Bethany Independent Presbyterian Church

Myanmar

”တမန်တော်နှင့်ယဇ်ပရောဟိတ်မင်း” ဟေဗြဲ ၃း၁-၁၉

”တမန်တော်နှင့်ယဇ်ပရောဟိတ်မင်း” ဟေဗြဲ ၃း၁-၁၉



နိဒါန်း

၁။ သခင်ယေရှု၏ ပုဂ္ဂိုလ်ဖြစ်ခြင်းသည် အမှန်ပင်အံ့သြဖွယ်ဖြစ်သည်။

က။ ဘုရားသခင်၏ အမွေခံ

ခ။ ဘုရားသခင်အဖြစ်တော်၏ ထပ်တူပုံသဏ္ဍာန်ဖြစ်ခြင်း

ဂ။ ကောင်းတမန်တို့ထက်သာ၍ကြီးမြတ်သောသူ

ဃ။ မောရှေထက်သာ၍ကြီးမြတ်သောသူ

၂။ သခင်ယေရှုပြုသောအမှုတို့သည် လေးနက်စွာ တန်ဖိုးထားဖို့ လိုအပ်သည်။

က။ မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို တည်ရှိတည်တံ့စေသည်။

ခ။ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းသည်။

 

သခင်ယေရှုနှင့်သက်ဆိုင်သော အရေးကြီးဗျာဒိတ်တော်

၁။ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကိုခံရသောသူ၊ သန့်ရှင်းသောညီအစ်ကိုတို့၊

ငါတို့ဝန်ခံသောတမန်တော်နှင့် ယဇ်ပရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။

၂။ မောရှေသည် ဘုရားသခင်၏အိမ်တော် တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ယေရှုသည် မိမိကိုခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။

၃။ အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသောအသရေရှိသကဲ့သို့ယေရှုသည် မောရှေထက်သာ၍ကြီးသောအသရေကိုခံထိုက်သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်းရှိ၏။

၄။ အိမ်မည်ကား၊ တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား၊ ဘုရားသခင်ပေတည်း။

၅။ မောရှေသည်နောက်ဟောပြောလတံ့သောအရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်၏။

၆။ ခရစ်တော်မူကား၊ သားကဲ့သို့အိမ်တော်ကိုအုပ်စိုး၍သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ရဲရင့်ခြင်း၌၎င်း၊

မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဂုဏ်ယူဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည်လျှင်ထိုအိမ်တော်ဖြစ်သတည်း။ ဟေဗြဲသြဝါဒစာ ၃း ၁-၆

 

သခင်ယေရှုသည် ဘုရားသခင်စေလွှတ်တော်မူသော တမန်တော် ဖြစ်ခြင်း

၁။ “တမန်တော်” ဝေါဟာရ

က။ စေလွှတ်ခြင်းခံသောသူ ကို ဆိုလိုသည်။

ခ။ တမန်တော်သည်-

၁။ အခွင့်အာဏာတန်ခိုး ကိုအထူးပေးအပ်ခြင်းခံသောသူ

၂။ သူ၏ကျင့်ကြံပြုမူခြင်းသည် သူ၏တမန်တော်ဖြစ်ခြင်းကို သက်သေပြသည်။

၂။ သခင်ယေရှုသည် ဘုရားခင်၏စေလွှတ်ခြင်းခံသောသူဖြစ်ခြင်းကို စိတ်စွဲသည်။

(စေလွှတ်ခြင်းနှင့်စပ်ဆိုင်သော တစ်ချို့ကျမ်းပိုဒ်)

က။ သားတော်ကိုစေလွှတ်သော ခမည်းတော်

၂၁။ ခမည်းတော်သည် သေလွန်သောသူတို့ကိုသေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသကဲ့သို့၊ ထိုနည်းတူသားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။

၂၂။ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊

၂၃။ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည်အဘယ်သူကိုမျှတရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။

သားတော်ကိုမရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်သော ခမည်းတော်ကိုမရိုသေသောသူဖြစ်၏။ ယောဟန် ၅း၂၁-၂၃

ခ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၏။

၃၆။ ယေယဟန်၏သက်သေထက်သာ၍ ကြီးသောသက်သေငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှါ ခမည်းတော်သည်ငါ့လက်သို့အပ်ပေးတော်မူ၍

ငါပြုသောထိုအမှုတို့သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကိုသက်သေခံကြ၏။

၃၇။ ခမည်းတော်သည်လည်း ငါ့ဘက်၌သက်သေခံတော်မူ၏။ ခမည်းတော်၏စကားသံတော်ကို သင်တို့သည်မကြား၊သဏ္ဍာန်တော်ကို မမြင်၊

၃၈။ နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တိုပသည် မယုံကြည်ဘဲနေကြ၏။ ယောဟန် ၅း ၃၆-၃၈

ဂ။ စေလွှတ်တော်မူသောသူ၏အလိုတော်

အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ်သောသူ၏အလိုတော်သို့လိုက်ခြင်းငှါဆင်းသက်၏။ ယောဟန် ၆း၃၈

