Bethany Independent Presbyterian Church

Myanmar

Good Friday Message

Good Friday Message

အသွေးတော်နှင့်ဖြန်းခြင်းကျေးဇူး

၁ပေတရုသြဝါဒစာ ၁း၁-၂

 

နိဒါန်း

၁။ နှုတ်ဆက်ခြင်း နှင့် ဆက်ကပ်ဆုတောင်းခြင်း

၂။ အချိန်ခါသမရမိတ်ဆက်ခြင်း – မဟာသောကြာကြီးနေ့

က) ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ မေတ္တာတော်လက်တွေ့ဖော်ပြတဲ့နေ့၊

ခ) လောကလူသားတို့၏ အပြစ်အလုံးစုံကို ယေရှုခရစ်၏အသွေးတော်အားဖြင့် ဆေးကြောသောနေ့၊

ဂ) ၎င်းအသွေးတော်မြတ်ကို သွန်းလောင်းခြင်း၊ ဖြန်းခြင်းအား ဖြင့် ဘုရားသခင်၏ ကျေးဇူးတော်

ပုလ္လင်ကို ချဉ်းကပ်ခွင့်ရရှိသောနေ့။

ဃ) ဒုက္ခရောက်နေသော လူသားများ လွတ်မြောက်ရာလမ်းကြေင်း ပြင်ဆင်သောနေ့မြတ်။

င) ဘုရားသခင်၏ ကျေးဇူးတော် ပြည့်ဝစွာ ခံစားသောနေ့

၁) လောကသားအားလုံးအတွက် ကျေးဇူး – Common Grace

၂) ထာဝရအအသက် အတွက် ကျေးဇူး – Special Grace

 

အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူး လိုအပ်ခြင်း

၁။ ဖြန်းခြင်း၏အလုပ်/တန်ခိုး

က) သေစေသည် – ပိုး၊ အပြစ်။   ခ) ရှင်စေခြင်း – အသား၊ အသက် –  E.g ပိုးသတ်ဆေး၊ မြန်မာ့ သင်္ကျံန်

၂။ လူသားများ၏ခံယူချက်

က) အလုံးစုံမသန့်ရှင်းမှန်းကိုယ်ကိုကိုယ်သိကြတယ်

ခ) စိတ်ရော ကိုယ်ပါ သန့်ရှင်းခြင်းလိုအပ် နေတာကို သိကြတယ်

ဂ) ကိုယ်ကိုကိုယ် လုံလောက်စွာ မဖြေရှင်းနိုင်တာကို လည်းသိကြ တယ်

၃။ ဘုရားသခင်၏ လူသားတို့ပေါ်အမြင်

က) လူသားအားလုံးသည် အပြစ်သားဖြစ်ပြီး အပြစ်ပြုလုပ်ကြသည်

“လူအပေါင်းတို့သည် ဒစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသားရေပျက်ကြ ပြီ။”           ရောမ ၃း၂၃

ခ) အပြစ်များကို ဆေးကြောပြီး  ကယ်တင်ဖို့လိုအပ်သော လူသားများဖြစ်ကြသည်

ဂ) ခရစ်တော်မမွေးခင်၊ မသေခင် ဘုရားသခင် ၏ဆေးကြောခြင်းအလုပ်-

“တရားတော်၌ ပါသမျှသော ပညတ်တု့ိကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊

ရေနှင့်ရောနှောသော နွား၊ ဆိတ်၏ အသွေးကို ယူ၍၊ အနီဆိုးသော သိုးမွေးတပ်သော ဟုဿုပ်ပင် ညွန့် နှင့်၊ ကျမ်းစာကို ၎င်း လူအပေါင်းကို၎င်း ဖြန်းလျက်၊- ဤအသွေးကား၊ သင်၌ ဘုရားသခင်ဝန်ခံတော်မူသော ပဋိညာဉ်၏ အသွေးဖြစ်သည် ဟုပြောဆို၏။ တဲတော်နှင့် ဝတ်ပြုသောတန်စာများကိုလည်း ထိုနည်းကို အသွေးနှင့် ဖြန်းရ၏။- ပညတ်တရားအတိုင်း ခတ်သိမ်းသော အရာတို့ကို ကုန်မတတ် အသွေးတော်အားဖြင့် စင်ကြယ်စေတတ်၏။

အသွေးတော် မသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။”           ဟေဗြဲ ၉း၁၉-၂၂

 

အသွေးဖြန်းသူ

၁။ “ဖြန်း” ဆိုသော စကားလုံး                    (rhantiszo – to sprinkle as expiation)

က) ကိုယ်စားပြု လုပ်ခြင်း နှင့်ဆိုင်သည်

ခ) သန့်ရှင်းခြင်းအတွက် ကိုယ်စား အသွေး့ဖြန်းခြင်းဆိုင်ရာ ဓမ္မဝေါဟာရ

 

