Bethany Independent Presbyterian Church

Myanmar

မင်္ဂလာရှိသောသူ ဆာလံ ၁

မင်္ဂလာရှိသောသူ ဆာလံ ၁



နိဒါန်း

၁။ နှစ်သစ်အစပြုခြင်း

က။ ဆုတောင်းခြင်းဖြင့်

ခ။ မျှော်လင့်ခြင်းဖြင့်

ဂ။ ယုံကြည်ခြင်းဖြင့်

၂။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ

က။ နှိမ့်ချစွာဆုတောင်းခြင်းဖြင့် ရှာတွေ့နိုင်သည်။

ခ။ ၎င်းတို့သည် စေ့စေ့နားလည်သဘောပေါက်ရန်ဖြစ်သည်။

 

မင်္ဂလာရှိသောသူများအား စူးစမ်းလေ့လာခြင်းများ

၁။ မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်။

၂။ လူဆိုးတို့၏လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏စည်းဝေး၌မထိုင်၊

ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍၊ တရားတော်ကိုနေ့ညဉ့်မပြတ်

ဆင်ခြင်အောင်မေ့သောသူသည် မင်္ဂလာရှိ၏။ ဆာလံ ၁း ၁-၂

၁။ ဆိုးသောအသိုင်းအဝိုင်းကို ငြင်းပယ်ရန် ဆုံးဖြတ်ချက်ချခြင်း

က။ မတရားသောသူနှင့် သူ၏တိုက်တွန်းခြင်း (အကြံအစည်)

ခ။ လူဆိုးနှင့် သူ၏လမ်း

ဂ။ မထီမဲ့မြင်ပြုသောသူနှင့် သူ၏စည်းဝေး (ထိုင်ရာ)

၂။ မင်္ဂလာရှိသောသူ၏ မွေ့လျော်ခြင်း

က။ ထာဝရဘုရား၏တရားတော်၌မွေ့လျော်သည်။

ခ။ တရားတော်ကို ဖတ်ရန်နှင့်ဆင်ခြင်ရန်အချိန် သီးသန့်ဖယ်ထားသည်။

 

မင်္ဂလာရှိသောပုဂ္ဂိုလ်အား ဖော်ပြခြင်း

အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှအသီးကိုသီး၍

အရွက်မညိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်လိမ့်သတည်း။ ဆာလံ ၁း၃

၁။ ကောင်းမွန်စွာစိုက်ပျိုးခံသောသစ်ပင်၏ ပုံရိပ်

က။ မြစ်နားမှာစိုက်ခြင်းခံ၏။

ခ။ ထို့ကြောင့် ကောင်းစွာရေရ၏။

၂။ ကောင်းစွာစိုက်ပျိုးခြင်းခံသောသစ်ပင်၏ အကျိုး

က။ မိမိအချိန်တန်မှ အသီးကိုသီးလိမ့်မည်။

ခ။ အရွက်ညိုးနွမ်းခြင်းမရှိတော့ပေ။

ဂ။ ပြုလေသမျှတို့၌အောင်လိမ့်သတည်း။

 

အရေးကြီး၍ ကိုက်ညီသောကျမ်းချက်

၁။ မင်္ဂလာရှိသောသူအား ဆင်တူဖော်ပြခြင်း

၇။ ထာဝရဘုရားကိုကိုးစားသူ၊ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။

၈။ ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍မြစ်နားမှာအမြစ်ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက်မညိုးနွမ်း၊

မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။ ယေရမိ ၁ရး ၇-၈

၁။ ယုံကြည်သောသူ

က။ ထာဝရဘုရားကိုကိုးစား၏။

ခ။ ထာဝရဘုရားကို မျှော်လင့်၏။

၂။ ဆာလံ ၁ ၌ရေးသောပုံရိပ်နှင့် ဆင်တူ၏။

က။ ကောင်းစွာစိုက်ပျိုးခြင်းခံသော သစ်ပင်

ခ။ မြစ်နားမှာစိုက်ပျိုးခြင်းခံ၏။

ဂ။ အမြစ်သည်လည်း သန်မာ၏။

၃။ မိုးခေါင်သော ကာလ

က။ မိုးခေါင်သောကာလ၌မစိုးရိမ် (မကြောက်)။

ခ။ အရွက်သည် အစဉ်အမြဲ စိမ်းလန်းနေလိမ့်မည်။

ဂ။ အသီးကိုသီးခြင်းလည်း ရပ်တန့်မှာမဟုတ်တော့ပေ။

 

ဆန့်ကျင်ဘက် ပုံရိပ်

၄။ မတရားသောသူတို့မူကား၊ ထို့ဲ့သို့မဟုတ်။ လေတိုက်၍လွင့်သောဖွဲနှင့်တူကြ၏။

၅။ ထိုကြောင့်တရားဆုံးဖြတ်ရာကာလ၌၊ မတရားသောသူတို့သည် မတည်မနေရကြ။

ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည်မဝင်ရကြ။

၆။ အကြောင်းမူကား၊ ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။

မတရားသောသူတို့လမ်းသည် ဆုံးရံှုးခြင်းသို့ ရောက်ရလိမ့်သနည်း။ ဆာလံ ၁း ၄-၆

၁။ ဖွဲ (အဖျင်း) ၏ပုံရိပ်

က။ ၎င်းသည်ဗလာဖြစ်၏။

ခ။ လေတိုက်၍လွင့်သွားတတ်၏။

၂။ ၎င်းသည် မတရားသောသူတို့ကို ရည်ညွှန်းသည်။

က။ တရားဆုံးဖြတ်ရာကာလ၌ မတည်မနေရကြ။

ခ။ ဖြောင့်မတ်သောသူတို့၏အပေါင်းအသင်းထဲသို့ မဝင်ရကြ။

 

တိုက်တွန်းနှိုးဆော်ခြင်း

၁။ ထာဝရဘုရားသည် ခွဲခြားလိမ့်မည်။

က။ ဖြောင့်မတ်သောသူ

ခ။ မတရားသောသူ

၂။ ခွန်းအားပေးတိုက်တွန်းခြင်း

က။ ဖြောင့်မတ်ခြင်းလမ်းစဉ်ကို လိုက်ရန်။

ခ။ မတရားသောသူတို့၏လမ်းစဉ်ကို ငြင်းပယ်ရန်။

၃။ ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

က။ ဖြောင့်မတ်သောသူတို့၌ အပ်ပေးလိမ့်မည်။

ခ။ ဖြောင့်မတ်ခြင်ူအသီးနှင့်အတူ ကောင်းချီးမင်္ဂလာပေးခြင်းခံလိမ့်သတည်း။