ဃ။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်

ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟု မိန့်တော်မူ၏။ ယောဟန် ၈း ၁၈

င။ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်

၂၃။ ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည်ငါ့စကားကိုနားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။

ငါတို့သည်လည်း သူ့ဆီသို့ကြွ၍နေရာချမည်။ ယောဟန် ၁၄း ၂၃-၂၄

 

သခင်ယေရှု၏ သစ္စာစောင့်သော ယဇ်ပရောဟိတ်ဖြစ်ခြင်း

၁။ လူတို့တွင်ရွေးကောက်သောယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သက္ကာကို၎င်း၊ အပြစ်ဖြေရာယဇ်ကို၎င်းပူဇော်၍၊

လူတို့အတွက်ဘုရားဝတ်ကိုပြုစေခြင်းငှါ ခန့်ထားတော်မူသောသူဖြစ်၏။

၂။ သူသည်ကိုယ်တိုင်နွမ်းရိအားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက်သောသူ၊ မှားယွင်းသောသူတို့ကို သည်းခံခြင်းငှါတတ်နိုင်၏။

၃။ ထိုအကြောင်းကြောင့်လည်း၊ လူများအပြစ်နှင့် မိမိအပြစ်ကိုဖြေခြင်းငှါ ပူဇော်ရ၏။

၄။ ဘုရားသခင်သည် အာရုန်ကို ခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတစ်ပါး၊ အဘယ်သူမျှ ထိုအရာမြတ်ကိုမသိမ်းယူရ။

၅။ ထိုနည်းတူ၊ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းအရာ၌ မိမိကိုမိမိ ချီးမြောက်သည် မဟုတ်။ သင်သည်ငါ့သားဖြစ်၏။

ယနေ့ပင်သင့်ကိုငါဖြစ်ပွားစေပြီဟု မိန့်တော်မူသောသူသည် ခရစ်တော်ကိုချီးမြောက်တော်မူ၏။

၆။ ထိုသို့နှင့်အညီကျမ်းစာတစ်ချက်လာသည်ကား၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟုလာသတည်း။

၇။ ထိုခရစ်တော်သည် လူဇာတိအဖြစ်၌နေစဉ်ကာလ၊ သေခြင်းမှကယ်လွှတ်တော်မူနိုင်သောသူကို ကြီးစွာသောကြွေးကြော်ခြင်း၊

မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသဖြင့် ကြောက်ရွံ့ရာအမှု၌ချမ်းသာရသည်ဖြစ်၍၊

၈။ ဘုရားသခင်၏သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။

၉။ ထိုသို့ စုံလင်ခြင်းသို့ရောက်ပြီမှ ယုံကြည်နားထောင်သောသူ အပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူ ဖြစ်တော်မူ၍၊

၁၀။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်သမုတ်တော်မူခြင်းကိုခံရ၏။ ဟေဗြဲ ၅း ၁-၁၀

၁။ သူသည် အမြင့်ဆုံးသော ယဇ်ပုရောဟိတ်အရာ၌ ဘုရားသခင်ခန့်ထားတော်မူ၏။

၂။ မြေပေါ်၌ခရစ်တော်၏အမှုတော်

က။ မျက်ရည်ကျခြင်းနှင့် ဆုတောင်းပဌနာပြုသည်။

ခ။ ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏။

ဂ။ စုံလင်ခြင်းသို့ရောက်ပြီးမှ၊ ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူဖြစ်လာ၏။

ဃ။ မေလခိဇေဒက်ကဲ့သို့သော ယဇ်ပုရောဟိတ်ဟု ဘုရားသခင်သမုတ်ခြင်းကိုခံတော်မူ၏

 

စိန်ခေါ်ချက်များ

၁။ သခင်ယေရှုကို သူ၏အခန်းကဏ္ဍအတိုင်း ဆင်ခြင်နှလုံးသွင်းဖို့ရန်။

က။ တမန်တော်အဖြစ်

ခ။ အမြင့်ဆုံးသော ယဇ်ပုရောဟိတ်အဖြစ်

၂။ အရေးကြီးသော သစ္စာစောင့်ခြင်း သင်ခန်းစာ

က။ သူ့ကိုခေါ်တော်မူသော ဘုရားသခင်၌ သစ္စာစောင့်၏။

ခ။ သားကဲ့သို့အိမ်တော်ကိုအုပ်စိုး၍ သစ္စာစောင့်တော်မူ၏။

 

နိဂုံး

၁။ သခင်ယေရှု၏ သစ္စာစောင့်ခြင်းပုံဥပမာကို အတုယူဖို့ရန်။

၂။ သခင်ယေရှုကို ယုံကြည်စိတ်ချသောအမှုကို ခိုင်ခံ့စွာဆုတ်ကိုင်ရန်။

၃။ ငါတို့ သခင်နှင့် ငါတို့ကယ်တင်ရှင်၌ ဝမ်းမြောက်ဖို့ရန်။