Bethany Independent Presbyterian Church

Myanmar

“ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်” ရှင်လုကာ ၁း၅-၁၇

“ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်” ရှင်လုကာ ၁း၅-၁၇



နိဒါန်း

က။ မေရှိအကြောင်း ဖရောဖက်ပြုခြင်းအများရှိသည်

၁) အပျိုကညာအားဖြစ်မွေးခြင်း ဟေရှာ ၁း၂၃

ဤအကြောင်းသည် ပြည့်စုံသည် လုကာ ၁၊ မဿဲ ၁း၂၃

၂) သူ၏မွေးရာနေရာ မိကာ ၅း၂

ဤအကြောင်းသည်ပြည့်စုံသည် လုကာ ၂း၁-၇၊ မဿဲ ၂း၅-၆

ခ။ ရှေးပြေးအကြောင်းဖရောဖက်ပြုချက်

၁) ဤအကြောင်းအရာသည်ပရောဖက်ပြုထားသည် ဟေရှာ ၄၀း၃-၅

၂) အခြားပရောဖက်ပြုခြင်း မလာခိ ၄း၅-၆

၃) ဤအရာလည်း ပြည့်စုံပြီ လုကာ ၁း၁၅-၁၇

 

အထူးအမှုတော်အတွက်အထူးသူငယ်တော်

က။ဇါခရိနှင့်ဧလိရှဗက်

၁) သူတို့သည်ကလေးမရှိပါ

၂) နှစ်ဦးသည် အသက်ကြီးသည် လုကာ ၁း၁၈

ခ။ ဇါခရိအား ကောင်းကင်တမန် ဂါဗြေလ ကြေညာခြင်း

၁) ဧလိရှဗက်သည် သားမွေးမည် လုကာ ၁း၁၃-က

၂) သူသည် “ယောဟန်” ဟုခေါ်မည် (ယောဟနန်) လုကာ ၁း၁၃-ခ

က) အဓိက။ ။ ဘုရားသခင်၏ကျေးဇူးေတော်

ခ) သူငယ်သည် “ဘုရားသခင်ကျေးဇူးပြုခြင်းခံသူ” ဖြစ်လာခဲ့သည်

၃) သူတို့၏ မြုံနေခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်

ကိုထင်ရှားစေသည်

၄) ဇါခရိသည် ဤစကားယုံကြည်ဖို့ရုံးကန်သည် လုကာ ၁း၁၈

 

ယောဟန်၏အသက်တာ၌ ဘုရားသခင်ဝိညာဉ်တော်၏အထူးအလုပ်

က။သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်မည် လုကာ ၁း၁၅-က

ခ။ အမိဝမ်းထဲကပင် လုကာ ၁း၁၅-ခ

၁) ကာကွယ်ခြင်း

၂) တန်ခိုးတော်

 

ယောဟန်၏အမှုတော်

က။ သူသည် ယေရှု ရှေ့တော်၌သွားမည် လုကာ ၁း၁၇-က

ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့်

ခ။ ဤသည် မလာခိအနာဂတ္တိကျမ်းပြည့်စုံခြင်းဖြစ်သည်

“4 ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ဟော ရပ်အရပ်၌ ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏

တရား တည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ ကြလော့။

5 ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။

6 ငါသည် လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊

အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။”

၁) ပရောဖက် ဧလိယ ၃ဓမ္မ ၁၇ – ၄ဓမ္မ

၂) ကြီးမားသော ဧလိယ၏အမှုတော်

ဂ။ ယောဟန်၏ အမှုတော်ဖော်ပြသည်

၁) စတ်ဝိညာဉ်နှင့်တန်ခိုး လုကာ ၁း၁၇-က

သူ၏တန်ခိုးသည် ဧလိယ၏တန်ခိုးကဲ့သို့ဖြစ်သည်

၂) အမှုတော်၏ထိရောက်မှု

က) သားတို့နှင့် အဘတို့ကို၎င်း၊

အဘတို့နှင့်သားတို့ကို၎င်းအသင့်အတင့်ဖြစ်စေမည် လုကာ ၁း၁၇-ခ

ခ) ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏

သတိပညာလမ်းသို့ပြောင်းလဲစေခြင်း လုကာ ၁း၁၇-

ဂ) ဘုရားသခင်အဖို့ လူတို့အားအသင့်ဖြစ်စေရန် လုကာ ၁း၁၇-ဃ

ဇါခရိ မယုံကြည်ခြင်းနှင့် ရင်ဆိုင်သည် လုကာ ၁း၂၀

 

