်များကို

ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပြီးလျှင် မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏လက်ျာဘက်၌ ထိုင်တော်မူ၏။

၄။ ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊

ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူဖြစ်တော်မူ၏။ ဟေဗြဲသြဝါဒစာ ၁း၁-၄

၁။ အတိတ်၌ ဘုရားစကားပြောသောအခါ

က။ ပရောဖက်များအားဖြင့်စကားပြောသည်။

ခ။ ဣသရေလလူမျိုးများ၏ ဘိုးဘေးများထံသို့

၂။ ပစ္စုပန်ကာလ၌ ဘုရားစကားပြောသောအခါ

က။ သားတော်အားဖြင့်

ခ။ အထူးဝေါဟာရ (၂) မျိုး

၁။ ဘုရားသခင်၏သားတော်

၂။ လူသား

၃။ သားတော်ကား အဘယ်သူနည်း။

က။ အလုံးစုံတို့၏ အမွေခံသခင်

ခ။ လောဓာတ်ကိုတည်သောသူ

၄။ အထူးမီးမောင်းထိုးဖော်ပြချက်

က။ ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့်ပြည့်စုံသည်။

ခ။ ဘုရားသခင်အဖြစ်တော်၏ထပ်တူပုံသဏ္ဍာန်ဖြစ်သည်။

၁၄။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင်၎င်းပြည့်စုံလျက် ငါတို့တွင်

တည်နေတော်မူသည်ဖြစ်၍ခမည်းတော၌ တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။

၁၅။ ယောဟန်သည်ထိုသခင်၏အကြောင်းကိုသက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည်

ငါမရှိမှီရှိနှင့်ဖြစ်၍ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌ ထိုသူကိုဆိုလိုသည်ဟုသက်သေခံလေ၏။

၁၆။ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတော်တစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။

၁၇။ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်ထက်တွင်ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။

၁၈။ ဘုရားသခင်ကို အဘယ်မျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကိုထင်ရှားစေတော်မူပြီ။ ယောဟန် ၁း ၁၄-၁၈

၅။ သားတော်၏ ကြီးမြတ်တော်မူခြင်း

က။ တန်ခိုး

အမိန့်တော်အားဖြင့်ခပ်သိမ်းသောအရာတို့ကို တည်ရှိနည်တံ့စေသည် (ဟေ ၁း၃)

ခ။ ငါတို့အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်း

ကိုယ်တော်တိုင် ငါတို့အပြစ်များကို သုတ်သင်ပယ်ရှင်းသည် (ဟေ ၁း၃)

ဂ။ ဘုရားသခင်၏ လက်ျာဘက်

မြင့်သောအရပ်မှာတန်းခိုးအာနုဘော်တော်၏လက်ျာဘက်၌ထိုင်တော်မူ၏ (ဟေ ၁း၃)

ဃ။ ထူးမြတ်သော ဘွဲ့နာမတော်

၁။ ကောင်းကင်တမန်တို့ထက်သာ၍ကြီးမြတ်သောသူဖြစ်၏ (ဟေ ၁း၄)

၂။ ကောင်းကင်တမန်တို့ထက်သာ၍ ကြီးမြတ်သောဘွဲ့နာမကိုခံရ၏ (ဟေ ၁း၄)

၉။ ထို့ကြောင့် ဘုရားသခင်သည်ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမတော်ကို ပေးသနားတော်မူ၏။

၁၀။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမကို ဒူးထောက်၍၊

၁၁။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ ဘုန်းအသေရေတော်ကို ထင်ရှားစေမည်အကြောင်းတည်း။ ဖိလိပ္ပိသြဝါဒစာ ၂း ၉-၁၁

 

နိဂုံး

၁၀။ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်းဖန်းရှင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။

၁၁။ သူသည်မိမိဒေသအရပ်သို့ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

၁၂။ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။

၁၃။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက်ဖွားသောသားမဟုတ်။

ဘုရားသခင်ဖွားတော်မူသောသားဖြစ်သတည်း။ ရှင်ယောဟန် ၁း ၁၀-၁၃

၁။ သခင်ယေရှုကို သင့်လျော်စွာ လက်ခံယုံကြည်ကြစို့။

၂။ စစ်မှန်သောသူဖြစ်ဖို့နှင့် ဘုရားသခင်၏သားသမီးပီသစွာ၊ သစ္စာရှိစွာအသက်ရှင်ဖို့ ကြိုးစားကြစို့။