Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။
၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူး ကို ငါတို့သည် ခံရကြ၏။
(ကော ၁း၁၃-၁၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မှောင်မိုင်တန်ခိုး
၂။ ပေါလုသည် မကောင်းသောသူ (စာတန်)နှင့် သူ၏တန်ခိုးနှင့်စပ်လျဉ်း၍ များစွာဖော်ပြသည်။

က။ ဧဖက် ၂

(၁) လောကတစ်ခုလုံးကို စိုးမိုးသည်။
(၂) များစွာသောသူတို့ကို ဖျက်စီးသည်။
(၃) များစွာသောသူတို့သည် သူ့ကို နားခံကြသည်။
(၄) များစွာသောသူတို့သည် (ဘုရားသခင်ကို) ဆန့်ဆန်သောသူများ ဖြစ်လာကြသည်။

ခ။ ဧဖက် ၆

(၁) တန်ခိုးရှိသောနတ်ဝိညာဉ်များကို ဦးဆောင်သည်။
(၂) ထိုနတ်ဝိညာဉ်တို့ကို ယုံကြည်သူများနှင့် တိုက်လှန်စေသည်။
(၃) လူတို့၏တန်ခိုးသည် ထိုအားကြီးသော နတ်ဝိညာဉ်တို့ကို အနိုင်မယူနိုင်။

၃။ မစကယ်တင်ခြင်း

က။ သခင်ဘုရားသာလျှင် စာတန်လက်ထဲမှ အကျွနုပ်တို့ကို ကယ်တင်နိုင်သည်။
ခ။ သခင်ဘုရား၏တန်ခိုးသာလျှင် စာတန်၏တန်ခိုး အနိုင်ယူနိုင်သည်။

၄။ သခင်ဘုရားပြုသောအမှု

က။ မှောက်မိုက်သော နိုင်ငံတော်မှ အကျွနု်ပ်တို့ကို နှုတ်ယူတော်မူသည်။
ခ။ သခင်ယေရှုခရစ်တော်၏နိုင်ငံတော်ထဲသို့ အကျွန်ုပ်တို့ကို သွင်းတော်မူသည်။
ဂ။ ဤနိုင်ငံတော်သည် ဘုရားသခင်က ချစ်သား သခင်ခရစ်တော်အား ပေးတော်မူသော နိုင်ငံတော်ဖြစ်သည်။

၅။ သခင်ခရစ်တော်၌

က။ အကျွန်ုပ်တို့သည် ပြည့်ဝစုံလင်သော ကယ်တင်ခြင်းကို ရရှိကြသည်။
ခ။ အကျွန်ုပ်တို့ ရရှိသော ကယ်တင်ခြင်းသည် သခင်ခရစ်တော်၏အသွေးတော်သွန်ခြင်း အားဖြင့် ဖြစ်သည်။
ဂ။ ဤရွေးနှုတ်ကယ်တင်ခြင်း၌ အကျွန်ုပ်တို့သည် အပြစ်ခွင့်လွှတ်ခြင်းကို ခံကြရသည်။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ ဤအရာတို့သည် “ရှေ့ဟောင်းကျသော အမှန်တရားများ” ဖြစ်ကြသည်။

က။ များစွာသောသူတို့သည် ပေါ့တန်စွာ ခံယူကြသည်။
ခ။ အကျွန်ုပ်တို့အနေဖြင့်၊ ဤအရာများကို သီအိုရီဆန်သော အမှန်တရားများအဖြစ်သာ မခံယူကြရန် အရေးကြီးသည်။

၂။ ဤအမှန်တရားများကို

က။ တန်ဖိုးထားကြရမည်။
ခ။ စိတ်စွဲလမ်းလျက် ရှိကြရမည်။
ဂ။ လေးနက်စွာ မြတ်နိူးကြရမည်။
ဃ။ အားရပါးရ ဟောကြားကြရမည်။
င။ အသေးစိပ် လေ့လားဆည်းပူးကြရမည်။

၃။ စိတ်မကောင်းစရာမှာ

က။ များစွာသောသူတို့သည် ဤအမှန်တရားများကို သီအိုရီအားဖြင့်သာ ခံယူကြသည်။
ခ။ ဤအမှန်တရားများကို အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ကျင့်သုံးခြင်း မပြုကြပေ။

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်