အဆုံး၌ ဇါခရိယုံကြည်ခြင်း၌ အသစ်ပြုပြင်ခြင်းရှိသောအခါ

က။သူသည် ယောဟန်၏ အနာဂတ်အမှုတော်မြတ်အကြောင်းကို ပရာဖက်ပြုသည်

ခ။ ကြံအင်လက္ခဏာများ၊-

၁) သူသည် “အမြင့်ဆုံးသောဘုရား၏ ပရောဖက်”ဟု ခေါ်ဝေါ်မည် လုကာ ၁း၇၈-က

၂) သူသည် ထာဝရဘုရားသခင်၏ ခရီးတော်ကို ပြင်ဆင်မည် လုကာ ၁း၇၇

၃) အပြစ်ဖြေ၍ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်းကိုဖော်ပြမည် လုကာ ၁း၇၇

၄) ဘုရာသခင်၏သနားတော်မူခြင်း ကျေးဇူးတော်ကို ပြောကြားမည် လုကာ ၁း၇၇

 

ဗတ္တိဇံဆရာယောဟန် ၏အမှုတော်မှန်

က။ ယေရှာယ ပရောဖက်ပြုခြင်းကို ပြည့်စုံစေသည်

သူသည် တောထဲက အသံတော်ဖြစ်သည် လုကာ ၃း၄၊ ယေရှာ ၄၀း၃-၅

ခ။ ယောဟန်၏ အမှုတော်ထိရောက်မှုရှိခြင်း

၁) လူအပါင်းတို့သည် သူ၏ဗတ္တိဇံခံပေးခြင်းခံကြသည် လုကာ ၃း၇-က

၂) သူသည် တန်ခိုးရှိရှိ နှင့် အကြောက်တရားကင်းရှင်းစွာတရားဟောသည် လုကာ ၃း၇-၁၈

 

ယောဟန်၏ သက်သေ

က။ ယောဟန်သည်သခင်ယေရှုခရစ်၏ သက်သေကဲ့သို့ ယော ၅း၃၃

သူသည် တန်ခိုးရှိသော သက်သေတည်သည်

ခ။ သူသည် သခင်ယေရှုအကြောင်းကို ဟောပြောသည် လုကာ ၃း၁၆-၁၇

၁) သူသည် သာ၍တတ်စွမ်းသည် လုကာ ၃း၁၆-က

၂) သူသည် ယောဟန်ထက်ကြီးမြတ်သည် လုကာ ၃း၁၆-ခ

၃) သူသည် ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါမထိုက် လုကာ ၃း၁၆-ဂ

၄) သူသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဗတ္တိဇံပေးမည် လုကာ ၃း၁၆-ဃ

၅) သူသည် ဂျုံစပါးကို ကျီ၌စုသိမ်းသွင်းမည် လုကာ ၃း၁၇-က

၆) သူသည် အဖျင်းကို မငြိမ်းနိုင်သောမီးနှင့်ရှို့မည် လုကာ ၃း၁၇-ခ

 

နိဂုံး

က။ ယောဟန်၏ သက်သေအားဖြင့် ယုံကြည်ခြင်း၌ သေခြာခြင်း၊

ခ။ ကျွန်တော်တို့ နှလုံးသားထဲ၌ ဘုရားသခင်၏ ဝိညာဉ်တော်

အလုပ်လုပ်ခြင်း အားဖြင့် သေခြာခြင်း၊

ဂ။ သခင်ယေရှုခရစ်၌ ယုံကြည်ခြင်း ရှာတွေ့ခြင်း၊

၁) အသစ်သောယုံကြည်ခြင်း၊

၂) သစ်လွန်စေသည့်ယုံကြည်ခြင်း။