၂။ ကိုယ်စားပြုခြင်း

က) ကိုယ်စားပြုလို့ရသော အပိုင်း နှင့် ကိုယ်စားပြုလို့မရသောအပိုင်း

ဂ) ကိုယ်စားပြုဖို့လိုအပ်သော အပိုင်း (အားလုံး/လူသားဖြင့်အစားထူးမရ)

၁) လူသားအပြစ်မှကယ်တင်ခြင်း

“အကြောင်းမူကား၊ နွား၊ ဆိတ်၏ အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။”          ဟေဗြဲ ၁၀း၄

 

၃။ ခရစ်တော်သည် လူသားများအတွက် ဘုရားပြင်ဆင်သော အသွေးဖြန်းသူဖြစ်သည်

က) ဘုရားသခင် ပြင်ဆင်တော်မူသောသူ

“ထို့ကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊

ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိသည် ဖြင့်၍၊ အကျွနု်ပ် အဘို့

ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။”          ဟေဗြဲ ၁၀း၅

“ဤခွက်ကား ပဋိညာဉ်သစ်တရားနှင့် ဆိုင်၍ လူများတို့၏ အပြစ်ကို

လွတ်စေခြင်းငှါ သွန်းသောငါ၏အသွေးဖြစ်၏။”          ရှင်မဿဲ ၂၆း၂၈

 

ခ) မည်သို့အသွေးတော်ဖြန်းသနည်း – ပြည့်စုံသူ

“ထိုသခင်သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကို မပြု။

တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။ ငါတို့သည် အပြစ်နှင့်ဆိုင် သော အရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌

အသက်ရှင်စေမည် အကြောင်း၊ ငါတို့ အပြစ်များ ကို ကိုယ်တော် တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချက်တော်များ အားဖြင့် သင်တို့သည် အနာပျောက်လျက်

ရှိကြ၏။”  ၁ပေ ၂း၂၂-၂၄၊ cf. ဟေဗြဲ ၅း၈ ၊ ဖိလိပိ ၂း၈)

•            ဘုရား၌အပ်နှံခြင်း၊ နှုတ်ကပတ်တော်ကို ပြည့်စုံစေခြင်း၊ သေသည့်ထိနာခံခြင်း

 

အသွေးတော်ဖြန်းခြင်းကျေးဇူး

၁။ အပြစ်မှလွတ်ခြင်းကျေးဇူး

က) သန့်ရှင်းစင်ကြယ်သူဖြစ်သည် ခ) ဖြောင့်မတ်သူဖြစ်သည် ဂ) ထာဝရအသက်ရှိသူ

၂။ ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်း အပြည့်အ၀                       ၁ပေ ၁း၂

၃။ ဘုရားသခင်၏လူမျိုးတော်ဖြစ်ခြင်းကျေးဇူး

က) အသက်ကျောက်မြတ်ဖြစ်လာ ကြသည်

ခ) အသက်ရှင်သောမျှော်လင့်ခြင်းပိုင်သည်

ဂ) ဘုရားသခင်နှင့် တိုက်ရိုက် ဆက်စပ်နိုင်သည် (ယဇ်ပယောဟစ်မျိုး)

၄။ ခပ်သိမ်းသော ဓမ္မမင်္ဂလာ

“ ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွှေးကောက်တော်မူသည် နှင့် အညီ၊ ကောင်းကင်ဘုံ နှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာ တို့ကို ခရစ်တော်အားဖြင့် ငါတို့အားပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာျရှိတော်မူစေသတည်း။” (ဧဖက် ၁း၄)

 

အသွေးတော်ဖြန်းခြင်းကျေးဇူး ကို တုံ့ပြန်ခြင်း

၁။ ဘုရားသခင်ဆီသို့ပြန်လှည့်ရမည် (Return/Repent)

က) သူ့ကိုစီရင်သော ပိလတ်မင်းကြီးသည် ယေရှုကို အပြစ်မတင်

“ဤသူသည် ဘယ်အပြစ်မျှငါမတွေ့”                                            လုကာ ၂၃း၄

ခ) ခရစ်တော်ကားတိုင်း၌သတ်သူ တတ်မှူးသည် ခရစ်တော် အပြစ်ကင်းသည် ကို သိမှတ်

“စင်စစ် ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟု ဆို၍၊”      လုကာ ၂၃း၄၇

ဂ) ခရစ်တော်အသွေးတော်ဖြန်းခြင်း ကျေးဇူးတရား ယုံကြည်ပြီး တရက်၌ လူပေါင်း

၃၀၀၀/၅၀၀၀ ခရစ်တော်ထံမှပြန်လာ။                                             တမန်တော် ၂း၄၁၊ ၄း၄

ဃ) ရှင်ပေါလု၊  ရှင်ပေတရု၊ ကျွန်တော်တို့ အားလုံး

 

၂။ ဖြူစင်သော် စိတ်နှလုံး ကိုယ်ကာယ ထားရှိရမည်

“ငါတို့သည် သစ္စာနှင့် ပြည့်စုံသောသဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊

စိတ်နှလုံးကို သံဝေဂတရား နှင့် လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သောရေဖြင့်

ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”                             ဟေဗြဲ ၁၀း၂၂

 

၃။ ဘုရားနှစ်သက်သော ဓမ္မအမှုကို အစဉ်အမြဲပြုလုပ်ရန်

“ယေရှုခရစ်အားဖြင့် ဘုရားနှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော

ယဇ်ပရောဟိတ်မျိုးလည်းဖြစ်ကြ၏။”                              ၁ပေ ၂း၅

က) ဘုရားသခင်အားချီးမွမ်းထောမနာ ပြုခြင်း

“ဘုရားသခင်ကိုချီးမွမ်းမည် အကြောင်း”                      ၁ပေ ၂း၁၂

ခ) စိတ်ကြင်နာခြင်းရှိခြင်း

“အချုပ်အခြာစကားမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။

စိတ်ကြင်နာခြင်း၊ ညီအကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။” ၁ပေ ၃း၈

–              မေတ္တာ၊ ကရုဏာ၊ စိတ်ကြင်နာခြင်း ထားဘို့ သူ(တဖက်လူ) သည် လူကောင်းဖြစ်ဖို့ မလိုဘူး၊ လူကောင်းဖြစ်သည် ထိစောင့်ဖို့ လည်းမဟုတ်ဘူး။

ဂ) ဝမ်းမြောင်ခြင်းနှင့် ခရစ်တော်၏ဆင်းရဲခြင်းကို မျှဝေခြင်း

“သင်တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည် ဖြစ်၍၊ ဘုန်းတော် ပေါ်ထွန်းသော အခါ၊

 အလွန်ဝမ်းမြောက် ရွှှင်လန်းမည် အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။”           ၁ပေ ၄း၁၃

  ဃ) နှိမ့်ချစွာအသက်ရှင်ခြင်း

“အချင်းချင်း တယောက်အောက် တယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်စာ ကို စင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသာသူ တို့ကို

ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူ တို့အား ကျေးဇူးပြုတော်မူ၏။”                ၁ပေ ၅း၅

 

နိဂုံး။ ။

၁။ လူသားတို့ သည် အပြစ်သား၊ အကုသိုလ်ပိုများသူ များဖြစ်သည်ကို အမြဲသတိရအောင်။

၂။ ငါတို့၏ အပြစ်များ အတွက် ခရစ်တော်သည် မိမိ၏ အသက်တော် အသွေးတော်

ဖြန်းပေးခြင်းကို အောက်မိသတိရကြပါစို့။

၃။ အသွေးတော်ဖြန်းခြင်း ကျေးဇူးဖြင့် ကျွန်တော်တို့၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊

တယ်တင်ခြင်း၊ ဘုရားသခင်၏ လူမျိုးတော်ဖြစ်ခြင်း၊ ငြိမ်သက် ဝမ်းမြောက်ခြင်း မင်္ဂလာ အဖြာဖြာ ပိုင်ဆိုင် သူများဖြစ်ကြသည် ကိုလည်း အစဉ်အောက်မေ့ရအောင်။

၄။ အသွေးတော်ဖြန်းခြင်း ကျေးဇူးကို တုံ့ပြန်သော သော အားဖြင့် –

–              ဘုရားသခင်ကို ချီးမွမ်းကြပါစို့၊

–              သူတပါးအပေါ်မေတ္တာ၊ ကရုနာ၊ ကြင်နာခြင်းထားရအောင်၊

–              ကောင်းသော အလုပ် (သုစရိုက်) ပြုခြင်း၌ ဆင်းရဲခံခြင်းဖြင့် ခရစ်တော်၏ ဆင်းရဲခြင်း ကိုမျှဝေကြပါစို့။

–              ခရစ်တော်သည် ဘုရားဖြစ်လျှက်၊ နှစ်ချခြင်းတန်စာ စင်ပြီးလူ့ဇာတိခံပြီး အခက်ခဲဆုံးသော နှိမ့်ချခြင်းဖြစ်သည့် ကားတိုက်၌ အသခံခြင်းကို အောက်မေ့သတိရ ပြီး နှိမ့်ချစွာ အသက်ရှင်ကြပါစို့။

 

ဆုတောင်းပေးခြင်း